Header Ads

မိန်းမတစ်ယောက်က ယောကျာင်္း တစ်ယောက်ကို တကယ်ချစ်တယ် ဆိုရင်...


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မိန်းမ တစ်ယောက်က ယောင်္ကျား တစ်ယောက်ကို တကယ် ချစ်ပီ ဆိုရင် သေလောက်အောင် ဆိုးလဲ သည်းခံတယ်။ အပြစ်တွေ လုပ်လည်း ခွင့်လွှတ်တယ်။ အချိုးမပြေလည်း ပြုပြင် ယူတယ်။ အားနည်းချက် ရှိလည်း နားလည် ပေးတယ်။

ကိုယ့်ကို ဂရုမစိုက်တောင် အလုပ်ရှုပ် လို့နေမှာ ဆိုပီး ဖြည့်တွေးတယ်။ သူ့ကြောင့် ကိုယ် တစ်နေ့လုံး ငိုရတောင် သူ့ကြောင့် တစ်နာရီလောက် ရီမော ခဲ့ရတာကို ပြန်တွေးပြီး ပိုချစ်တတ် ကြတယ်။

အများစုက ပြောကြတယ်။ မိန်းမ ဆိုတာ ကိုယ့်ကို မျက်ရည်ကျအောင် ငိုစေအောင် လုပ်တဲ့ သူကို ပို ချစ် ကြ တယ် တဲ့။

မှားတယ်...
မျက်ရည် ကျအောင် လုပ်တဲ့သူမို့ ချစ်တာ မဟုတ်ဘူး။ မိန်းမဆိုတာ သူတကယ် ချစ်မှသာ ယောကျာ်းတစ်ယောက် အတွက် မျက်ရည် အကျခံတာပါ...


မချစ်များ မချစ်လို့ကတော့ တစ်ဖက်က ယောကျာ်း ကိုယ့်ကို သေအောင် လာချစ်ပြလဲ ရင်မခုန်ဘူး။ သဲသဲလှုပ်အောင် ချစ်ပြလေ အမြင်ကပ်လေ။ အနားက မခွာလေ ကြည့်မရလေ။ ကိုယ့်အပေါ် ဂရုစိုက်လေ ချေချင်လေ။ ကိုယ့်ကြောင့် ယောကျာ်းကြီးတန်မဲ့ ငိုရင်တောင်
"ဘာလားဟ ရူးကြောင်ကြောင်နဲ့ ယောက်ျားဖြစ်ပြီး မျက်ရည် လွယ်လိုက်တာ" ဆိုပြီး ဆမြင်ကပ် ပုဒ်မပါ တိုးသွားပါသေးတယ်။

ကိုယ့်မှမရလို့ သေပါမယ် ပြောတောင် သေလေ ဆိုပီး ငုတ်တုတ် ထိုင်ကြည့်မယ့် သူမျိုးတွေ။ အနုဆုံး နှလုံးသားနဲ့ အမာဆုံး စိတ်ဓာတ်ကို ပိုင်တာ မိန်းမတွေပါ... တစ်ခါတစ်ခါ မိန်းမတွေရဲ့စိတ်က သိပ်ဆန်းကြယ်တယ်...

အဲသလို သိပ်ချစ်တတ်တဲ့ မိန်းမ စိတ်ကုန် စိတ်ပျက်သွားတဲ့အခါ… ဥပေက္ခာ ပြုလိုက်ပြီ ဆိုလဲ သိပ်ကြောက်ဖို့ ကောင်းတယ် ...

Crd #someonefeeling

No comments

Powered by Blogger.