Header Ads

💑 ချစ်သူနှစ်ဦး အပြန်အလှန်ထားသင့်တဲ့ သဘောထား (23) မျိုး


💓💓💓💓💓💓💓💓💑
အချစ် ဆိုတာဟာ သူ့အလိုလို ရှင်သန် ကြီးထွားနေနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ပန်းပင်လေး တစ်ပင်လိုပဲ သူ့ကို အရိပ် တကြည့်ကြည့်နဲ့ ဂရုတစိုက် ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ချစ်သူ နှစ်ဦးကြား Relationship တွေ အမြဲတမ်း နွေးထွေး ပျော်ရွှင်စေဖို့ နည်းလမ်းကောင်း လေးတွေကို မျှဝေ ပေးလိုက်ရပါတယ်။

1) သူနဲ့ ကိုယ့်အကြား အမြဲတမ်း နွေးထွေး ကြင်နာတဲ့ ဆက်ဆံရေးမျိုး လေးတွေ ရှိနေပါစေ။ နှစ်တွေ ကြာလာလို့ အေးခဲသွားတာမျိုး မဖြစ်ပါစေနဲ့။

2) ချစ်သူနှစ်ဦးကြား ကိစ္စတစ်ခုခု ဖြစ်လာခဲ့ရင် သူ့ဖက် ကိုယ့်ဖက် မျှတွေးတတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် ဘယ်ကိစ္စမဆို တစ်ဖက်သတ် မဆုံးဖြတ်ပါနဲ့။

3) အငြင်းပွားစရာ၊ ပဋိပက္ခဖြစ်စရာ ကိစ္စတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ အကယ်၍ ဖြစ်လာခဲ့ရင်လဲ ချက်ချင်း ပြေလည်အောင် ဖြေရှင်းလိုက်ပါ။


4) မိမိချစ်သူကို အခြားသူတွေ မချစ်နိုင်တဲ့ အချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားပါ။ သူ စိတ်ချမ်းသာဖို့အတွက် ကိုယ့်အတ္တတွေ ကို ချိုးနှိမ်သင့်ရင် ချိုးနှိမ် ပေးလိုက်ပါ။ ဒါဟာ ရှုံနိမ့်ခြင်း ဆိုတာထက် ကိုယ်ချစ်တဲ့ သူအတွက် ပေးဆပ်ခြင်း သီးသန့်ပဲ ဖြစ်ပါတယ်။

5) ကိုယ်ချစ်သူ စိတ်ချမ်းသာဖို့ အတွက်ဆို လိုအပ်သလို မုသားလေးတွေ သုံးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီမုသားက ဆိုးကျိုး တစ်စုံတရာ မရှိဖို့တော့ လိုအပ်တာပေါ့။


6) တစ်ယောက်ချင်းစီ ဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်ခွင့် ရှိဖို့ လွတ်လပ်တဲ့ အချိန်တွေ ရှိနေရပါမယ်။ တစ်ယောက်ကို တစ်ယောက် ချုပ်နှောင်ထားတာမျိုး မဖြစ်ပါစေနဲ့ ။ ဒီလို တစ်ယောက်ထဲ နေတဲ့ အချိန်မှာ ချစ်သူက ကိုယ့်အတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာကိုပါ တိုင်းတာလို့ ရသွားပါတယ်။

7) တစ်ယောက်ကို တစ်ယောက် ပိုင်သေ တွက်ထားပြီး သူက ကိုယ့်အတွက် ဖြစ်တည်လာတာ ဆိုပြီး ဂရုမစိုက်ဘဲ နေပါများရင် တစ်ချိန်ချိန်မှာ နောင်တရဖို့ ဖြစ်လာနိုင်ပါတယ်။

8) ချစ်သူအတွက် ကိုယ်ဟာ အမြဲ ဆွဲဆောင်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို လှပ သန့်ရှင်းအောင် ပြင်ဆင်တာဟာ တစ်ဖက်လူကို လေးစားမှုရှိတာပါပဲ။

9) အပြု သဘောဆောင်တဲ့ ဝေဖန်ခြင်း မျိုးလေးတွေ မကြာခဏ ပြုလုပ်ပေးပါ။ ဒါဟာ သင့်ချစ်သူကို ပိုပြီးကောင်းမွန်တဲ့ လူသားတစ်ဦး ဖြစ်လာစေမှာမို့ပါပဲ။


10) ပတ်ဝန်းကျင်က လူတွေရှေ့မှာ ဘယ်တော့မှ အငြင်းမပွားပါနဲ့။

11) တစ်နှစ်ပတ်လုံး အတူရှိနေကြတာ မှန်ပေမဲ့ အပြင်မှာ နှစ်ဦးသား လျှောက်လည်ကြတာ မျိုးလေးတွေ မကြာမကြာ ပြုလုပ်ပေးပါ။ ဒါဟာ အချစ်တွေကို အမြဲ လတ်ဆတ်စေဖို့ အသုံးဝင် ပါလိမ့်မယ်။

12) တစ်ယောက်ကို တစ်ယောက် အသေးအဖွဲ ကိစ္စလေးတွေကအစ ချီးကျူး အသိမှတ် ပြုပေးပါ။ ဒါဟာသူ့ကို ဂရုတစိုက်နဲ့ တန်ဖိုးထားတယ် ဆိုတာ ပြသလိုက်တာပါ။


13) မွေးနေ့၊ နှစ်ပတ်လည်နေ့ စတဲ့ အမှတ်တရ နေ့လေးတွေကို အထိမ်းအမှတ် ပွဲလေးတွေ ပြုလုပ်ပြီး ကျင်းပပျော်ရွှင်ပါ။ ဒါဟာဘဝမှာ ဘယ်တော့မှ မေ့လို့မရမယ့် မှတ်တိုင်လေးတွေပါပဲ။

14) ကိုယ့်လက်တွဲဖော်၊ ချစ်သူကို ဘယ်တော့မှ ဝမ်းနည်းအောင် မလုပ်မိပါစေနဲ့။ ဒါဟာ Relationship ကို ထိခိုက်စေနိုင်တဲ့ ကြီးမားတဲ့ အမာရွတ်တစ်ခု ဖြစ်သွားစေနိုင်လို့ပါ။

15) အခြေအနေတိုင်းမှာ သူ့အတွက် အမြဲအဆင်သင့် ရှိနေပေးပါ။ အခက်ခဲဆုံးအချိန်တွေက Relationship တွေရဲ့ စစ်မှန်မှုကို စမ်းသပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် မှီခိုချင်တဲ့ အချိန်မှာ နွေထွေးတဲ့ရင်ခွင်တစ်ခု အဆင်သင့် ရှိနေပေးလိုက်ပါ။

16) မိမိချစ်သူအပေါ် အာဃာတတွေ မထားဘဲ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ နားလည်ခွင့်လွှတ်တတ်ခြင်းကလည်း Relationship တစ်ခု သာယာဖြောင့်ဖြူးဖို့ အဓိကနေရာမှာ ရှိနေပါတယ်။

17) သင့်လက်တွဲဖော်ကို အမြဲတမ်း တစ်လေးတစ်စား ဆက်ဆံပါ။


18) အခြားသူတွေရဲ့ ဝေဖန်သံတွေကို ဂရုမစိုက်ပါနဲ့။ သင့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေနဲ့ သင့်လက်တွဲဖော်ရဲ့ ဆန္ဒတွေကသာ အရေးကြီးဆုံးဆိုတာကို ယုံကြည်ထားပါ။

19) အမြဲတမ်း ကလေးတွေလိုပဲ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြပါ။ ခေါင်းအုံးလေးတွေနဲ့ ပစ်ပေါက်ကြတာ၊ ချစ်စနိုးနဲ့ နပမ်းလုံးကြတာလေးတွေဟာ သင်တို့ Relationship ကို ပျော်ရွှင်စေမယ့် နည်းလမ်းကောင်းလေးတွေပါပဲ။


20) ဒေါသထွက်နေတဲ့ အချိန်မှာတောင် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်တာမျိုးတွေ မလုပ်ဖြစ်အောင် ထိန်းချုပ်ပါ။ ဒါဟာ နှစ်ယောက်ကြား အစိုင်အခဲတွေ ဖြစ်လာနိုင်စေပါတယ်။

21) တစ်ယောက်နဲ့တစ်ယောက် မအားလပ်တဲ့ကြားက အချိန်ပေး ပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ Relationship မှာ တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေ ပိုမို ခိုင်မြဲစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

22) သင့်အချစ်တွေကို ဖော်ပြဖို့ ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပါ။ အချစ်တွေကို ဖော်ပြဖို့ အထူးစီစဉ်ထားတဲ့ ခမ်းနားမှုတွေ မလိုအပ်ပါဘူး။ နေ့စဉ်ဘဝမှာပဲ သူ့ကို ချစ်ကြောင်းပြလို့ ရတဲ့ အရာတွေ အများကြီးပါ။


23) ဆက်ဆံရေးတွေက သူဒီလိုဖြစ်လို့ ကိုယ်ရော ဒီလို ဖြစ်မှာလား ဆိုတာမျိုးတွေ တွေးလို့မရပါဘူး။ ဒီတော့ သူများ Relationship တွေကို ခဏဘေးဖယ်ပြီး ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေးကိုပဲ အကောင်းဆုံး တည်ဆောက်ပါ။

အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက ရိုးရှင်းကောင်း ရိုးရှင်း ပါလိမ့်မယ်။ သို့ပေမဲ့ တကယ့်ကို အသုံးဝင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ သင်နဲ့ သင့်ချစ်သူကြား ဆက်ဆံရေး သာယာဖို့  စာစောင်လေးက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

တစ်ခုခု ခံစားလိုက်ရမယ်ဆို Share ပေးဖို့မမေ့နဲ့နော်။

Credit : gandawin

No comments

Powered by Blogger.