မခွဲနိုင်အောင် အရမ်းချစ်မိလို့ပါ
အင်း .... ချစ် အိပ်ပျော် သွားပြီ
မောင့်ကို စိတ်မဆိုးနဲ့နော် ...
ချစ်သောက်တဲ့ သံပုရာရည်ထဲ မောင် အိပ်ဆေး နှစ်ပြား ထည့်ထားတာ ...
မပူပါနဲ့ ချစ်ရာ ... ချစ်ကို မောင်က မဟုတ်တာ မကြံပါဘူး
ခုတော့ ချစ်ကို ခဏ ကြိုးတုတ် ထားချင်တယ်
ပြီးရင် ပြန်ဖြည်ပေးမယ်လေ ... နော်
ချစ် ကလေ အိပ်ပျော်နေရင်လည်း သိပ် ချစ်ဖို့ ကောင်းတယ်
ဒါနဲ့ ဟော့ဒီမှာ တွေ့လား ...
အော် sorry sorry ချစ် အိပ်ပျော်နေတာ မောင်မေ့သွားလို့
ဒါ ရေခဲမုန့်ခြစ်တဲ့ ညှပ်လေ ...
ချစ်က ကောင်လေး ချောချောလေးတွေကို လိုက်ကြည့်တတ် လွန်းလို့
သူတို့အကြောင်း မောင့်ရှေ့မှာ ပြောတဲ့ အခါ မောင်နားလည်ပေးရင်းသာ ခေါင်းညိမ့် နားထောင်နေပေမယ့် နောက်ကွယ်မှာ မချိအောင် ခံစားရတဲ့ နာကျင်မှုကို ချစ် သိလား ...
ဒီလိုမျိုး ထပ်မဖြစ်ရလေအောင် ဟော့ဒီ မျက်လုံးလေးတွေကို မောင် သိမ်းထားပေးမယ် ...
မောင် မနေ့ည ကတည်းက ညှပ်ရဲ့ ထိပ်နားလေးတွေ သွေး ထားတယ်
တုံးနေရင် ချစ် နာသွားမှာ စိုးလို့ ... ချစ် နဲနဲလေး သည်းခံနော်
...
...
...
...
ဟော ... ချစ်ရဲ့ မျက်လုံးလေးတွေက လှချက်ပဲကွာ ... ဟူးးးးး
မောင် ရင်မောမိတာ အဲဒါတွေကြောင့်လည်း ပါတယ်
ခုတော့ မပူရတော့ပါဘူး ... မောင့်လက်ထဲမှာ ချစ်မျက်လုံးလေ
ခဏ ... ... ... ပြီးရင် ... အော် ... သိပြီ ဒီမှာ ... ပင်အပ်
ချစ်ကလေ ပြသနာဖြစ်တိုင်း မောင်နဲ့ လမ်းခွဲဖို့ ပြောတယ် ...
ချစ်ကတော့ ပြောလိုက်တာ ဘာမှ မဟုတ်ပေမယ့် မောင့်မှာ အရမ်း ခံစားရတယ် ချစ်ရဲ့
ချစ်စိတ်တိုတိုင်း အရွဲ့တိုက်တဲ့ စကားလုံးတွေက မောင်နဲ့ ဝေးသွားစေဖို့ အကြောင်းအရင်းလို့ မောင်ခံစားရတယ် ချစ်
ဒီအပ် ကလေ ပိုးသတ် ထားတယ် သိလား
ချစ် ဘာမှမဖြစ်ဘူး မကြောက်နဲ့နော်
ချစ့်ရဲ့ ပါးစပ်ကို စိပေးရုံ လေးပဲ
...
...
...
...
ပြီးပြီ မေးခိုင်ပိုး မဝင်စေရဘူး စိတ်ချနော် .....
ဟူးးးး ချစ်မျက်နှာလေး နည်းနည်းတော့ ပုံပျက်သွားပြီ
ဘာပဲဖြစ်ဖြစ်ပါ မောင်က ချစ်ကို ချစ်တာ ရုပ်ရည်မှ မဟုတ်တာ
ချစ်က ချစ်မို့လို့ ချစ်တာ ...
မပူနဲ့ မောင်က အမြဲတမ်း ချစ်ကို ချစ်နေမှာ ...
တခါတလေ ပြေးထွက်ဖို့ ကြိုးစားတတ်တဲ့ ချစ့်ရဲ့ နှလုံးသားကို မောင်ဒီနေ့ ချုပ်နှောင် ပါရစေ
မောင့်ကို စိတ်မဆိုး ပါနဲ့နော်
မောင့်ရဲ့ ဘဝမှာ ပိုင်ဆိုင်တာဆိုလို့ ချစ်ပဲ ရှိတာ
ချစ်ကို အဆုံးရှုံး မခံနိုင်ဘူး
ချစ်ကို ဆုံးရှုံးရမှာ မောင်ကြောက်တယ်
နည်းနည်းနာမယ်နော် ... ဓားက သေးသေးလေးပါ ချစ်ရဲ့ သိပ်လည်း မကြောက်သွားနဲ့.
...
...
...
...
ကြည့်စမ်း ကြည့်စမ်း ချစ်ရဲ့ နှလုံးသားကို မောင်ပိုင်ဆိုင် ရပြီ
ဒီကမ္ဘာပေါ်မှာ ဘယ်ကောင်လေး မှ ချစ်ဆီ ချဉ်းကပ်ခွင့် မရှိတော့ဘူး ... ဟား ... ဟား ... ဟား ...
ဟားးးးးး ဟားးးးးး ဟားးးးးးး ဟားးးးးး ....
.... .... ... ...
အဲ ချစ်အိပ်ပျော်နေတာပဲ ... ငါမရယ်သင့်ဘူး. ...
Sorry နော် ချစ် အေးအေး ဆေးဆေး အိပ်...
မောင် ချစ်အနားမှာ ထိုင်စောင့် ပေးနေမယ် ....
ဟာ ... မောင် စောင့်ရင်း အိပ်ပျော်သွားနေတုန်း ချစ် အဝေးကို ထွက်သွားရင် ထွက်သွားမှာ
အဲ့လိုတော့ အဖြစ် မခံနိုင်ဘူး
ချစ်ရဲ့ ခြေထောက်တွေ မောင်ခဏ သိမ်းထားမယ်
နေပါဦး လွှ ဘယ်မှာ ထားမိ ပါလိမ့် ....
မကြောက်ပါနဲ့ မောင် က သက်သက် စတာပါ
ချစ်ကို မခွဲနိုင်တဲ့ အချိန်တွေ ကြရင် ... အဲ့ဒါမျိုးတွေ လုပ်ချင်လာလို့ ...
😋😋😋
Credit
Post a Comment