ဂျပန်ကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ "အပျိုစင်သတ်" ဆွယ်တာ
သင် ဒီလို ဝတ်စုံမျိုးတွေကို လူကြားထဲမှာ ဝတ်ရဲကြလား။ ဂျပန်နိုင်ငံရဲ့ ဖက်ရှင်တွေဟာ တစ်နည်းမဟုတ် တစ်နည်း ထူးခြားချက်လေးတွေတော့ ရှိကြပါတယ်။
ဥပမာ ဂျပန် ကီမိုနိုတွေ၊ ကီမိုနို အပေါ့ စားလေးတွေ၊ ဂျပန် ကျောင်းသူလေးတွေ ဝတ်တဲ့ သဘောင်္သားကလေး ကျောင်းဝတ်စုံလေးတွေဟာ တစ်ခုမဟုတ် တစ်ခု ထူးခြား နေကြပါတယ်။
ဒါ့ကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းက ဖက်ရှင် စိတ်ဝင်စားသူတွေက ဂျပန်နိုင်ငံရဲ့ ဝတ်စုံတွေကို ကောင်းကောင်း အသိအမှတ်ပြုလေ့ ရှိပါတယ်။
ဂျပန်နိုင်ငံဟာ ဖက်ရှင် အမြင်မှာလည်း ဆန်းသစ် တီထွင်မှု ရှိပြီး သူတို့က ထုတ်လိုက်တဲ့ ဖက်ရှင် ပစ္စည်းတွေဟာ ဆိုရင်လည်း လူအများကို အံ့ဩသွား စေနိုင်တဲ့အထိ ဖန်တီးနိုင်ကြပါတယ်။
ဒီလို ထူးထူးဆန်းဆန်း ဖက်ရှင် ပစ္စည်းတွေ ကြားထဲမှာမှ တစ်ချို့ဖက်ရှင် ပစ္စည်းတွေကတော့ အရမ်းကို လှပစွာ ထူးခြားနေတတ်ပါတယ်။
ဒီလို ပစ္စည်းတွေထဲက တစ်ခုကတော့ အောက်မှာ ဖော်ပြထားတဲ့ အပျိုစင်သတ် ဆွယ်တာ “Virgin-Killing Sweater” လို့ နာမည် ပေးထားတဲ့ ဆွယ်တာကတော့ ရင်ဘတ်ပိုင်းကို အတော်လေး ဟိုက်ထားပြီး ရင်သားဘေး နှစ်ဖက်ကိုလည်း ဗလာ ထားထားပါသေးတယ်။
Rocket News 24 သတင်းစာအရ ” ရှေ့ဘက်နဲ့ ကော်လာ အမြင့်ကြီးတွေကြောင့် ဒီဆွယ်တာ ဝတ်မယ်ဆိုရင် ရှေ့ဘက်ခြမ်းကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘေးဘက်နဲ့ နောက်ဘက်မှာ ဟိုက်ထားတာကြောင့် ဘေးဘက်က ရင်သားတွေနဲ့ တင်ပါး အထက်ပိုင်းကို မြင်တွေရမှာ ဖြစ်ပါတယ်။
ဒီဝတ်စုံ ဒီဇိုင်းက အရမ်း မျက်စိရှက်စရာ ဖြစ်နေပေမဲ့ ယောက်ျားလေး တွေကိုတော့ ထိရောက်စွာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ် ” လို့ ရေးသားခဲ့ပါတယ်။
ဒီဝတ်စုံကို ဂျပန်မော်ဒယ် တစ်ယောက်ဖြစ်တဲ့ ဂျန် အာမကီ (Jun Amaki) ဆိုသူက ဝတ်ဆင်ခဲ့ပြီး ဓာတ်ပုံများကို Instagram မှာ တင်ခဲ့တဲ့အခါ အင်တာနက် အသုံးပြုသူများကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။
ဒီဝတ်စုံဟာ မျက်စိ ရှက်စရာ ဝတ်စုံဆိုပေမဲ့ လက်တွေ့မှာ အမျိုးသမီး တော်တော်များများကလည်း ရင်သား ဖော်ပြတဲ့ ဝတ်စုံတွေ ဝတ်ဆင် နေကြတာကြောင့် ဒီဆွယ်တာဟာ ဖက်ရှင်လောကရဲ့ စိတ်ဝင်စားရာ ဝတ်စုံတစ်ခု ဖြစ်လာလိမ့်မယ် လို့တော့ ဆွယ်တာ ထုတ်လုပ်တဲ့ ကုမ္ပဏီက မျှော်လင့်နေပါတယ်။
Source -Slash (Pyit Tine Htaung)










Post a Comment