Header Ads

တော်တော်ထူးဆန်းတဲ့ မိန်းမတွေ ...


မိန်းမသားတွေဟာ အရမ်း ထူးဆန်းလွန်း ပါတယ် ။ တခါတလေမှာ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ ဆီမှာ တွေ့ရတတ် တယ်လေ ။

ဥပမာ ...

နှုတ်ခမ်းပါး နောက်က လျှာဖျားလေးက ၂ ကျပ်သားလောက်သာ ရှိပေမယ့် လက်ဝှေ့ချံပီယံ တယောက်လောက်တော့ သာသာလေး အလဲထိုးနိုင် ပြန်တယ် ။

ပိုးဟက်လောက်ကို သေမလောက် ကြောက်တတ် ကြပေမယ့် ကျားမကြောက်တဲ့ ယောက်ျား တယောက်လောက်ကို အသာလေး ကိုင်လှုပ်နိုင်တယ် ။

လေးလံတဲ့ အရာတွေ မသယ်နိုင်ကြ ပေမယ့် ပေါင် ၁၀၀ ကျော် ဖြစ်လာမယ့် ယောက်ျား တယောက် မကကို (၉) လလောက် ဗိုက်ထဲ ထည့်ထားနိုင် ပြန်တယ် ။

တခုခုဆို အားငယ်တတ် လွန်းကြပေမယ့် တကယ် အခက်ခဲ ကြုံလာပြီ ဆိုရင်တော့ ယောက်ျား ရင့်မာကြီးတွေ အတွက် အားအင် ဖြစ်စေပြန်တယ် ။

အငို လွယ်သူတွေ ဖြစ်ကြပေမယ့် ယောက်ျား တယောက် ငိုနေပြီ ဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့် ပေးနိုင်ကြ ပြန်တယ် ။

အားနွဲ့ လွန်းကြပေမယ့် သန်မာတဲ့ ယောက်ျားတွေကို ငိုငိုပြီး မွေးထုတ်ပေးနိုင် ပြန်တယ် ။

ကြောက်စိတ်ကြောင့် အရာ တော်တော် များများမှာ တွေဝေနေတတ်ကြ ပေမယ့် ဆုံးဖြတ်ပြီး ရင်တော့ ရဲရင့်ပါတယ် ဆိုတဲ့ ယောက်ျားတွေထက် စိတ်ဓါတ် ခိုင်မာနေတတ် ပြန်တယ် ။

များသော အားဖြင့် ယောက်ျားတွေထက် ဥာဏ်ရည် နိမ့်ကြပေမယ့် တခါတရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့ အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် ။

အလှအပ မက်မောတတ်ကြသူတွေ ဖြစ်ပေမယ့် သူတို့ ရင်သွေးအတွက်ဆို အလှပျက်လည်း အပြုံးမပျက် နေနိုင်ကြပြန်တယ် ။

ဖန်ခွက် ကျကွဲသံ လောက်တောင် လန့်တတ်ကြပေမယ့် သားသမီးအတွက် ဘေးကြုံလာပြန်ရင်တော့ ဘယ်ကမှန်း မသိတဲ့ သတ္တိတွေနဲ့ ခြင်္သေ့ ဆိုလည်း ရင်ဆိုင်ရဲကြ ပြန်တယ် ။

အားနွဲ့သော်လည်း သတ္တိ ရှိလွန်းကြတယ် လို့ပဲ ပြောရမလား ၊ အရာရာမှာ နှောင့်နှေးတတ်ကြသူတွေ ဖြစ်ပေမယ့် သားသမီးအတွက် ဆိုရင်တော့ အားလုံးရဲ့ အရှေ့ဆုံးမှာ ရောက်နေတတ်ပြန်တယ် ။

စကား အရမ်း များတတ်ကြသူတွေ ဖြစ်ပေမယ့် သူတို့ နှုတ်ဆိတ်မှုက ယောက်ျား တယောက်ကို နေမရ ဖြစ်စေနိုင် ပြန်တယ် ။

သူတို့ ဖွင့်ဟတဲ့ စကားလုံး တိုင်းဟာ အရေးမကြီးပေမယ့် ထုတ်ဖော် မပြောပဲ မျိုသိပ်ထားတဲ့ သူတို့ရင်ထဲက စကားလုံးတွေဟာ တန်ဖိုး ရှိလွန်းနေတတ် ကြပြန်တယ် ။

အသည်းနုသူတွေ ဖြစ်ကြပေမယ့် သူတို့ အသည်းမာပြီ ဆိုရင်တော့ ယောက်ျား တယောက်ကို ရူးသွပ်စေနိုင် ပြန်တယ် ။

ချစ်ပါတယ်လို့ တဖွဖွ မပြောတတ်ကြ ပေမယ့် တဖွဖွ ပြောတတ်တဲ့ ယောက်ျားတွေထက် ပို ချစ်တတ်ကြပြန်တယ် ။

တကယ်တော့ သူတို့တွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ပုခက်လွှဲသော လက်တွေပါပဲ ...... ။

အားနွဲ့ပေမဲ့လည်း သတ္တိရှိလွန်းကြပါတယ် ..... ။

ThuraNaing

No comments

Powered by Blogger.