Header Ads

သင့်ကို တကယ်ချစ်တဲ့ယောင်္ကျားလေးက ဒါတွေမလုပ်ဘူး..


💓
► သင့်ကို အမြဲတမ်း ပျော်ရွှင်အောင် ဖန်တီးပေးနေလိမ့်မယ် .. သူ့ကြောင့် သင် ရယ်မောနေရရင် သူလည်း ပျော်နေလိမ့်မယ်..

► သင် မကြိုက်တာတွေ သူ (လုံးဝ) မလုပ်ဘူး .. သူစိတ် မထိန်းနိုင်ရင်တောင် လျှော့တယ် (ဥပမာ - ဆေးလိပ် သောက်တာ)

► သင့်အပေါ် သူ အနိုင်မယူဘူး .. သင့်ကို အမြဲ အရှုံးပေးထားပြီးသား ..

► သွားမေးစရာ မလိုဘူး မောင်/ ကိုကို အခု ဘာလုပ်နေတယ်… ချစ်ရေ ဆိုတာကို အမြဲ အစီရင်ခံ နေတယ် ..

► " လွမ်းလိုက်တာ ချစ်ရေ" ဆိုတဲ့ Message မျိုးကို သူပို့ချင်မှ ပို့လိမ့်မယ် .. ဒါပေမယ့် သူ့စိတ်ထဲမှာ သင်အမြဲရှိတယ် ..

► အစား တစ်ခုခု စားရင် သင့်ကို သူ ဘာစားနေလို့ ကျွေးချင်ကြောင်း ချက်ချင်း သတိတရ ပြောလိမ့်မယ် ..

► သင် ဘာပြောပြော "အင်း" လို့ ခေါင်းညိတ်ပြီးသား .. ကွယ်ရာဆိုလည်း သင့် စကားအတိုင်း လိုက်နာတယ် ..

► သင် မျက်ရည် ကျမှာကို သူ အသေကြောက်တယ် .. သူကြောက်သလောက် သင့်ကို စိတ်မညစ်အောင်/ ဝမ်းမနည်းအောင်ထားတယ် ..

► သူက သင့်အတွက်သာ အသည်းငယ်မယ် .. သင့်ကို ကာကွယ်ပေးဖို့ အတွက်ဆိုရင် စိတ်ဓာတ်က သံမဏိလူသားပဲ ..

► သင် အားငယ်ရင် သူ့ကို " ဒီကိုလာခဲ့လို့ " ခေါ်ကြည့်လိုက် .. ချက်ချင်း ရောက်လာပြီး အားပေးနှစ်သိမ့်ပေးလိမ့်မယ်.. (ဘယ်လောက်ဝေးဝေး မမှုဘူးနော် တကယ်ချစ်တဲ့ ယောက်ျားလေးက)

► သင် အနာတရ ဖြစ်ပြီဆိုရင် သူ စိတ်တွေပူနေပြီ .. ရင်ဘက်တွေ ဗလောင်ဆူပြီး အိပ်လို့ရချင်မှ ရလိမ့်မယ် .. သင့်ဒဏ်ရာကောင်းမှ သူအိပ်ပျော်နိုင်မယ် ဆိုတာကိုတော့ သင် သိထားသင့်တယ်..

► သင့်ကြောင့် ကျတဲ့ သူ မျက်ရည်တွေကို သင် ဘယ်တော့မှ သိမှာ မဟုတ်ဘူး စိတ်ချ .. သင့်ကြောင့် သူအမြဲ ပျော်နေရတယ် လို့ပဲ သင့်ကို ထင်စေမှာ ..

► သင့်ရဲ့ စကားတစ်ခွန်းတိုင်းဟာ သူ့ကို Effect ဖြစ်စေတယ် .. သင်က သူ့ကို ချိုးနှိမ် ပြောလိုက်တဲ့နေ့ဟာ
သူ မျက်ရည်ထဲ လက်ပစ်ကူးတဲ့နေ့ပဲ ..

► သူ မကြိုက်တာတွေကို သင်လုပ်ရင် အနည်းနဲ့အများတော့ သင့်ကို ဆူလိမ့်မယ် .. ဒါပေမယ့် သင့်မျက်နှာလေး ညှိုးသွားတာနဲ့ ချက်ချင်း ပြန်ချော့ပြီးသားပဲ ..

► သင့်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရမှာ သူဝန်မလေးဘူး .. သူ့မိသားစုနဲ့ မိတ်ဆက်ပေးရမှာလည်း သူ ဝန်မလေးဘူး ..

► သင့်ကို သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ် မှတ်ယူထားတဲ့အလျောက် ဘယ် မိန်းကလေးနဲ့မှ သူမရှုပ်ဘူး ..
ခပ်ကင်းကင်းပဲ နေတယ် ..

► သဝန်တိုတာတွေ စိတ်ကောက်တာတွေကို သူ နားလည်ပေးတယ် .. အဲ့အတွက်လောက်နဲ့ သင့်ကို ရန်မရှာဘူး ..

► အလုပ်မအားရင် အလုပ်ကို မြန်မြန်ပြီးအောင် လုပ်ပြီး သင့်ဆီ အမြန်ဆုံး ဆက်သွယ်လိမ့်မယ်.. အလုပ်ကြောင့် သင့်အပေါ်ထားရှိတဲ့ သူ့အချစ်ကို အတိမ်းအစောင်း မခံဘူး ..

► သင် သူ့အပေါ် အရမ်း ဆိုးရင်လည်း သင့်ကို သူမငြိုငြင်ဘူး .. သင့်ကို ကလေးလေး တစ်ယောက်လိုပဲ မြင်လိမ့်မယ် ..

► သူ့မျက်လုံးထဲမှာ အလှဆုံး မိန်းကလေးဟာ သင်ပဲ .. ဘယ်လောက်ချောတဲ့ မိန်းကလေးတွေ့တွေ့ သူက သင်သာလှတယ် ထင်တယ် ..

► တခြား မိန်းကလေး တစ်ယောက်ကြောင့် သင့်ကို ရန်လိုပြတာမျိုး သူလုံးဝ မလုပ်ဘူး.. ဘာပဲဖြစ်ဖြစ် သင့်ဘက်မှာ သူ ရှိတယ် ..

► သူ စိတ်ညစ်နေရင် သင့်ကို ရောပြီး စိတ်မညစ်စေချင်လို့ ဘာကိစ္စဆိုတာ သူပြောမှာ မဟုတ်ဘူး.. သင် အတင်းမေးရင်တောင် ပြောချင်မှ ပြောလိမ့်မယ် ..

► သင် တခြား ယောက်ျားလေးတွေနဲ့ ရောရောနှောနှော နေရင် သူသင့်ကို စိတ်မချလို့ တားပါလိမ့်မယ် .. ဒါပေမယ့် သင်က နေတယ်ကွာ ဘာဖြစ်လဲ ဆိုရင်တောင် သူက အောင့်သက်သက်နဲ့ နားလည်ပေးထားမှာပါ ..

► သင့်ဘဝကို သူဘယ်တော့မှ ဖျက်ဆီးပစ်မှာ မဟုတ်ဘူး .. သင့်ဘဝကို သူ့ဆီ ပုံအပ်ရမယ့်နေ့ဟာ သူနဲ့သင် လက်ထပ်တဲ့နေ့ပါ ..

► သူက သင့်ရဲ့ အတိတ်ကို စိတ်မဝင်စားဘူး .. သင်တို့ နှစ်ယောက်သားရဲ့ အနာဂတ်ကိုပဲ ခေါင်းထဲထည့်တယ်..

► သူ့အပေါ် သံသယ ဝင်စရာ မလိုပါဘူး .. သူ သင်တို့ နှစ်ယောက်လုံးရဲ့ အနာဂတ် ခရီးအတွက် ကြိုးစားနေတယ် ဆိုတာကို ..

► သူ့ဘက်က သင့်ကို ဘယ်တော့မှ လမ်းခွဲစကား စပြောမှာ မဟုတ်ဘူး .. အကြောင်း အမျိုးမျိုးကြောင့် သင် ခွဲသွားမှသာ သူကျန်ခဲ့မှာ…

ကဲ.. ဒီလို ချစ်သူမျိုး ပိုင်ဆိုင်ထားရပီ ဆိုရင်တော့ ချစ်သူကို Com မှာ mention ခေါ်လိုက်ကြစို့လား… 👨💘

credit - original

No comments

Powered by Blogger.