Header Ads

💥 လေးနက်လွန်းပြန်ရင်လည်း မျက်ရည်ကျတတ်တယ် 💥


📖📕 ဖူးစာဆိုတာ စာအုပ်ဖတ်တာနဲ့ တူတယ်။ ပေါ့ဆလွန်းရင် လွဲသွားတတ်တယ်။

📖 လေးနက်လွန်းပြန်ရင်လည်း မျက်ရည်ကျတတ်တယ်။

📖 အတဲ့လူနဲ့ ဘယ်တော့မှ မငြင်းခုန်သင့်ဘူး။ ငြင်းခုန်လိုက်ရင် ဘယ်သူ "အ" မှန်း​​မသိ ဖြစ်သွားလို့ပါ။

📖 ခန့်ချောတယ်။ လှပတယ်။ ကိုယ့်ကိုယ်ကို မသိဘူး။ ဒါ… ကျက်သရေ တစ်မျိုးပါ။

📖 ပိုက်ဆံချမ်းသာတယ်။ အရည်အချင်းရှိတယ်။ သူများမသိဘူး။ ဒါကို… ပြည့်ဝတယ်လို့ ခေါ်ပါတယ်။

📖 ဒေါသထွက်သင့်လို့ ဒေါသထွက်လိုက်တယ်။ ဒါ လူ့သဘာဝ။

📖 ဒေါသထွက်သင့်ပေမဲ့ မျိုချလိုက်တယ်။ ဒါ အရည်အချင်းဖြစ်တယ်။

📖 ရိုးရှင်းတဲ့အလုပ်ကို ထပ်ခါထပ်ခါလုပ်ရင် သင်ဟာ ပါရဂူ။

📖 ထပ်ခါထပ်ခါ အလုပ်ကို စိတ်ပါအောင် လုပ်နိုင်ရင် သင်ဟာ အောင်နိုင်သူ။

📖 ရောင့်ရဲတတ်ပါစေ။ စိတ်ဒုက္ခအများစုဟာ အကျိုးမရှိတဲ့ ယှဉ်ပြိုင်ခြင်းကနေ စတတ်ပါတယ်။

📖 လောကကြီးမှာ သင့်ထက် အားနည်းတဲ့သူ များစွာရှိနိုင်သလို သင့်ထက် အားသာတဲ့လူ တွေလည်း များစွာရှိနိုင်ပါတယ်။

📖 ဖိနပ်မရှိလို့ ငိုယိုနေတဲ့ အချိန်မှာ ခြေထောက်မရှိတဲ့ လူနဲ့တိုးမှ အငိုရပ်သွားတယ်။

📖 တစ်ရက် အသက်ရှင်နေရင် တစ်ရက် ကုသိုလ်ထူးတာပါ။ တန်ဖိုးထားရမှာ ဖြစ်တယ်။

📖 ဘဝ သက်တမ်းတိုတိုအတွင်းမှာ ကိုယ့်ကိုယ်ကို နောင်တများများ မချန်ခဲ့ဖို့ လိုပါတယ်။

📖 နေထွက်တယ်။ နေဝင်တယ်။ စိတ်ညစ်လည်း တစ်ရက်ပဲ။ ပျော်ရွှင်လည်း တစ်ရက်ပဲ။ သင်ဘာကို ရွေးချယ်မှာလဲ။

credit Sein Minn Tha Mee

No comments

Powered by Blogger.