Header Ads

သင်ဘာလုပ်သင့်လဲ...


သင့်ရဲ့ ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်း ခြောက်ထောင့်လေးရာ (86,400) ရှိတယ် ။

လူတယောက်က သင့်ဆီက 100 တန် တရွက် ခိုးသွားတယ် ။

ဒါဆိုရင် သင် စိတ်ဆိုး မာန်ဆိုးနဲ့ အဲဒီလူကို လိုက်ရှာဖမ်းဖို့ အတွက် သင့်ကျန်တဲ့ ပိုက်ဆံ (86,300) လုံးကို ပုံပြီး သုံးမလား ။ ဒါမှမဟုတ် မေ့မေ့ ပျောက်ပျောက်လေးပဲ နေလိုက်မလား ။

အဖြေ ကတော့ ရှင်း ပါတယ် ။ စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့ ။

ပိုက်ဆံလေး100 လောက် လျော့သွားတာ အတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင် ဖြစ်နေမလဲ ။

ဟုတ်ပြီ ....
ဒါဆို ကျနော်တို့ ခင်များတို့ ရဲ့တနေ့တာမှာ စက္ကန့်ပေါင်း 86,400 ရှိတယ် ။

အဲဒီအထဲက တစုံတယောက်ကြောင့် စိတ် အနှောင့်အယှက် ဖြစ်ရတဲ့ အချိန် 1 မိနစ် ကျော်ကျော် ( စက္ကန့် 100 လောက် ) အတွက်နဲ့ ဘာကြောင့်များ စိတ်ဆိုး ဒေါသတွေ ထွက်ပြီး ကျန်တဲ့ တနေ့တာရဲ့ လက်ကျန် 86,300 စက္ကန့် လုံးလုံးကို အဆင်မပြေ ဖြစ်အောင် လုပ်မလဲ ။

ဘဝဟာ ကျယ်ပြန့် ပါတယ် ။ အသေးအမွှား ကိစ္စလေးတွေကြောင့် အနှောင့်အယှက် အဖြစ်မခံပါနဲ့ ။

Practical Dreams

No comments

Powered by Blogger.