ဆရာကျော်ဆန်းလွင်၏ (19-8-2018 မှ 25-8-2018) အတွင်း 7 ရက် 8 နံ ဟောကိန်းများ
တနင်္ဂနွေ သားသမီးများအတွက်
မိမိကံ အကောင်းထဲသို့ ရောက်လာပြီ၊ အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာ တိုးတက်ကောင်းမွန်မည်။ သို့သော် ငွေကြေး မနစ်နာသင့်ပဲ နစ်နာကိန်း ရှိသည်။
ကား, ခရီးသွား, ပင်လယ်ဆိုင်ရာ အလုပ်များ အနည်းငယ် ညံ့မည်။ မိတ်ဆွေများ၏ အခက်အခဲကို မိမိက ကူညီပေး နေရမည်။
မိမိက ရန်သဘောဆောင်သော စကား ပြောမိခြင်း, စကားမှားပြောခြင်း ဖြစ်တတ်သည်။ ပညာရေးကံ အကျိုးပေး စေကာမူ မေ့လျော့ခြင်း, ခက်ခက်ခဲခဲ လေ့လာသင်ယူ နေရခြင်း ကြုံမည်။
အချစ်ရေး အထူးသတိထားပါ။ ဇနီးဖြစ်သူ နေထိုင်မကောင်းခြင်း, စိတ်ဆိုးလွယ်နေခြင်း ဖြစ်တတ်သည်။ ခင်ပွန်းဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရခြင်း, မိမိကို ကြောင့်ကြ ဂရုစိုက်ပေးလာခြင်း ကြုံမည်။
ယတြာ။ ။ ဆင်းရဲသား တောင်းစားသူများအား အလှူငွေ စွန့်ကြဲပါ။ ရဟန်းသံဃာကို ပေါင်မုန့် လှူဒါန်းပါ။
================
တနင်္လာ သားသမီးများအတွက်
ခရီးကောင်းများ သွားရခြင်း၊ စိတ်ဆုံးဖြတ်ချက်များ မတည်ငြိမ်ခြင်း ဖြစ်မည်။ အလုပ်အကိုင်၌ အခက်အခဲ ကြုံရတတ်သလို အလုပ်လွယ်လွယ် မပြီးမြောက်သဖြင့် စိတ်ရှည်သည်းခံရမည်။
စက်ပစ္စည်းကိစ္စ အမွေကိစ္စ အကျိုးပေးမည်။ ငွေကုန်ကြေးကျ ခဏခဏ ဖြစ်မည်။ မိတ်ဆွေများ၏ အကူအညီကို ထိရောက်စွာမရသေးပါ။
ပညာရေး ၌ အဆင့်အတန်း မြင့်မားလာမည်၊ သို့သော် စိုးရိမ်ကြောင့်ကြလည်း ရှိနေမည်။ အပူအစပ်, ဝက်ဆီ စားမိရာမှ နေထိုင်မကောင်းခြင်း, မအီမသာဖြစ်ခြင်း ကြုံကိန်းရှိသည်။
ချစ်မှုရေးရာ၌ ခုတမျိုး တော်ကြာတမျိုး ဖြစ်မည်။ အိမ်ထောင်ရေးကံ အသင့်အတင့် ကောင်းသည်။ သားသမီး ကို ဂရုစိုက်ရန် လိုသည်။
ယတြာ။ ။ ဆင်းရဲသား တောင်းစားသူအား လက်ဖက်ထုပ် စွန့်ကြဲပါ။ သီလရှင်ကို ဆီလှူပါ။
================
အင်္ဂါ သားသမီးများအတွက်
မိမိကံ အလွန် ညံ့နေသောကြောင့် အစစ သတိထား လုပ်ဆောင်ပါ။ သူတပါးတို့ အမှုပြဿနာများ ကို မလိုအပ်ပဲ ဝင်မပါရ။ အတွင်းရန် အနည်းငယ် ရှိနေမည်။
ခရီးစဉ်ကောင်းများ ပေါ်တတ်သော်လည်း တနေရာသို့ စတင် ရွေ့ပြောင်းလုပ်ကိုင် ခရီးသွားလျှင် မကောင်း။ ငယ်ရွယ်သူများ အချစ်ရေး စန်းပွင့်နေမည်။
ဘာသာခြား, လူမျိုးခြားများနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ရုံမှအပ မိတ်ကောင်းဆွေကောင်း တိုးပွားလာလိမ့်မည်။ ရင်းနှီးလုပ်ကိုင်ထားသော လုပ်ငန်းများမှ အမြတ်အစွန်း သိသိသာသာ ထွက်ပေါ်မည်။
သားသမီးများ နေထိုင်မကောင်း ဖြစ်တတ်ပါသည်။ ဇနီးဖြစ်သူ နှင့်ပတ်သက်၍ စိတ်သဘောထား ကွဲလွဲစေတတ်ကာမူ စိတ်ချမ်းသာရာရမည်။ ခင်ပွန်းဖြစ်သူ နှင့်ပတ်သက်၍ အညံ့ရှိသည်, အထူး ဂရုစိုက်ပေးပါ။
ယတြာ။ ။ စိတ်ဝေဒနာရှင် ကို စားစရာပေးလှူပါ။ သီလရှင်ကို အလှူငွေ လှူပါ။
================
ဗုဒ္ဓဟူး သားသမီးများအတွက်
စိတ်လှုပ်ရှား မငြိမ်သက် ဖြစ်နေမှုကြောင့် ပြဿနာ အခက်အခဲများကို ကောင်းစွာ မဖြေရှင်းနိုင် ဖြစ်နေတတ်သည်။ အလုပ်အကိုင်၌ အတိုက်အခိုက် အတွင်းရန် ရှိမည်။
မိတ်ဆွေများကလည်း ထိရောက်စွာ အကူအညီ မပေးနိုင်ကြသေး။ ထို့ကြောင့် သီလထိန်း ကုသိုလ်ပြု၍ နတ်မြတ်နတ်ကောင်းများကို တိုင်တည်ပါ။ ပင်လယ်ကိစ္စ, နိုင်ငံရပ်ခြား ကိစ္စ, ထီးဖိနပ်လုပ်ငန များ၌တော့ အကျိုးကျေးဇူး ရှိမည်။
ပညာရေးကံ သင့်ပါသည်။ ယခုရက် သတ္တပတ်အတွင်း အဆောင် အင်း များကို စဆောင်လျှင် သတိထားစီစစ်ပါ၊ ရုတ်တရက် ကံညံကျသွားခြင်း ကြုံတတ်သည်။
အချစ်ရေး၌ စိတ်တိုင်းမကျ ဖြစ်နေမည်။ အိမ်ထောင်ရေးကံ အထိုက်အလျောက် အဆင်ပြေပါမည်။ လူကြီးမိဘ သားသမီးအရေးကြောင့် စိတ်ညစ်ရကိန်း ရှိသည်။
ယတြာ။ ။ ဆင်းရဲနွမ်းပါး တောင်းစားသူများအား ၂၀၀ကျပ် စွန့်ကြဲပါ။ ဘုရားစေတီ ဂြိုလ်တိုင်များတွင် သန့်ရှင်းရေး ပြုပါ။
================
ရာဟု သားသမီးများအတွက်
အခက်အခဲ ပြဿနာများကို ကောင်းစွာ ဖြေရှင်း ကျော်လွှားနိုင်လိမ့်မည်။ ပြဿနာရှိသော သူတပါးအလုပ်တာဝန်များကို မိမိ ဝင်ကူရာမှ မိမိ၌ ဒုက္ခတွေ့ကိန်းရှိသည်။
ကိုယ်တိုင် လုပ်နေသော လုပ်ငန်းမှ အောင်မြင်ခြင်း, အမြတ်အစွန်း သိသာစွာပေါ်ခြင်းတို့ ကြုံမည်။ မိတ်ဆွေများ၏ အကူအညီကို ကောင်းစွာရဦးမည်။
ပညာရေးတွင် သင်ခန်းစာများ လွတ်ခြင်း၊ စာမေ့စာကျန်ခြင်း ဖြစ်မည်။ ယခုရက်သတ္တပတ်အတွင်း အဆောင် အင်း များကို စဆောင်လျှင် သတိထားစီစစ်ပါ၊
အိမ်တွင်းရေး ပြဿနာ ပေါ်ခြင်း, ခေါင်းမူး ခေါင်းကိုက်ခြင်းများ ကြုံတွေ့ ခိုက်ကိန်းရှိသည်။ အချစ်ရေး အိမ်ထောင်ရေးများ ပုံမှန်အတိုင်း အဆင်ပြေနေမည်။
ယတြာ။ ။ ဆင်းရဲသား ဒုက္ခိတများအား အနီရောင်ဖြင့် ထုပ်ပိုးသော စားစရာ စွန့်ကြဲပါ။ ရဟန်းသံဃာ သီလရှင်ကို နို့မှုန့် ထုပ် အလှူ ပြုပါ။
================
ကြာသပတေး သားသမီးများအတွက်
သူတပါးအပေါ် အထင်မြင်လွဲမှား၍ ဆုံးဖြတ် တုန့်ပြန်မှု မှားယွင်း ကိန်းရှိသည်။ အလုပ်အကိုင် တိုးတက်ဖြစ်ထွန်း လာသော်လဲ ငွေဝင်ကံအားနဲခြင်း, ငွေကုန် ကြေးကျများခြင်း ဖြစ်နေဦးမည်။
မိတ်ဆွေဟောင်းများ၏ အကူအညီကို ကောင်းစွာရကိန်းရှိသည်။ ပညာရေးတွင် အမှတ်မှား အသိမှားခြင်း ကြုံရမည်။
ကြာသပတေး အမျိုးသမီးများ ကျန်းမာရေး ပိုဂရုစိုက်ရမည်။ အချစ်ရေးတွင် မကြာခဏ ပြဿနာပေါ်နေမည်။ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ချမ်းသာရမည် ဖြစ်သော်လဲ အခါခါညှိနှိုင်း ပြောဆိုနေရမည်။
ယတြာ။ ။ ဆင်းရဲနွမ်းပါး တောင်းစားသူများကို အလှူငွေ စွန့်ကြဲပါ။ ဘုရားရှင်ထံ စပါယ်ပန်းတင်လှူပါ။
================
သောကြာ သားသမီးများအတွက်
အလုပ်အကိုင်၌ အပူသောက ကြုံရတတ်သလို အပျော်ကိစ္စများအတွက် ငွေအသုံး များသွားခြင်းလည်း ဖြစ်ကိန်းရှိသည်။
ရိုးရာနတ် စသော ပရလောကနှင့် ပတ်သက်သည့် ကိစ္စများတွင် သတိထား လုပ်ဆောင်ပါ။ ဘာသာရေး ကျင့်ဝတ်များကို ကြိုးစား အားထုတ်လျှင် ထူးခြား ကောင်းမွန်မှုများကို သိသိသာသာ ခံစားရမည်။
အကောင်းအဆိုး လောကဓံများ မိမိမမျှော်လင့်ထားပဲ ရုတ်တရက် ရုတ်တရက် ကြုံတွေ့နေမည်။ မိမိ၏ လူကြီးမိဘ သားသမီးများ ကျန်းမာရေး အညံ့ တွေ့ရတတ်သည်။
အိမ်ထောင်ရေး အခြေအနေ အကောင်းထဲသို့ ရောက်လာမည်။ ချစ်မေတ္တာရေးတွင် အညံ့ရှိသည်။
ယတြာ။ ။ အဆောက်အဦးပြုပြင် မွမ်းမံသော လုပ်ငန်း ၊ ဝေယျာဝစ္စ လုပ်ငန်းများသို့ အလှူငွေထည့်ပါ။
================
စနေ သားသမီးများအတွက်
မိမိကံ တိုးတက် ကောင်းမွန်နေမည်။ အတွေးအခေါ် အကြံအစည်များ အဆင်ပြေနေသော်လည်း လုပ်ငန်းဆိုင်ရာ ငွေကြေးဆိုင်ရာ ကိစ္စများ၌ မရေမရာ စိန်ခေါ်မှုများ ဆက်ရှိနေဦးမည်။
ပညာရေး၌မူ ပိုမိုကြိုးစား လေ့လာပါမှ စိတ်တိုင်းကျမည်။ နေထိုင် မကောင်းဖြစ်လျှင် ဆရာကောင်း ဆေးကောင်း တွေ့၍ သက်သာ တိုးတက်မည်။
မိမိ စိတ်တည်ငြိမ်စွာ လုပ်ဆောင်ရန် ခဲယဉ်းသော်လဲ အကောင်းဘက်သို့ ပြောင်းလဲလာမည်။ အချစ်ရေး ကိစ္စများ၌ စိတ်တိုင်းမကျဖြစ်နေခြင်း အနှောက်အယှက်ပေါ်ခြင်း ဖြစ်တတ်သည်။
အိမ်ထောင်ရေးကံ သင့်ပါသည်။ အထူးသဖြင့် စနေ အမျိုးသမီးများ ခင်ပွန်းဖြစ်သူ၏ အကျိုး ခံစားရမည်။ သားသမီးကို အထူး ဂရုစိုက်ပါ။
ယတြာ။ ။ ယပ်တောင် အစုတ်များ, ပန်းကန် အပဲ့များ စွန့်ပစ်ပါ။ သီလရှင်ကို ဆေးပစ္စည်း လှူဒါန်းပါ။
================
ဉာဏ်စွမ်း ၀ီရိယစွမ်းတို့ဖြင့် အခက်အခဲများ ကျော်လွှားနိုင်ကြပါစေ..
ဆရာကျော်ဆန်းလွင်
Post a Comment