Header Ads

ထက်မြတ်တဲ့ ယောက်ျား နဲ့ တုံး အ တဲ့ ယောက်ျား


တုံး အ တဲ့ ယောက်ျားက မိန်းမကို အမြဲတမ်း အသာစီး ရချင်တယ် ။
ထက်မြက်တဲ့ ယောက်ျားက မိန်းမ အပေါ် သဘောထား ကြီး အလျှော့ပေး တတ်တယ် ။

တုံး အတဲ့ယောက်ျား က မိန်းမ ကို သဝန်တို ချုပ်ချယ်တယ် ။
ထက်မြက် တဲ့ယောက်ျား က မိန်းမကို ယုံကြည် မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေး လက်အေး ချည်နှောင် ထားတယ် ။

တုံးအတဲ့ ယောက်ျား က " နင်ထွက်သွား မသွားရင် ငါသွားမယ် " လို့ဆိုတယ် ။
ထက်မြက် တဲ့ယောက်ျား က " ငါတို့ ဘယ်တော့မှ ဘာ အကြောင်း နဲ့မှ မခွဲကြဘူး " လို့ ဆိုတယ် ။

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အားနည်း ချက်တွေ ကိုမြင်တိုင်း စိတ်ပျက် လွယ်တယ် ။
ထက်မြက်တဲ့ ယောက်ျားက မိန်းမရဲ့ အရည်အချင်း ကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်း တတ်တယ် ။

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ် ။
ထက်မြက်တဲ့ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့ အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ် ။

တုံးအတဲ့ ယောက်ျားက မိတ်ဆွေ အပေါင်းအသင်း တွေက " မယားကြောက် " လို့ ခနဲ့တာကို မခံနိုင် ဘဲ မိန်းမအပေါ် နိုင်စားပြ ချင်တယ် ။ ကိုယ့်ဘဝ လက်တွဲဖော် ဟာ ကိုယ့် မိန်းမသာ ဖြစ်တယ် ဆိုတာ သူမေ့နေ လို့ဖြစ်မယ် ။
ထက်မြက်တဲ့ ယောက်ျား ကတော့ အပေါင်းအသင်းတွေက ခနဲ့ရင်တောင် ဂရုမစိုက် ဘဲ ယုယမြဲ ယုယတယ် ။ ကိုယ့်ဘဝ အတွက် ဆိုးတူ ကောင်းဖက်ဟာ ကိုယ့်မိန်းမ ဘဲလို့ သူနားလည် လို့ဖြစ် တယ် ။

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အမှား ကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက် အဖြစ် အသုံးချတယ် ။
ထက်မြက် တဲ့ယောက်ျား က မိန်းမရဲ့အမှားကို ခွင့်လွှတ်ပြီး မေတ္တာနဲ့  ပြုပြင်ပြောင်း လဲဖို့ ကြိုးစားတယ် ။

တုံးအ တဲ့ ယောက်ျား က မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် ၊ လူပုံ အလယ်မှာ မိန်းမကို မျက်နှာသာ မဲ့စေတယ် ။
ထက်မြက်တဲ့ယောက်ျား က လူပုံ အလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ် ဆုံးမ ပြောဆို စရာရှိရင် နှစ်ကိုယ် ကြား သာ ပြောဆိုတယ် ။

တုံးအတဲ့ ယောက်ျား က ကိုယ် တော် ကိုယ်တတ်ကြောင်း သာ ဦးစားပေး အလေး ထားတယ် ။
ထက်မြက်တဲ့ ယောက်ျား က မိန်းမဆီ က ကိုယ် မသိသေး တာတွေကို လေ့လာ သင်ယူတယ် ။

တုံးအတဲ့ ယောက်ျား က မိန်းမ ကိုယ့် အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်းထုတ်တယ် ။
ထက်မြက် တဲ့ ယောက်ျား က ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာ ရတာကို ပီတိ ဖြစ်တတ်တယ် ၊ ဂုဏ်ယူ တတ် တယ် ။

တုံးအတဲ့ ယောက်ျားက စီးပွား သာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် ၊ အပို အလုပ်လို့ ယူဆ တယ် ။
ထက်မြက်တဲ့ ယောက်ျား က စီးပွားလဲ ရှာတယ် မိန်းမ အပေါ် ယုယကြင်နာ မှု ပေးတယ် ။

တုံးအတဲ့ ယောက်ျား က မိန်းမ ကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေး တယ် ။
ထက်မြက်တဲ့ ယောက်ျားက မိန်းမကို စိတ်အား ထက်သန်မှုနဲ့ ပျော်ရွှင်မှုကို ပေးတယ် ။

တုံးအတဲ့ယောက်ျားက သူ့ရဲ့ဇာတ်ရှုပ်တွေ ဖောက်ပြန်မှုတွေနဲ့ မိန်းမကို မျက်ရည် ကျစေတယ် ။
ထက်မြက်တဲ့ ယောက်ျားက အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေတယ် ။

Credit

No comments

Powered by Blogger.