Header Ads

ေသာၾကာ သားသမီးမ်ား ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္မ်ား (Aug 17 မွ Aug 23 ထိ)


(For Zawgyi) Unicode ဖြင့် အောက်တွင် ဖတ်နိုင်ပါသည်

ယခု ရက္ပုိင္း အလုပ္နဲ႔ ေနရာထုိင္ခင္း အေျပာင္းအလဲ တစ္စံုတစ္ရာ မလုပ္တာ အေကာင္းဆံုးပါပဲ။ ေငြေၾကးနဲ႔ ပက္သက္ၿပီး ေတာ့ စိတ္ညစ္စရာ ႀကံဳလာႏိုင္တဲ့ အခိုက္အတန္႔ ျဖစ္လုိ႔ ေငြေၾကးကို စနစ္တက် သံုးစြဲသင့္တဲ့ ကာလပါ။

ယခုရက္ အတြင္း လူမႈေရး ၊စီးပြားေရး ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ သင့္ပါတယ္။ အလုပ္ထဲ ဖိအားေတြ မ်ားလုိ မေပ်ာ္မရႊင္ ျဖစ္တတ္ ပါတယ္။

အရာရာတိုင္းကို စဥ္းစား ခ်င့္ခ်ိန္ၿပီးမွ လုပ္ပါ။ဒါေပမယ့္ အလုပ္ထဲမွာ ဂုဏ္သတင္းတက္စရာ ၊ရာထူး တက္စရာေတြ ႀကဳံရကိန္း ရွိပါတယ္။ စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္ စလုပ္တာ အေကာင္းဆုံးပါ။

ရပ္ျခားက လူမ်ဳိးျခား အကူအညီေပး တတ္ပါတယ္။ မိသားစုအတြင္း အလွဴအတန္း ကိစၥေတြ ေပၚေပါက္ တတ္ပါတယ္။ ပညာေရးကေတာ့ အညံပုိင္းထဲ ေရာက္ေနလုိ႔ ႀကိဳးစားမွ လိုရာေရာက္မွာပါ။

က်န္းမာေရးကေတာ့ ေကာင္းေနေပမယ့္ ရင္၊ ေခါင္းစ တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား နီးတက်က္က်က္ ျဖစ္တတ္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကည္ႏူးစရာေတြ မထင္မွတ္ဘဲ ေပ်ာ္ရတာေတြ ႀကဳံရတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခု တစ္ပတ္လုံး စိန္ျခယ္ပန္းျဖင့္ ပူေဇာ္ကာ ရွင္သီ၀လိဂါထာ ေန႔စဥ္ ၃ ေခါက္ ရြတ္ဆုိ ပူေဇာ္ပါ။

ျပည္ပ ထြက္ခြာလုိသူမ်ား။ ။ခရီးသြားေနသည့္ ရဟန္း သံဃာမ်ားအား ထီး၊ ဖိနပ္ လွဴေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။ ။ဘုရားေစတီရွိ အဂၤါေထာင့္အရပ္ တြင္ သန္႔ရွင္းေရး လုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကုိ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး ၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ မိမိရည္ရြယ္ေသာ သူအတြက္ ဘုရားတြင္ ေရႊသကၤန္းကပ္လွဴေပးပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား။ ။အိပ္ရာ၀င္၊ အိပ္ရာထႏွင့္ အျပင္သုိ႔ ထြက္တုိင္း မသြားမီ သံမၺဳေဒၶဂါထာကုိ ရြတ္ဆုိ ပူေဇာ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ခုိ၊ က်ီးစေသာ သတၱ၀ါမ်ားကုိ ယခု တစ္ပတ္လုံး တစ္ရက္မွ မျပတ္ေစဘဲအစာေကၽြးပါ။

ထီ ကံေကာင္းလုိသူမ်ား။ ။ အဂၤါသားျဖင့္ လမ္းသြားစဥ္ ေတြ႔သည့္ ထီဆုိင္ တြင္ ၃ ဂဏန္း မ်ားမ်ားပါသည့္ ထီနံပါတ္ကုိ ရွာထုိးပါ။

(For Unicode)

ယခု ရက်ပိုင်း အလုပ်နဲ့ နေရာထိုင်ခင်း အပြောင်းအလဲ တစ်စုံတစ်ရာ မလုပ်တာ အကောင်းဆုံးပါပဲ။ ငွေကြေးနဲ့ ပက်သက်ပြီး တော့ စိတ်ညစ်စရာ ကြုံလာနိုင်တဲ့ အခိုက်အတန့် ဖြစ်လို့ ငွေကြေးကို စနစ်တကျ သုံးစွဲသင့်တဲ့ ကာလပါ။

ယခုရက် အတွင်း လူမှုရေး ၊စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက် သင့်ပါတယ်။ အလုပ်ထဲ ဖိအားတွေ များလို မပျော်မရွှင် ဖြစ်တတ် ပါတယ်။

အရာရာတိုင်းကို စဉ်းစား ချင့်ချိန်ပြီးမှ လုပ်ပါ။ဒါပေမယ့် အလုပ်ထဲမှာ ဂုဏ်သတင်းတက်စရာ ၊ရာထူး တက်စရာတွေ ကြုံရကိန်း ရှိပါတယ်။ စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန် စလုပ်တာ အကောင်းဆုံးပါ။

ရပ်ခြားက လူမျိုးခြား အကူအညီပေး တတ်ပါတယ်။ မိသားစုအတွင်း အလှူအတန်း ကိစ္စတွေ ပေါ်ပေါက် တတ်ပါတယ်။ ပညာရေးကတော့ အညံပိုင်းထဲ ရောက်နေလို့ ကြိုးစားမှ လိုရာရောက်မှာပါ။

ကျန်းမာရေးကတော့ ကောင်းနေပေမယ့် ရင်၊ ခေါင်းစ တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဖြစ်တတ်ပေမယ့် ချစ်သူများအကြား ကြည်နူးစရာတွေ မထင်မှတ်ဘဲ ပျော်ရတာတွေ ကြုံရတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခု တစ်ပတ်လုံး စိန်ခြယ်ပန်းဖြင့် ပူဇော်ကာ ရှင်သီဝလိဂါထာ နေ့စဉ် ၃ ခေါက် ရွတ်ဆို ပူဇော်ပါ။

ပြည်ပ ထွက်ခွာလိုသူများ။ ။ခရီးသွားနေသည့် ရဟန်း သံဃာများအား ထီး၊ ဖိနပ် လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ဘုရားစေတီရှိ အင်္ဂါထောင့်အရပ် တွင် သန့်ရှင်းရေး လုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။ မိမိရည်ရွယ်သော သူအတွက် ဘုရားတွင် ရွှေသင်္ကန်းကပ်လှူပေးပါ။

လူမှုရေး အတိုက်အခံ များသူများ။ ။အိပ်ရာဝင်၊ အိပ်ရာထနှင့် အပြင်သို့ ထွက်တိုင်း မသွားမီ သံမ္ဗုဒ္ဓေဂါထာကို ရွတ်ဆို ပူဇော်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ ခို၊ ကျီးစသော သတ္တဝါများကို ယခု တစ်ပတ်လုံး တစ်ရက်မှ မပြတ်စေဘဲအစာကျွေးပါ။

ထီ ကံကောင်းလိုသူများ။ ။ အင်္ဂါသားဖြင့် လမ်းသွားစဉ် တွေ့သည့် ထီဆိုင် တွင် ၃ ဂဏန်း များများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။

Olm

No comments

Powered by Blogger.