🌼 သင့်ရဲ့နှာခေါင်းပုံစံကနေ သိရှိနိုင်တဲ့ သင့်အကြောင်း 🌼
★ ★ ★ ★ ★ ★ ★ ★ ★
လူတစ်ယောက်နဲ့ တစ်ယောက် နှာခေါင်းပုံစံချင်း မတူညီပဲ အမျိုးမျိုး ရှိကြပါတယ်နော်။ စာဖတ်သူတွေနဲ့ အနီးစပ်ဆုံး တူနိုင်မယ့် နှာခေါင်း ပုံစံလေးတွေနဲ့ သူတို့ရဲ့ အကြောင်းကို မျှဝေပေးပါမယ်။
1) နှာခေါင်း သေးသေး
နှာတံသေးတဲ့ သူတွေဟာ စိတ်ကူးတီထွင်ဥာဏ် ကောင်းပြီး အုပ်စုလိုက် အလုပ်လုပ်တဲ့ နေရာမှာ ထူးချွန်တဲ့သူတွေပါ။ တခါတလေ မှာတော့ စိတ်မရှည် တတ်ကြဘူး။ စိတ်ပျက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အခုလို နှာခေါင်းသေးတဲ့ သူတွေဟာ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ချင်စိတ်ရှိကြတယ်။ သူတို့အပေါ် ခက်ခက်ခဲခဲ အလုပ်လုပ် ခိုင်းတာကို ကြိုက်နှစ်သက်ကြတဲ့ သူတွေဖြစ်ပါတယ်။
2) နှာခေါင်း ကြီးကြီး
နှာခေါင်း အတိုပဲဖြစ်ဖြစ် ရှည်တာပဲဖြစ်ဖြစ် နှာခေါင်းကြီးတာမျိုး ရှိပါတယ်။ နှာခေါင်း ထိပ်နားမှာ ကျယ်ပြီး နှာပေါက်လည်း နည်းနည်း ကြီးပါတယ်။ နှာခေါင်းကြီးတဲ့ သူတွေဟာ အာဏာရှိတဲ့ သူတွေဖြစ်တယ်။ ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အတ္တကြီးပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ် ရှိကြပါတယ်။ နှာခေါင်းကြီးတဲ့ သူတွေဟာ သူတို့ရဲ့ သူဌေးက ပေးတဲ့ အမိန့်ကို မနာခံချင်ကြပါဘူး။
3) နှာခေါင်း တိုတို
သင်ဟာ သစ္စာရှိတဲ့သူ ဖြစ်တယ်။ ယှဉ်ပြိုင်ရမှာ မျိုးကို မကြောက်ရွံ့တဲ့ သူတွေပါ။ သင်က နည်းနည်းတော့ အတ္တကြီးပါတယ်။ သူတို့ဟာ တခါတလေ ကလေးတွေ လိုပါပဲ။ စိတ်ခံစားမှု လွယ်တယ်။ ဆတ်ဆတ်ထိ မခံတွေဖြစ်တယ်။ သူတို့ စိတ်နေစိတ်ထား ကိုလည်း အလွယ်တကူနဲ့ သိဖို့ မလွယ်လှပါဘူး။
4) နှာတံ ရှည်ရှည်
နှာတံရှည်တဲ့ သူတွေဟာ စီးပွားရေး အမြင်ရှိတယ်၊ ချက်ကျ လက်ကျ တွေးခေါ်နိုင်တယ်။သူတို့ဟာ ခေါင်းဆောင်နိုင်စွမ်း ရှိကြပါတယ်။
5) နှာတံ ဖြောင့်ဖြောင့်
ဒီလို နှာခေါင်းမျိုးကို ဂရိနှာခေါင်း လို့လည်း ခေါ်ကြပါတယ်။ နှာခေါင်းပေါက် ကျဉ်းပါတယ်။ သူတို့တွေဟာ အရမ်းတော်တယ်၊ ကူညီတတ်တဲ့ သဘောရှိတယ်။ စည်းစနစ်ကျမှ အောင်မြင်မယ်လို့ ယုံကြည်ထားသူတွေ ဖြစ်တယ်။
6) နှာခေါင်း ထိပ်ပိုင်းချွန်
နှာခေါင်းထိပ်ပိုင်းမှာ ချွန်ပြီး ကောက်နေရင် သင်ဟာ အကောင်းဆုံးကိုပဲ မျှော်လင့်တဲ့ သူတွေ ဖြစ်ပါတယ်။ အရမ်း ချစ်တတ်တယ် ကူညီတတ်တယ်။
7) ချိတ်နဲ့တူတဲ့ နှာခေါင်း
နှာတံထိပ်နား ကောက်သွားတယ် ဆိုရင်တော့ သင်ဟာ နှာခေါင်းကြီးတဲ့ သူတွေနဲ့ စိတ်နေ သဘောထား နည်းနည်း ဆင်တူပါတယ်။ သူတို့ဟာ သူတို့ရဲ့ ခံယူချက်အတိုင်း လုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။
8) လှိုင်းလို နှာခေါင်းပုံစံ
လှိုင်း ပုံစံလိုမျိုး နှာခေါင်းမှာ အထစ်လေးတွေ မညီမညာ ရှိနေတယ် ဆိုရင်တော့ သင်ဟာ ဟာသဥာဏ် ရှိတယ်။ ပျော်တတ်တဲ့သူဖြစ်ပါတယ်။
9) ဧရာမ နှာခေါင်း
ဧရာမနှာခေါင်းလို ပုံစံမျိုးတွေဟာ ရည်ရွယ်ချက် ကြီးမားသူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်း အရည်အသွေးရှိတယ်။ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ သူတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုချဖို့လည်း မလောတတ်ပါဘူး။ သေသေချာချာလေး စဉ်းစားဆုံးဖြတ် တတ်သူတွေပါ။
10) Nubian နှာခေါင်း
နှာခေါင်းရှည်ပြီး အောက်နားလေးမှာ ကျယ်သွားတဲ့ နှာခေါင်းမျိုးကို ဆိုလိုပါတယ်။ သမ္မတ ဘားရတ်အိုဘားမားလို နှာခေါင်း ပိုင်ရှင်မျိုးပါ။ အဲဒီလို နှာခေါင်း ပိုင်ရှင်မျိုးဟာ ပြဿနာ တစ်ခုခုကို သူများတွေ မတွေးတဲ့ နည်းလမ်းကနေ တွေးပြီး ချည်းကပ် ဖြေရှင်းတတ်တဲ့ သူတွေဖြစ်ပါတယ်။ စူးစမ်းလိုစိတ် ရှိတယ်၊ ပွင့်လင်းတယ်။ စွဲဆောင်မှုရှိတယ်။ စကားပြော ကောင်းတယ်။ တခါတလေ စိတ်ခံစားလွယ်တယ်။
Credit: Mystylemyanmar











Post a Comment