Header Ads

အရွယ်နဲ့မလိုက်အောင် နုပျိုနေလို့ နာမည်ကြီးနေတဲ့ ၄၆ နှစ်အရွယ် မော်ဒယ်


ဂျပန်နိုင်ငံမှ Risa Hirako ဆိုတဲ့ မော်ဒယ် အမျိုးသမီးဟာ ၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ယခုဆိုရင် အသက် ၄၆ နှစ်ရှိပြီဖြစ်ကာ မြင်ရသူတိုင်းကို လည်ပြန် ငေးမောချင်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ လှပသူလေး တစ်ယောက်ပါ။



သူမဟာ ဂျပန်နိုင်ငံရဲ့ သက်ရှိ ဘာဘီ အရုပ်ကလေးလို့ တင်စားခံရသူ ဖြစ်ပါတယ်၊ သူမရဲ့ လျို့ဝှက်ချက် ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ဖြစ်နိုင်သလို မိတ်ကပ် ကောင်းလို့လဲ ဖြစ်နိုင်ပါတယ်။



ဘယ်လိုပဲပြောပြော သူမပုံစံက ၄၆ နှစ် အရွယ်နဲ့ မတူပဲ အသက် ၂၀ ကျော် အပျိုစင်လေး တစ်ယောက်လို အရမ်းကို နုပျိုလို့ နေပါတယ်။



သူမဟာ မော်ဒယ် တစ်ယောက် ဖြစ်ကာ Instagram မှာ ပရိသတ် ၂၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။




No comments

Powered by Blogger.