ဆရာငြိမ်းရဲ့ (16.8.2018 မှ 22.8.2018) အထိ တစ်ပတ်စာ ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလဟာ အသစ်လုပ်မယ် လို့ စိတ်ကူးထားတဲ့ ကိစ္စတိုင်း ချင့်ချိန် တိုင်ပင်ပြီးမှ လုပ်ပါ။ အစရှိပြီး အဆုံးမသတ်တာ မျိုးတွေ ဖြစ်တတ်လို့ပါ။ လူကြီး မိဘများနဲ့ အဆင်ပြေပြေ ဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။
လူငယ်များ အိပ်မကပ်ချင် ဖြစ်နေတတ်ပါတယ်။ အိမ် ခြံ စတဲ့ မရွှေ့ပြောင်းနိုင်တဲ့ အရာများ ဝယ်ယူမယ်ဆို ဒီကာလအတွင်း သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။
ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်ပေမဲ့ ဦးနှောက် အာရုံကြောနဲ့ ပက်သက်ပြီး အားနည်းမှုမျိုးတွေ ရှိနိုင်ပါတယ်။ အိမ်တွင်းရေး ပြေလည်ဖို့ ခက်ခဲပါတယ်။ မိသားစုအတွင်း ခလောက်ဆန်နေတဲ့ သူမျိုးတွေ ရှိတတ်ပါတယ်။
အချစ်ရေးကတော့ ချစ်သူကို မိဘ အသိုင်းအဝိုင်းက အမြင် မကြည်တာမျိုးတွေ လဲရှိတတ်ပါတယ်။ ပညာရေးမှာတော့ မိမိရဲ့ ဉာဏ်ဝီရိယကိုသာ အားကိုးပါ။
အကျိုးပေး ဂဏန်း ၆/ ၈/ ၂
အထူးဟော ကံညံ့နေချိန်ပါ
ယတြာ လူကြီးမိဘတွေကို အိုဗာတင်းလှူ ဒါန်းလိုက်ပါ
တနင်္လာ
ရွေးချယ်ရ ခက်နေတတ်တယ်။ အခွင့်အရေး နှစ်မျိုးမှာ တစ်ခုကို ရွေးချယ်ရပါလိမ့်မယ်။ သံယောဇဉ်တွေ ဘေးဖယ်ထားပြီး ရေရှည်အတွက် စဉ်းစားရမဲ့ ကာလပါ။ ဒီကာလဟာ အနာဂတ် အဆင်ပြေဖို့ ပေးဆပ်ရမဲ့ ကာလပါ။
အပင် စတင်စိုက်ပျိုးသလို မသီးမပွင့်ခင် အပင်းပန်းခံ ဒုက္ခခံ ရသလိုပါပဲ။ ဝန်ထမ်းများ အလုပ်ထဲ စိတ်မပါသလို ဖြစ်ရတတ်တယ်။ အလုပ်ကခွင့်ယူပြီး ခရီးသွားချင် နေတတ်တယ်။ ကိုယ်ပိုင်အလုပ်များ ပုံမှန်လည်ပတ် နေနိုင်မဲ့ ကာလပါပဲ။
ကျန်းမာရေး ကောင်းပါတယ်။ တော်ရုံ ရာသီဥတုဒဏ် ၊ ပင်ပန်းမဲ့ ဒဏ်တွေကို ခံနိုင်ရည် ရှိနေမဲ့ ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ မိသားစုနဲ့ ဝေးပြီး အလုပ်လုပ်ရတတ်တဲ့ ကာလပါပဲ။
အချစ်ရေးကတော့ သံယောဇဉ် ဆိုတာကို ဖြတ်တောက်ရဖို့ ဖြစ်လာတတ်ပါတယ်။ ချစ်သူနဲ့ ဝေးရတတ်ပါတယ်။ ပညာရေးကတော့ ကြိုးစားသမျှ အရာထင် ပါလိမ့်မယ်။ ပညာထူး အသိထူးတွေ ရလာပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၆ /၇ /၂
အထူးဟော ကံသင့်ပါတယ်
ယတြာ ဒါနများများပြုပါ
အင်္ဂါ ဖြေးဖြေးမှန်မှန်နဲ့ တိုးတက် အောင်မြင်ပါလိမ့်မယ်။ အဆင်ပြေ အောင်မြင်မဲ့ ကာလပါ။ အထူးသဖြင့် စီးပွားရေး တိုးတတ်ပါလိမ့်မယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများတွင် အထိုင် စီးပွားရေးကတော့ အထူးအကျိုးပေး နေပါလိမ့်မယ်။
လိမ္မာတဲ့ သားသမီးတွေကြောင့် မိမိဂုဏ် တတ်ပါလိမ့်မယ်။ ရွှေဝင်လာတတ်တဲ့ ကာလပါ။ လက်ဆောင် ပစ္စည်းများလည်း ရတတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေကတော့ ပြန်ရဖို့ ကြန်ကြာနိုင်ပါတယ်။
ကျန်းမာရေးကတော့ အနည်းငယ် အညံ့အဆိုး ရှိနေပါတယ်။ အဆိုးကြီး မဟုတ်ပေမဲ့ ရောဂါဟောင်း ဝေဒနာဟောင်းတွေ ပြန်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသစ်တွေ တိုးပွားမဲ့ ကာလပါပဲ။ အိမ်မှာရှိတဲ့ ဇိမ်ခံပစ္စည်းများ ပျက်လွယ်ပါတယ်။
အိမ်ထောင်ရေး အိမ်တွင်းရေး အထူးပဲ အဆင်ပြေမဲ့ ကာလပါပဲ။ အချစ်ရေး ကတော့ ချစ်သူနဲ့ စကားအမှားတွေကြောင့် အဆင်မပြေပြဿနာ များရတတ်ပါတယ်။ ပညာရေးကံ ကတော့ အထူးကောင်းနေပါတယ်။
အကျိုးပေး ဂဏန်း ၃/ ၆/ ၉
အထူးဟော အလုပ်စီးပွား ကောင်းမည်
ယတြာ မေတ္တာသုတ် ရွတ်ပွားပါ
ဗုဒ္ဓဟူး
အတိတ်က ရင်းထားပြီး မအောင်မြင်တဲ့ အလုပ်တွေ ရှိရင် ဒီကာလမှာ အကျိုးအမြတ်တွေ ရှိလာပါလိမ့်မယ်။ ၀န်ထမ်းများ နေရာ အပြောင်းအရွှေ့ ဆိုတာမျိုးလည်း တွေ့ရကြုံရတတ်ပါတယ်။ မိမိအနေနဲ့ ဒီကာလအတွင်း အရာရာတွန့်ဆုတ်နေမိတတ်ပါတယ်။
အလုပ်ခွင်ထဲမှာလည်း နှေးကွေးလေးလံ နေပါလိမ့်မယ်။ ကျန်းမာရေးကို ဒီကာလမှာ အခြား အချင်းအရာများထက် ပိုပြီးတော့ ဂရုစိုက် ပေးစေချင်ပါတယ်။ သွေးတိုး၊ ဆီးချို၊ သွေးချိုရှိသူများအမြဲတမ်း စက်နဲ့တိုင်းတာနေသင့်တဲ့ကာလပါ။
မတည့်တဲ့ အစားအစာများကို စိတ်အလိုလိုက်ပြီး မစားမိပါစေနဲ့။ ငွေကြေး ချေးငှားမိရင်တော့ ပြန်ရဖို့ ကြန့်ကြာတတ်ပါတယ်။ လူမျိုးခြား တစ်စိမ်းတစ်ရံ တွေနဲ့ စီးပွားဖက် ဖြစ်လာမဲ့ ကာလပါပဲ။ လူမျိုးခြားတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။
ချစ်သူအပေါ် စိတ်ဝင်စားမှု လျော့နည်းနေတာကြောင့် ချစ်သူရဲ့ ငြိုငြင်ခြင်းကို ခံရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ မိမိအနေနဲ့ အိမ်ထောင်ဘက် အပေါ် စိတ်တိုင်းမကျတာမျိုး ရှိနေပါလိမ့်မယ်။ ပညာရေး အထူး ကောင်းပါတယ်။ မိမိ ကြိုးစားမှုက အရာထင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၇/ ၀ /၎
အထူးဟော အလုပ်များ ဗျာများ နေရတတ်တယ်။
ယတြာ ငွေပန်းလေးတွေ ဘုရားကပ်လှူ ပါ
ကြာသပတေး
ဒီကာလဟာ မိမိ စိတ်ကူး အယူအဆတွေ ပြောင်းလဲရုံမကဘဲ နေရာထိုင်ခင်းလည်း အပြောင်းအလဲ ရှိတတ်တဲ့ ကာလပါပဲ။ ခရီး ယာယီတွေလည်း သွားနေရတတ်ပါတယ်။
ငွေကြေး ချေးငှားခြင်းတော့ လုံးဝ မလုပ်ပါနဲ့။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်တောင်းရ ခက်ခဲနေတတ်ပါတယ်။ စပ်တူ အလုပ်များ အကျိုးမပေးနိုင် သေးတဲ့ ကာလပါပဲ။ ငွေကြေး အကုန်အကျ များနေပါလိမ့် မယ်။
ကျန်းမာရေးကတော့ အရမ်း အညံ့ကြီး မဟုတ်ပါဘူး။ မိုးမိ မခံပါနဲ့။ မတ်တပ်ဖျား မတ်တပ်နာလောက်တော့ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဖက်နဲ့ အလုပ်ကိစ္စတွေကြောင့် ခွဲခွာနေရတာမျိုး ကြုံရတတ်ပါတယ်။
အချစ်ရေး ကတော့ ချစ်သူနဲ့ ရုတ်တရက် လမ်းခွဲရတာမျိုးပဲဖြစ်ဖြစ် ၊ရုတ်တရက် လက်ထပ်ရတာမျိုးပဲ ဖြစ်ဖြစ် စတဲ့ ဆန့်ကျင်ဘက် သဘောမျိုး ကြုံရတတ်ပါတယ်။ ပညာရေးကတော့ မိမိကိုယ်တိုင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဆရာတွေရဲ့ သင်ပြမှုကို နားမရှင်းတာမျိုး ကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၆/ ၅/ ၁
အထူးဟော စိတ်ပန်း လူပန်းဖြစ်ရမည်။
ယတြာ ဥပုသ်နေ့တွင် ရှစ်ပါးသီလ ဆောက်တည် အားထုတ်လိုက်ပါ။
သောကြာ
ရပ်ဝေးကနေ သတင်းကောင်းတွေ ကြားရတတ်သလို အကူအညီတွေလည်း ရလာတတ်ပါတယ်။ စီးပွားရေးလုပ်ရာမှာ ဆွေမျိုး သားချင်းတွေထက် တစိမ်းတရံတွေနဲ့ ကံပိုစပ်တဲ့ကာလပါပဲ။ လက်လွန်ထားတဲ့ငွေကြေးတွေ ပြန်လည်ရရှိ ပါလိမ့်မယ်။
တာဝန်ပေးခံရခြင်း ၊ ဦးဆောင်ဦးရွက် ကိစ္စတွေမှာ နေရာပေး ခံရခြင်းမျိုး ကြုံရတတ်ပါတယ်။ အလုပ်ထဲမှာ ရာထူးတိုးမဲ့ ကိစ္စတွေ ရှိရင် မိမိ ရာထူး တိုးသွားတတ်ပါတယ်။ နိုင်ငံခြားကိစ္စတွေမှာ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
ကျန်းမာရေးကတော့ အကောင်းဘက်ကို ပိုများပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုတဲ့ကာလ ပါပဲ။ စကား အပြောအဆို လိမ္မာပါးနပ်မှုရဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။
အိမ်ထောင်ရေး သာယာမည်။ ရည်းစား မရှိသူများ ချစ်သူသစ် ရည်စားသစ် ရလွယ်တဲ့ ကာလပါပဲ။ ပညာရေး ကံကောင်းမည်။ တွက်စာထက် ကျက်စာပိုင်း ပိုမိုဖြစ်ထွန်း နေပါလိမ့်မယ်။
အကျိုးပေး ဂဏန်း ၇/ ၂/ ၈
အထူးဟော ကံမြင့်နေမည်။
ယတြာ မိမိနှစ်သက်ရာ ဂုဏ်တော်နဲ့ ပုတီးစိပ်ပါ။
စနေ
စုတ်ရော လာဘ်ရော ဝင်လိမ့်မည်။ ငွေကံကောင်း၍ အဆင်ပြေ နေလိမ့်မယ်။ စန်းပွင့် နေခြင်းကြောင့် ချစ်သူခင်သူ များလိမ့်မည်။ အလုပ်စီးပွား လုပ်ရကိုင်ရ အဆင်ပြေ နေတတ်ပါတယ်။
စိတ်လက်ပေါ့ပါး နေတာကြောင့် ဝန်ထမ်းများ လုပ်ငန်းခွင်ထဲ အားတတ်သရော လုပ်ဆောင် နေမိတတ်ပါတယ်။ လုပ်သင့်တာထက် လုပ်ချင်တာတွေကို လုပ်မိနေပါလိမ့်မယ်။ စပ်တူအလုပ်များ အကျိုးပေး အောင်မြင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ ကံစမ်းသင့်တဲ့ ကာလပါပဲ။
ကျန်းမရေးတော့ ကိုယ်ခံအား ကောင်းနေပါလိမ့်မယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရှေ့ဆက်လုပ်ဆောင် နိုင်ပါလိမ့်မယ်။ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အကူအညီတွေ ရလွယ်ပါတယ်။
အိမ်ထောင်ရေးမှာတော့ အပျော်အပါး အသောက်အစားကြောင့် အိမ်ထောင်ဘက်နဲ့ စကားများရတတ်တယ်၊ အချစ်ရေး အထူး ကောင်းတယ်။ ချစ်သူနဲ့ အမှတ်တရလေးတွေ ကျန်ခဲ့မဲ့ အချိန်ပါပဲ။ ပညာရေးကတော့ အကောင်းဆုံး အချိန်ပါပဲ။ နားလည် လွယ်နေတာကြောင့် စာတွေ အခက်အခဲ မရှိပါဘူး။
အကျိုးပေးဂဏန်း ၇/ ၀/ ၃
အထူးဟော စိတ်ချမ်းမြေ့ရမဲ့ အချိန်ပါ
ယတြာ မိဘတွေကို တတ်နိုင်သလောက် ငွေကြေး ထောက်ပံ့ပါ။
၇ ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင် သုတေသီ)
Post a Comment