Header Ads

💖 မင်းကို သ၀န်တိုနေတဲ့ ကောင်လေးမျိုး ဘေးမှာရှိရင် ဂုဏ်ယူလိုက်ပါ 💖


💓💓💓💓💓💓💓💓
ဟိုတစ်လောက ရဲရင့်အောင်ကြီး သူ့ကောင်မလေး ကို sms ပို့ထားတဲ့ screenshot လေး တစ်ခုတွေ့ရတယ်... သူဘာလုပ်လုပ် ကောင်မလေး ကို အသိပေးထားတာလေ။ လေဆိပ်ကနေဆင်း လာတာကအစ ကားစောင့်နေပီ ဘယ်သွားနေပီ ဘာလုပ်နေပီ အဆုံး 😂 သူများတွေတော့ share ပီး ၀ိုင်းရီကျတယ်.. ကိုယ်ကတော့ ပြုံးရုံလေး ပြုံးမိတယ် ဒီဘဲကြီး ချစ်တတ်လိုက်တာ ဆိုပီး 😃 (ကိုယ့်ကိုကိုယ်လည်း တစ်ချက်ပြေးမြင်တယ်.. ကိုယ်လည်း ချစ်ဖူးတယ်လေ 😃)

ကိုယ်တို့ ယောက်ျားတွေ ချစ်တတ်ပီဆို အဲ့လိုပါ ဆို... အသေးအဖွဲလေးကအစ ချစ်သူကို အသိပေးချင် တယ်.. "ထမင်းစားနေပီ ချစ်ရေ ကြက်ဥကြော်နဲ့ စားတယ်" "ရေချိုးလိုက်ဦးမယ် သဲရေ" "ဆံပင် သွားညှပ်မလို့ bae ရေ" ဒါမျိုး ! မင်းတို့ဘက်က မမေးတောင် ကိုယ့်အလိုလို ပြောချင်နေတာ..

ကိုယ်တို့ ယောက်ျားတွေက ချစ်တတ်လာပီဆို သ၀န်တိုလာရော... မင်းဘာလုပ်လုပ် ဘယ်သွားသွား ဘယ်သူနဲ့ကြူကြူ မင်းဘဲ က သောက်ဂရု မစိုက်ဘူးဆိုရင် မင်းကို မချစ်သေးတာ ယုံလိုက်.. ယောက်ျားတွေ တိုပီဟေ့ဆို မိန်းမတွေထက်တောင် ဆိုးသေး.. 😂 မိန်းမတွေ သ၀န်တိုတယ် ရစ်တယ်ဆိုတာ တကယ်ချစ်တတ်လာတဲ့ ယောက်ျားတွေက သနားတယ်...😂 မင်းကို ချစ်လွန်းလို့ ပြသနာ မရှာပဲ လွှတ်ထားရင် ထားမယ်... ရင်ထဲမှာတော့ ကြိတ်ပီးခံစားနေရတာ သိစေချင်တယ်..


ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆို စိတ်ပူတတ်တယ်.. တချို့ မိန်းကလေးတွေ ပြောကြတယ် "ငါ့ဘဲက သိပ်ရစ်တာပဲ " "ကွီးက ငါ့ဆို အရမ်း သ၀န်တိုတာ ငါဘယ်ရောက်ရောက် သူ့ကို ဖုန်းဆက်ပီးပြောနေရတယ် မလွတ်လပ်ဘူး သိပ်စိတ်ညစ်တာပဲ" ဒါမျိုးတွေ.. မင်းဘယ်ရောက်ရောက် ဖုန်းဆက်ခိုင်းတယ် ဆိုတာ မင်းကိုသူ စိတ်ပူလို့ပါ 💙 သူမလိုက်နိုင်ပဲ မင်းဘာသာ အပြင်သွားရတဲ့ ကိစ္စမျိုးဆို မင်းဘယ်နေရာ ရောက်နေလဲ သူသိတော့ မင်း တစ်ခုခုဖြစ်ရင် သူချက်ချင်း လိုက်လာနိုင်တယ်လေ... သူ့စေတနာကို မင်းအထင်မလွဲမိစေနဲ့ 😔


ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆို အရမ်း စကားများလာလိမ့်မယ်... ကလေးကအစ ခွေးအကြောင်းတွေလဲ ပြောချင်လာလိမ့်မယ်.. ကြားဖူးနားဝ ဟာသတွေလည်း မင်းပျော်ရအောင် ပြောမယ်.. သူ့အိမ်အကြောင်းတွေ ပြောချင်ပြောမယ် သူ့သူငယ်ချင်း အကြောင်းတွေ ပြောချင်ပြောမယ်.. နားညီးလိုက်တာ ဆိုပီး စိတ်မပျက်လိုက်ပါနဲ့ သူနဲ့တွေ့တဲ့အခါ မင်းမပျင်းရအောင် သူပြောနေတာတွေပါ ..


ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆို ပြောင်းလဲလာတတ်တယ်.. အရင်တုန်းက ရုပ်တည်တည်နဲ့ မှုန်ကုပ်ကုပ်ကောင်ကြီးက မင်းနဲ့တွေ့တဲ့အခါ ငပေါကြီးလို ဖြစ်နေတတ်တာမျိုး.. အရင်တုန်းက ရှက်တတ်တဲ့ကောင်ကြီး က မင်း ကြိုက်တယ်ဆိုတဲ့ တုတ်ထိုးတွေ အသုပ်တွေ မုန့်တီတွေကို လမ်းဘေးဆိုင်မှာ ထိုင်စားပေးတာမျိုး... ဘ၀မှာ ပေတေနေတဲ့ ကောင်ကြီးက မင်းမိဘ သဘောကျအောင် ကြိုးစားလာတာမျိုး... အရက်သမားကြီးက အရက်ပြတ်သွားတာမျိုး... ဆေးလိပ်ဂျိုးကြီးက မင်းအနံ့မခံနိုင်လို့ ဆေးလိပ် မသောက်တော့တာမျိုး ဒါမျိုးတွေ မင်းကြုံရမှာ !



ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆို အသဲနုလာတတ်တယ်... အရင်က အလွမ်းတွေ အဆွေးတွေ ရုပ်ရှင်ထဲ ပါလာရင် အော်ရီနေတတ်တဲ့ ကောင်ကြီးက မင်းကို ထိုင်လွမ်းနေတတ်တာမျိုး... ဘယ်လောက်ကြမ်းတမ်းတဲ့ ယောက်ျားကြီး ဖြစ်နေပါစေ မင်းနဲ့ဝေးရတော့မယ် ဆိုရင် မျက်ရည် တစ်ပေါက်တော့ အနည်းဆုံးကျတယ်..


ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆို သောက်ပိုတွေလို့ ပြောခံရတဲ့အထိ ဂရုစိုက်တတ်တယ်.. မင်းရိုးရိုး နှာစေးချောင်းဆိုးတာတောင် ဆေးခန်း ချက်ချင်း သွားပြခိုင်းတာမျိုး မင်းဘာစားချင်လည်း အိမ်ထိလာပို့ပေးမယ် ဆိုတာမျိုး... မင်းမကြိုက်တဲ့ အစားအသောက်ကို မင်းကျန်းမာရေးနဲ့ တည့်တယ်ဆိုပီး အတင်းစားခိုင်းတာမျိုး... ညနက်တဲ့ထိ သူနဲ့ စကားတွေ မပြောစေချင်ပဲ မင်းအိပ်ရေးဝအောင် စောစောအိပ်ခိုင်းတာမျိုး...

တစ်ဖက်က ဂရုအရမ်း စိုက်လွန်းတော့ မင်းဘက်က အနေကြပ်တာမျိုး ရှိရင် ရှိလာမယ်.. တစ်ခါတစ်လေ သူ့ဂရုစိုက်ပုံတွေက အပြောမတတ်တော့ အမိန့်ပေးသလို ဖြစ်ချင်ဖြစ်လာမယ်.. မင်းချစ်သူ မင်းကို ရစ်လို့ သ၀န်တိုလို့ ချုပ်ချယ်မိလိုက်လို့ မင်းစိတ်ညစ်ပီး သူ့ကို ထားသွားမယ်ဆိုရင် မင်းအရမ်း မှားသွားမယ်မိန်းကလေး...


ယောက်ျားဆိုတဲ့ အမျိုးက သူတို့စိတ်ထဲ မပါရင် မင်းကို သောက်ဖက်တောင်လုပ်မှာ မဟုတ်တဲ့ အမျိုးတွေပဲ... မင်းကို ရစ်နေသရွေ့ သ၀န်တိုနေသရွေ့ ဘယ်သွားသွား စိတ်မချ ဖြစ်နေသရွေ့ မင်းကို ချစ်နေတုန်းမို့ပါ ...!


မင်းကို ဂရုစိုက်နေတဲ့ ရစ်နေတဲ့ သ၀န်တိုနေတဲ့ ကောင်လေးမျိုး ဘေးမှာ ရှိရင် မင်း ဂုဏ်ယူနေလိုက်ပါ... မင်းပျော်နေလိုက်ပါ.. မင်းကံကောင်းတယ် မိန်းကလေး 😃 မရှိသေးလည်း မင်းကို အဲ့လို ချစ်မယ့် ယောက်ျားမျိုး တစ်နေ့တွေ့ပါလိမ့်မယ်.. ယောက်ျားတိုင်းက ချစ်တတ်တယ်.. ဒါပေမယ့် တစ်သက်မှာ တစ်ခါပဲ ချစ်တတ်တာ ..!

နောက်ဆုံး ကိုယ်တို့ယောက်ျားတွေ ချစ်တတ်လာပီဆိုရင်... မင်းတို့ မိန်းမတွေ မမှီပါဘူးကွာ 😃

credit kira ye

No comments

Powered by Blogger.