Header Ads

ချစ်သူတွေ ဘာကြောင့် အလွယ်တကူ လမ်းခွဲကြတာလဲ..


ဒီကနေ့ခေတ် လူ အများစုက ဘယ်လို ချစ်ရမလဲ ဆိုတာ မသိကြတော့ တာလား ၊ အချစ်စစ် ဆိုတာကို မေ့လျော့သွားကြတာ ကြောင့်လား မသိ ။ အချစ်ရေးမှာ ရေရှည် ခိုင်မြဲခြင်း မရှိတော့ဘဲ မကြာခဏ လမ်းခွဲ ပြတ်စဲလာ ကြပါတယ် ။

လူတွေက တယောက်နဲ့ တယောက် နားလည်ပြီး ပေးဆပ်ဖို့ ၊ ခွင့်လွှတ် သည်းခံဖို့ ၊လိုက်လျော ညီထွေ ဖြစ်အောင် ကြိုးစားဖို့တွေ မတွေးကြတော့ ပါဘူး ။

အရာ အားလုံးကို လွယ်လွယ် ကူကူ ပဲ ဖြစ်စေလို ကြတယ် ။ ပေါ့ပေါ့ ပါးပါးပဲ နေချင်လာ ကြပြီး အချစ်ရေး ဆိုတာက အလေးအနက် ထားစရာလို့ မမြင်ကြတော့ ပါဘူး ။

ဒီနေ့ခေတ် လူ အများစု ရှာဖွေနေတဲ့ အရာက အချစ် မဟုတ်ပါဘူး ။ လတ်တလော သာယာမှု ၊ တဒင်္ဂ စိတ်လှုပ်ရှားမှု ၊ခဏတာ ပျော်ရွှင်မှုတွေ ရရင် ကျေနပ်နေတဲ့ သူတွေ ဖြစ်နေကြတာပါ ။

ကိုယ့်စိတ် သဘောထားကို နားလည် စာနာနိုင်မယ့် သူထက် ကိုယ်နဲ့ အတူ ပါတီ တက်ပေးမယ့်သူ ရုပ်ရှင်ကြည့်ပေးမယ့်သူ ကိုပဲ လိုချင်ကြ ပါတယ် ။

ပျင်းစရာကောင်းတဲ့ ဘဝမျိုးကို မလိုချင်ဘဲ စိတ်လှုပ်ရှား တက်ကြွနေတဲ့ ဘဝမျိုး ရဖို့ပဲ ကြိုးစားတော့တဲ့ အတွက် တဘဝစာ အဖော် မရှာဘဲ တခဏ အဖော်တွေ နဲ့ပဲ ပြတ်လိုက် ဆက်လိုက် နေရတဲ့ ဘဝကို ရှာဖွေလာကြ ပါတယ် ။

နောက်ထပ် တခုက နည်းပညာ အဆင့်အတန်း မြင့်မားလာမှုကြောင့် လူချင်း တွေပြီး အမှတ်တရတွေ ဖန်တီးယင်း သံယောဇဉ် ကြိုးတွေ ဖြစ်စေမယ့် အရာတွေ မရှိတော့ပါဘူး ။

မက်ဆေ့ခ်ျ တွေ၊ ဖုန်းတွေ၊ ဗီဒီယိုကော တွေက လူချင်း တွေ့ပြီး ရင်းနှီးမှု ယူမယ့် နေရာကို အစားထိုးလိုက်ပါပြီ ။ ချစ်သူ နှစ်ယောက် အတူတူ တွေ့ပြီး အချိန်ဖြုန်းဖို့ မလိုတော့ပါဘူးလို့ ယူဆလာကြ ပါတယ် ။

ဒီနေ့ခေတ်မှာ လူတယောက်ကို ချစ်ဖို့ အတွက် အရင်ဆုံး အတူ အိပ်ပြီးမှ ဆုံးဖြတ်တဲ့ခေတ် ရောက်နေသလို ပါပဲ ။ သစ္စာရှိ ဖို့ထက် လိင်ကိစ္စက ပိုပြီး လွယ်ကူလာတဲ့ အတွက် အချစ်စစ်တို့ သံယောဇဉ် တို့က နောက်မှာ ကျန်နေခဲ့ ပါပြီ ။

ဒီနေ့ခေတ် လူ အတော် များများက အချစ်ကို တန်ဖိုး မထားကြတော့ တာကြောင့် အသစ် အသစ်တွေ နောက်ထပ် တွေ့နိုင်တယ် ဆိုတဲ့ ခံယူချက်နဲ့ လွယ်လွယ်တွဲ လွယ်လွယ် ကွဲပြီး လမ်းခွဲရတာကို ကစားစရာတစ်ခုလို သတ်မှတ်လာကြတဲ့ သူတွေ များပြားလာ နေပြီ ဖြစ်ပါတယ် ။

Trend

No comments

Powered by Blogger.