ချစ်သူရွေးမယ်ဆိုရင် အသက် 22- 25 ကြားကို ရွေးသင့်ပါတယ် အယ်ကိုတို့ မောင်လေးတို့ 💘
💓💓💓💓💓💓💓💓💑
ချစ်သူ ရွေးတော့မယ် ဆိုရင် အသက် 22 - 25 ကြားကို ရွေးသင့်တယ် အယ်ကိုတို့ မောင်လေးတို့...
Oishi chocolate လိုပဲ အရသာ နှစ်မျိုးကို တစ်ပြိုင်တည်း ခံစားလို့ ရတယ် 😈😈
လင်းရရင်တော့
တကယ် ချစ်ပါ့မလား တွေးမလား ~~
17,18 ကလေးမတွေ မဟုတ်လို့  စိတ်လဲ မကစားတော့ဘူး အပျော်ရည်းစား တွေနဲ့လဲ မရှုပ်တော့ပဲ တည်ငြိမ်နေတဲ့ သူတွေ ဖြစ်နေပြီ... ကိုကိုတွေ အတွက် စိတ်ချရတဲ့ ဘေဘီလေး မောင်လေးတွေ အတွက် ယုံကြည်ရတဲ့ မမ ~~ အဆ 😆😆
အမူအကျင့်အရ ကြည့်မယ်ဆို ~
ကိုကိုတွေ ခလေးလို အချွဲ ခံချင်သလား ~ မောင်လေးတွေ အချော့ခံချင်သလား ~
22 ကျော်ပြီ ဆိုတော့ကား မြီးကောင်ပေါက်လဲ မဟုတ်တော့သလို အပျိုကြီးမမလဲ မဟုတ်သေးဘူး။ ကလေးလိုလို လူကြီးလိုလို ဆိုတော့ နှစ်မျိုးလုံးရတယ် 😁😁
ရုပ်ရည်ကြည့်မလား~
မနူးမနပ်တွေ မဟုတ်တော့လို့ ပြင်တတ် ဆင်တတ် ဝတ်တတ် စားတတ်နေပြီ။ မဟိုင်းသေးသလို စပ်စလူး မထလန်းတော့ဘူး။ အဖွားကြီး ပေါက်စတွေ မဟုတ်သလို ပူလောင်တဲ့ အလှမျိုးလဲ မဟုတ်ဘူး။ အေးချမ်း တက်ကြွနေတဲ့အရွယ်.... ကိုကို နဲ့ ပွဲတက်မလား။ မောင်လေး နဲ့ Show သွားမလား။ ဘာလာလာ လှအောင် နေတတ်နေပြီ....😉😉
Partner ကောင်းလဲ ဖြစ်သေးတာ~
22-25 ဖစ်ပြီမို့ လို့ ဘဝအကြောင်း သိသင့်သလောက် သိနေပြီ။ လောကကြီးမှာ နေတတ် ထိုင်တတ်နေပြီ။ ကိုကိုတွေ အလုပ်ကိစ္စ တိုင်ပင်မလား။ မောင်လေးတွေ အကြံအညဏ်ယူမလား Ready ပဲ 😋😋...
ပညာရေး လား??
ငါ့ babe လေးက ဘယ်ကျောင်းက ပြီးတာ။ ငါ့ မမ က ဘာကျောင်း တက်နေတာ ပြောမလား။ ကျောင်းပြီးတဲ့ သူပြီးလို့  ပြီးခါနီးတဲ့ သူတွေလည်း ဖြစ်နေပြီ နောက်မှာ အမြီးတန်းလန်း လေးတွေ နဲ့ အေးဆေးပဲ ~~ 😇😇
အချိန်ပေးရတာ ကြည့်မလား???
22-25 မှာ တော်တော် များများက လုပ်ငန်းခွင် ဝင်နေပါပြီ or business or အိမ်အလုပ်တွေ ကူလုပ်နေကြပြီ။ ယူတို့ ကို လိုက်ဂျီကျ ဖို့ အားတော့တာ သေချာတယ် စိတ်လဲချရပြီ ကျောင်းလစ်ပြီး ဘာလုပ်နေမလဲ စိတ်မပူရတော့ဘူး.... ကိုကိုတွေ လဲ စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်သလို မောင်လေးတွေလဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ကိုယ့်ဘာသာ သုံးလို့ ရတယ် 😃😃
နားလည်ပေးနိုင်တာချင်း ယှဉ်မလား ??
အလယ်အလတ်တန်း ဖြစ်နေပြီမို့ လို့ အသေးစိတ် လိုက်ချုပ်ချယ်နေ ပြောနေမှာ မဟုတ်တော့ဘူး။ ကိုကိုတွေ တစ်ခါတစ်လေ အရက်သောက်မလား ခွင့်ပြုသလို စိတ်ပါရင် တူတူပါ သောက်ပေးဦးမယ်။ မောင်လေးတွေ Game ဆော့မလား သူတို့ အချိန်တွေ အားမနေလို့ မရစ်နိုင်ဘူး ~~~ 😂
ကျန်းမာရေး ရှုထောင့်ကတွေးမလား ??
သူတို့ အလုပ်တွေ ကျောင်းတွေနဲ့ မအားတာမို့ ကလေး ပိစိတွေလို ကိုကို အိပ်မရဘူး ဖုန်းပြောပေးဆိုပီး မနှိပ်စက်တော့လို့ အိပ်ရေးပျက်စရာ မလိုသလို (sometime တော့ လုပ်မှာပေါ့လေ) မောင်လေးတွေ မနက်ထဖို့ နှိုးစက်လဲ ဖြစ်နိုင်ပြန်ရော ~~~ 😆😆
ငွေရေးကြေးရေးဆိုလဲ ~~
ကလေးတွေ မဟုတ်တော့လို့ ကိုယ်ပိုင် ပိုက်ဆံတွေ ကိုင်သုံးနေပြီ နေရာတကာ လိုက်ရှင်း လိုက်ဝယ်ပေးနေစရာ မလို တော့သလို သူရှင်း ကိုယ်ရှင်း ဖြစ်လာပြီ။ ကိုကိုတွေ အတွက်လဲ အဆင်ပြေ မောင်လေးတွေ အတွက်လဲ အဆင်ပြေ ~~☺️☺️ ( ပိုင်းတတ်တဲ့သူနဲ့ တွေ့ ရင်တော့ မိမိ မသိ)
နောက်ဆုံး အိမ်နဲ့ သူငယ်ချင်းနဲ့ ပေးတွေ့မလား
မျက်နှာပန်း အလှဆုံး အရွယ် အကောင်းဆုံး အနေအထားတွေ ဖြစ်နေပြီ ကိုကိုတွေကို ပံပိုးပေးတတ်ပြီး
မောင်လေးတွေကို လမ်းမှန်ပြတတ်နေပြီ အေးဆေးပဲ ~~😁😁😁
အတည်တကျလေး 2 နှစ် 3 နှစ်လောက်တွဲ အဆင်ပြေရင် ယူရုံ အသင့်.. ရေမီးအစုံနဲ့ လေထီးခုန်ရုံပဲ အဆ အဆ 🌝🌝🌝 အရွေးမမှားကြနဲ့ ယူတို့ 
Marketing ဆင်းရတာ မောတောင်မောသွားပြီ 😂😂😂 ဒါပဲ
crd#Naay





Post a Comment