ဆွဲဆောင်မှုရှိတဲ့ သူတွေဆီမှာ ရှိတဲ့အချက် (6) ချက်
1) အပြုံး
ဆွဲဆောင်မှုရှိတဲ့ လူတယောက်မှာ အဓိက ကျတဲ့အချက်က အပြုံးပါပဲ ။ အပြုံးတွေ ကတော့ သူ့တို့ မျက်နှာမှာ အမြဲ ရှိနေတတ် ပါတယ် ။
2) ပြောတတ်
ဆွဲဆောင်မှု ရှိတဲ့လူတွေဟာ သူတို့ ရည်ရွယ်တာကို ကျစ်ကျစ် လစ်လစ်နဲ့ ထိထိ ရောက်ရောက် ပြောတတ်သူတွေပါ ။ လိုရင်း မရောက်ဘဲ ဝေ့ဝိုက်နေသူတွေ မဟုတ်ပါဘူး ။
3) အရေးပါတယ်လို့ ခံစားရတယ်
သူတို့နဲ့ စကားပြောတဲ့ အခါ သင်ဟာ အရေးပါတဲ့လူ တယောက်လို့ ခံစားလာရ ပါတယ် ။ ဒီလို ခံစားလာရအောင်လည်း သူတို့က စကားပြောတဲ့ အခါ သင့်ကို ဗဟိုပြု ပြောလေ့ ရှိပါတယ် ။ သူတို့အကြောင်း ပြောခြင်းထက် တဖက်လူရဲ့ အကြောင်းကို နားထောင်ကြ ပါတယ် ။
4) ပျော်ရွှင်စရာ ဇာတ်လမ်း
လူအများ ရှေ့မှာ ပျော်ရွှင်စရာ ဇာတ်လမ်းတွေ ၊ ဟာသ ဇာတ်လမ်းတွေသာ ပြောတတ် ပါတယ် ။ အပြုသဘောက စကြည့်တတ် ပါတယ် ။
5) အပေါင်းအသင်းဖြစ်
သူတို့ဟာ ဆွဲဆောင်မှု ရှိသလို သူတို့ကို ခင်ဖို့ကလည်း လွယ်ပါတယ် ။ ပတ်ဝန်းကျင် အခြေအနေလိုက် အပေါင်းအသင်း ဆံ့အောင် နေတတ်သူတွေ ဖြစ်ပါတယ် ။
6) ယုံကြည်မှု
ဆွဲဆောင်မှု ရှိတဲ့ လူတွေမှာ ယုံကြည်မှု ရှိတာတော့ အမှန်ပါပဲ ။ ယုံကြည်မှု ရှိတာကြောင့် ကိုယ့်ပုံစံနဲ့ကိုယ် နေပါတယ် ။ တခြားလူနဲ့ လိုက်တိုင်းတာမျိုး ၊ အခြားလူကို ခြောက်လှန့်တာမျိုးတွေ လုံးဝ မရှိပါဘူး ။
Duwun
Post a Comment