Header Ads

ရွှေမှုံရဲ့ အချစ်ရေးနဲ့ပတ်သတ်ပီး စိတ်ဆိုးနေတဲ့ ရွှေမှုံအမေ


လက်ရှိအချိန် ပူပူနွေးနွေး တရားဝင် ချစ်သူ စုံတွဲတွေ ဖြစ်သွားကြတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ အချစ်ရေးလေးကတော့ ပျော်ရွှင်ကြည်နူးပြီး ချစ်စရာ ကောင်းလှပါတယ်။


မင်းသမီးနဲ့ နိုင်ငံကျော် အဆိုတော် တို့ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ လူပြော အများဆုံး သတင်းတစ်ပုဒ် ဖြစ်နေပြီး ပရိသတ် တွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အချစ်ရေး သတင်းကို တရားဝင် အတည်မပြု ရသေးခင် ကတည်းက သို့လော သို့လော ထွက်နေတဲ့ သတင်းတွေကြောင့် ရွှေမှုံရတီရဲ့ မေမေကတော့ စိတ်ဆိုးနေပြီ ဖြစ်ပါတယ်။ လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီး မေမေက ဘာပြောလဲ ဆိုတဲ့ မေးခွန်း အပေါ်...



“ ကျွန်မ မေမေကလား ကျွန်မကို စိတ်ဆိုးနေပြီ။ ပါးရိုက်တော့မယ်။ သတင်းတွေ တက်လာတာ ကြည့်ပြီးတော့ ရွှေမှုံရတီ ပါးတွေ ကျိန်းနေပြီ။ သူနဲ့ နည်းနည်း ခပ်ဝေးဝေးမှာ နေတယ်ရှင့် ” လို့ အင်တာဗျူးမှာ ဖြေထားပါတယ်။ သူ့ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း လေးစားပြီး ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ ရွှေမှုံရတီကတော့ သူ့ရဲ့ အချစ်ရေးကိုလည်း ဘယ်တော့မှ ဖုံးကွယ် မထားတတ်သူ ဖြစ်ပါတယ်။

အမေနဲ့ ဆရာသမား တွေရဲ့ သင်ပြမှုကို လိုက်နာ ကျင့်သုံးပြီး ကြိုတင် ပြင်ဆင်ကာ အချိန် တစ်ခုကို စောင့်နေ ခဲ့ပေမယ့် “ ပရိသတ်တွေ သိချင်တာ သိရမှာပါ။ ဘယ်သူမှ မပြောခင် သဲအရင် ပြောမှာပါ ” ဆိုတဲ့ စကား အတိုင်း သူကိုယ်တိုင် ထုတ်ပြောပြ လိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ စုံတွဲလေးကို ချစ်တဲ့ ပရိသတ်တွေက ပြောတဲ့ “ ရွှေရွှေချင်း ထပ်တော့ မြတ်တယ် ” ဆိုတဲ့ စကားလေးကိုတော့ ရွှေမှုံရတီက



“ လှလိုက်တဲ့ စကားလေး ကြိုက်တယ်” လို့ အင်တာဗျူးမှာ ဖြေဆို သွားခဲ့ပါတယ်။ အမြဲတမ်း အလုပ်ကို အကောင်းဆုံး လုပ်တတ်တဲ့ ရွှေမှုံကတော့ အချစ်ရေးနဲ့ ပါစင်နယ်က သက်သက်စီ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီးသား လို့ ဆိုပါတယ်။ မိဘအတွက် သမီးကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အမြဲ ပျော်ပျော်နေတတ်တဲ့ ရွှေမှုံလေး မေမေ အဆူမခံရ ပါစေနဲ့လို့ ဆုတောင်းပေး လိုက်ပါတယ်နော်…

No comments

Powered by Blogger.