Header Ads

👧 မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ အတည်ပေါက်စကားလေးတွေ


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
💃လာမခေါ်နဲ့ !

အဲတာ ခေါ်ခိုင်းတာ… မခေါ်ပဲနေကြည့် သေအောင် စိတ်ဆိုးတယ်😐

💃အေးးး ရတယ်လေ!

အဲတာ မရဘူးးး ကြည့်နေ ငါပြသနာ ရှာပြမယ် အဲ့လို 😐

💃ပြီးတာပဲ!

အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ… ခဏနေ သူပြန်ရွဲ့ တော့မှာ 😐

💃ဘာတစ်ခွန်းမှ လာမပြောနဲ့ !

အဲ့တာ ကောက်သွားတာ… အမြှုပ်ထွက်အောင် သွားရှင်းပြ ပြောနိုင်မှ တော်ကာကျမှာ 😐

💃ကြိုက်တာသာလုပ်!

ဘာမှ သွားမလုပ်နဲ့  အဲ့တာသူ ပြဿနာရှာဖို့ အဆင်သင့်ပဲ ဆိုတဲ့သဘော😐

💃ငါ့ကို အဖက်လာမလုပ်နဲ့ !

ပစ်ထားတာ များသွားပီ သေချာပြန် ဂရုစိုက်ပေး ဆိုတဲ့ သဘော အနီရောင်အဆင့် ရှော့ရှိတယ်😐

💃နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး!

အဲ့တာ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာ.. တစ်ချက်မမှားနဲ့ ရစ်ပလိုက်လို့နားကားသွားမယ်

💃နင့် သဘောနဲ့နင် !

အဲ့တာ သူ့ဆီ အရင် ခွင့်တောင်းခိုင်းတာ.. ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?@? အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေး လာခံခိုင်းတာ😐

💃ကောင်းပီလေ!

မကောင်းဘူး တော်တော် မကောင်းတာ ပြဿနာ စဖို့ အစပျိုးတာ😐

💃အော်.... အဲ့လိုလားးး!

သွားပီ အဲ့တာ ရွဲ့ ပီ စောင်းပီ.. ဘုဂလန့် လုပ်ပီ စိတ်ဒုက္ခပေးပီ😐

💃ကြည့်မရဘူး!

အမှန်က ကြည့်မဝတာ😐

💃နင့်ရုပ်လဲ မမြင်ချင်ဘူး!

အဲ့လိုပြောရင် သွားတွေ့ လိုက်😐

💃နင့်အသံလဲ မကြားချင်ဘူး!

ဖုန်းလေးတော့ ဆက်လိုက် သူချည်း ဒိုင်ခံပြောလိမ့်မယ်😐

💃မုန်းတယ် သလား!

ချစ်လို့ပြောတာ 😐

အဲ့တာတွေက ရွဲ့တာမဟုတ်ဘူး မှတ်ထား...!! အရမ်းချစ်လို့ <3

@Loveshortnotes

No comments

Powered by Blogger.