Header Ads

💓 Balance မညီတဲ့အတွဲတွေက ပိုခိုင်မြဲတတ်တယ် 👫


💓💓💓💓💓💓💓💓
ပတ်ဝန်းကျင်ရဲ့အမြင်မှာ မလိုက်ဖက်ဘူးလို့ ထင်ရတဲ့ အတွဲတွေက အချစ်ရေး ပိုသာယာလေ့ ရှိပါတယ်။

💘 တစ်ယောက်က အသားဖြူ တစ်ယောက်က သပိတ်နုရောင် ဖြစ်နေရင်...
သေချာတယ် သိပ်အကဲပိုတဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ်…👍😉

💘 ကောင်လေးက ဝါးခြမ်းပြား ကောင်မလေးက ကောက်ညှင်းထုပ်လေး ဖြစ်နေရင်...
အဲ့အတွဲ ဒီတစ်သက် သေတောင် မပြတ်ဘူး…

💘 ယောက်ျားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့အရပ် ဖြစ်နေရင်...
အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ…

💘 ဘဲလေးက ရုပ်က ဂါနေမယ် သူ့ကောင်မလေးက နတ်သမီးရှုံးတဲ့အထိ နုထွတ်နေရင်...
အနည်းဆုံးတော့ ပတ္တမြားရတုလောက် ဖြတ်ရပြီပဲ…

💘 တစ်ယောက်က 24 နှစ် တစ်ယောက်က 18 နှစ် 6 နှစ်လောက် ကွာနေရင်...
နှစ်တွေမနည်း အတူရှိကြတဲ့ အတွဲ ဖြစ်ရလိမ့်မယ်…

💘 ကောင်လေးက ဝဇီပိတ်ကျင့် စကားနည်းမယ် ကောင်မလေးက သာလိကာထက် စကားများမယ်ဆိုရင်.. လုပ်မနေနဲ့ ဖိတ်စာတစ်ခြမ်း ပြေးရိုက်ထားပေတော့…

💘 BF က အထာကျ ဂျလန်းကြီး ဖြစ်ပြီး GF က ပုံတုံး Antique ကြီး ဖြစ်နေခဲ့ရင်...
ဖိုးဖိုး ဖွားဖွားတွေဖြစ်တဲ့အထိ ပေါင်းဖက်ရတတ်တယ်…

ကြော်ငြာဝင်ရဦးမယ်…
ကျနော့် ကောင်မလေးက လူပုစိတ်တိုလေး.. အရပ်ကသာ မြေကြီးထဲက မထွက်တာ ပြောတဲ့စကားလုံးတွေက ပဲရစ် မျှော်စင်ထက် မြင့်တယ်.. လူကသာ ခွေးပစ်တဲ့တုတ်လောက် ရှိတာ စားလိုက်တဲ့အစား ဆိုတာ စူဇကာကုဏ္ဏား ရှုံးတယ်...

သူမက ကျနော့်ရဲ့ ဒုတိယအသက်ပဲ... သူမ ပုတာလေးကိုမှ တုန်နေအောင် ချစ်နေရတာ... ဒီတစ်သက် သေတောင် ထွက်မသွားဘူး ဒါပဲပြောမယ်။    ။😎
💓💓💓💓💓💓💓💓
                                            credit#s_m

No comments

Powered by Blogger.