Header Ads

လူပျိုလားဟင်


" တူ တူ ... တူ တူ ... တူ တူ ... "

ကျနော့် ဖုန်းကို မသိတဲ့ ဖုန်းနံပါတ် တခု နဲ့ ဖုန်းဝင်လာတယ် ။

" ဟလို ... အစ်ကိုကြီးကို စိတ်ဝင်စားလို့ ... အကိုကြီးက လူပျိုလားဟင် "

" ဟုတ် ဟုတ်ပါတယ် ... လူပျိုပါ.. ဒါနဲ့ ညီမက ဘယ်သူလဲဟင် "

" ဘာ ... လူပျို ... ဟုတ်​လား သေနာကြီး ... ရှင့်မိန်းမလေ ...
အသံဖျက်ပြီး ပြောတာနဲ့ နှာခေါင်းက ငြိမ်ငြိမ်ကို မနေနိုင်ဘူး ...
အိမ်ရောက်ရင် တွေ့မယ် ... ဟွန်း "

" ဟာ သွားပြီ ... ဒီ မိန်းမ​တော့ကွာ "

နောက် ၂ မိနစ်လောက် ကြာတော့ တခါ မသိတဲ့ ဖုန်းနံပါတ် နောက်တစ်ခု နဲ့ ဖုန်း ထပ်ဝင်လာ ပြန်တယ် ...

" ဟလို ဦး ...
ဦးက လူပျိုပဲ မဟုတ်လား ဟင် ... "

လာပြန်ပြီ ... ဒီတခါ ဘယ်ရတော့မလဲ ... ဟင်း ဟင်း ဂျင်းကောင်

" ဟာ ... မဟုတ်ပါဘူး အိမ်ထောင်နဲ့ပါ "

" ဟင် ... ရှင် ကျမကို လူပျို ဆိုပြီး ညာတယ်.. အဟင့် အဟင့် ... ရှင် လူလိမ် လူညာ ... "

" ဟင် ! ရွှေသံစဉ်ဆိုင်က သော်တာလားဟင် ...
ဟို ဟို ... မဟုတ်ပါဘူးကွာ
ဦးက နောက်လိုက်တာပါ ... ရှင်းပြပါရစေ ... "

" နောက်လိုက်တာ .. ဟုတ်လား... သေနာကြီး ...
ကိုယ့်မိန်းမ အသံတောင် မသိတော့ဘူး မွှန်နေတာ ...
ဒီနေ့တော့ ရှင် နာပြီ..
ဟိုဟာကို ဓါးနဲ့ ခုတ်ပစ်မယ် ...  နှာခေါင်းကို "

ဒိုးးးးးခ ဘာပဲ ကွာာာာာ ........

Credit

No comments

Powered by Blogger.