Header Ads

ကြုံဖူးသလား


1) ကြုံဖူးလား ...
ကိုယ့်အပေါ် ချစ်တယ်လို့ ပြောခဲ့ပြီး
တခြားတယောက် အပေါ် ဂရုစိုက်ပေးနေ တာမျိုး

2) ကြုံဖူးလား ...
ကိုယ်သိပ်ချစ်ရတဲ့ သူက
တခြားတယောက် အပေါ် အရေးပေး ဆက်ဆံနေတာမျိုး

3) ကြုံဖူးလား ...
ကိုယ်မျှော်နေမှန်း သိရက်နဲ့
ကိုယ့်အပေါ် ဥပေက္ခာပြု သူစိမ်းဆန်နေတာမျိုး

4) ကြုံဖူးလား ...
ကိုယ်စောင့်နေမှန်း သိရက်နဲ့
တခြားတယောက် အပေါ် အချိန်တွေ ပေးနေတာမျိုး

5) ကြုံဖူးလား ...
သူ acc လေး Now ဖြစ်နေရင်
သူမီးစိမ်းတာလေး ကြည့်ပြီး ကိုယ့်ကို လာခေါ်မလား အတွေးနဲ့
သူဆီက Message လေး မျှော်နေခဲ့တာမျိုး

6) ကြုံဖူးလား ...
သူ့ Viber လေး Online ဖြစ်နေရင်
ကိုယ့်ဆီ စာပို့မလား အတွေးနဲ့ စောင့်ကြည့်နေ တာမျိုး

7) ကြုံဖူးလား ...
သူ ကိုယ့်အပေါ် ညာနေမှန်း သိသိနဲ့ သူပြောသမျှ
စကားတိုင်းကို ကြိတ်မှိတ်ပြီး ယုံပေးခဲ့ရတာမျိုး

8) ကြုံဖူးလား ...
ကိုယ့်က သူ့အတွက် ရည်ရွယ်ပြီး Status တွေ ရေးတင်ခဲ့ ပေမယ့်
ကိုယ့် Post အောက်မှာ သူမန့်လေးတွေ မရှိခဲ့လို့ အားငယ်ခဲ့ရ တာမျိုး

9) ကြုံဖူးလား ...
တခြားတယောက် ဘာတင်တင်
သူမန့်လေးတွေ တွေ့ခဲ့လို့ ကြိတ်ပြီး ဝမ်းနည်းခဲ့ရတာမျိုး

10) ကြုံဖူးလား ...
သူ့ Photo လေးတွေ တခုမကျန် သူ မသိအောင် Save ယူထားပြီး
သူ့ကို သတိရတိုင်း ပြန်ပြန် ထုတ်ကြည့်တတ် တာမျိုး

11) ကြုံဖူးလား ...
သူ့ဆီက အမှတ်တမဲ့ ရခဲ့တဲ့ အရာတချို့ကို Ss ရိုက်ပြီး
သူ့ကြောင့် နာကျင်ရတိုင်း ထုတ်ကြည့်တတ်တာမျိုး

12) ကြုံဖူးလား ...
သူ ကိုယ့်အပေါ် နားလည်လာနိုင်တဲ့ တနေ့ကို
စောင့်နေမယ် ဆိုတဲ့ အတွေးနဲ့ မျှော်လင့်နေ တာမျိုး

တကယ်တမ်း တွေးကြည့်လိုက်ပါ ...
ဒါတွေ အားလုံးဟာ သူအနေနဲ့ မသိလို့ လုပ်နေတာထက်
သိသိရက်နဲ့ လုပ်နေတာကြောင့် ပိုပြီး ဝမ်းနည်း ခံစားရပါတယ် ...

McApple

No comments

Powered by Blogger.