Header Ads

💔 ထွက်​သွားလိုက်​ပါ မောင် 💔


💔💔💔💔💔
KTV က ကောင်မလေးတွေ သီချင်း ဆိုသံက ကျွန်မ မောင့် ရင်သွေးလေးကို ချော့သိပ်တဲ့ သားချော့တေး အသံထက် နားထောင်လို့ ကောင်းနေပြီ ဆိုရင်

ရုံးက အတွင်းရေးမှူး မလေး ဖျော်တိုက်တဲ့ ကော်ဖီ တစ်ခွက်က ကျွန်မ နေ့စဉ် ပြင်ပေးတဲ့ ထမင်းဝိုင်း ထက် ပိုပြီး စားကောင်း သောက်ကောင်းမယ် ထင်ရင်

အိမ်ထောင်ရဲ့ အိမ်တွင်းရေး တာဝန်ကို အချိန်ပြည့် ယူနေရတဲ့ ကျွန်မရဲ့ ပါးက သနပ်ခါး က ကျော့ကျော့လေး နေရတဲ့ စားသောက်ဆိုင်က မိန်းမ တွေရဲ့ မိတ်ကပ်နံ့ လောက် မမွှေးတော့ဖူး ထင်ရင်

ရင်သွေးလေးတွေ နဲ့ သံယောဇဉ်ကြိုးတွေ ရစ်ပတ် ချည်နှောင် ထားတဲ့ မိသားစု သံယောဇဉ်ကြိုး လေးက​ မောင့်​ကို ဖက်​ထားတဲ့ ​မောင့်​ ​ဘေးနားက ​ကောင်​မ​လေးရဲ့ လက်​တစုံ​လောက်​ မမြဲ​ဘူးလို့ ထင်​ရင်

ကျွန်မရဲ့ 'မောင်' လို့ ခေါ်သံ

သားသား မီးမီးတို့ရဲ့ 'ဖေဖေ' ခေါ်သံက

မောင့် ကောင်မလေး ရဲ့ ဦးလို့ ခေါ်သံ လောက်မှ မဆွဲဆောင်နိုင် တော့ဖူး ထင်ရင်

ထားခဲ့ပါ မောင်

ပျော်သလို ထွက်သွား လိုက်ပါ

ဒါပေမယ့်

မောင်ပြန်လာတဲ့ တနေ့ကျ ရင်တော့ မိသားစုက အရင်လို ပြန်မဖြစ်နိုင် တော့ဖူး ၁၀ နှစ် ၁၀ မိုး တည်ထောင်ခဲ့တဲ့ အေးတူ ပူမျှ ဖြတ်သန်း ခဲ့တဲ့ ကျွန်မတို့ရဲ့ မိသားစုလေး မောင့်ရဲ့ တစ်ခဏ ပျော်ရွှင်မှု ကြောင့် မပျက်စီး ပါစေနဲ့ ...

💚💚💚
credit _ Original writer

No comments

Powered by Blogger.