အချစ်ကျိန်စာ..
ငါနဲ့ ပြတ်သွားတဲ့အခါ ဘာဖြစ်ပါစေ ၊ ညာဖြစ်ပါစေ ၊ ဘယ်လိုတွေ ဖြစ်ပါစေ ဆိုပြီး သူ့ကို ကျိန်စာ တိုက်စရာ မလိုပါဘူး ။
သူ့ကို ကိုယ့်ဘက်က အကောင်းဆုံး ချစ်ပေးခဲ့ရင် သူ့အလိုလို ကျိန်စာ မိတယ် ။
ဘယ်လို ကျိန်စာမိမလဲ ဆိုတော့ ကိုယ့်လောက် ချစ်တဲ့သူကို ရှာမတွေ့နိုင်တော့တဲ့ ကျိန်စာ ။
သူ နောက်တယောက် ရရင် ကိုယ်ချစ်သလောက် အချစ် မခံရတဲ့အခါ ၊ ဂရုစိုက်မှုတွေ မရတဲ့ အခါ အလိုလို စိတ်ညစ် စိတ်ကုန်လာပြီး ကိုယ့်ကိုပဲ သတိရနေမယ့် ကျိန်စာမျိုး ။
သူ့ဘဝမှာ တော်ရုံ အချစ်ကို မတင်းတိမ်နိုင်တော့ သလို သူကိုယ်တိုင်လည်း သူ့လို သူများက ထားခဲ့မှာကို ကြောက်နေတတ်တဲ့ စိတ်နဲ့ ရင်တထိတ်ထိတ် ချစ်နေရမှာ ။
နောက်တယောက် ရလို့ ထားခဲ့တယ် ဆိုတဲ့ သူတွေလည်း သူတို့ဆီမှာ သူတို့ တွဲတဲ့သူတိုင်း သူတို့လို ဖောက်ပြန်နေမယ် ဆိုတဲ့ အတွေးကြောင့် ဘယ်တော့မှ မပျော်ရဘူး ။ အမြဲ သံသယတွေနဲ့ ကျိန်စာ မိနေတတ်တယ် ။
ကိုယ်နဲ့ ပြတ်လို့ .... ကိုယ်က ကိုယ့်ကို မချစ်တဲ့ သူတယောက်ကို ဆုံးရှုံးလိုက်ရတာ ၊ သူက သူ့ကို အရမ်းချစ်တဲ့သူတယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် တွေးကြည့်လိုက်ရင် သူက ပိုပြီး သနားဖို့ ကောင်းပါတယ် ။
OMG

Post a Comment