နှလုံးသားများ နိုးထနိုင်ပါစေ
အိမ်တအိမ်ထဲက ဝါကျင့်ကျင့် မီးရောင်လေးအောက်မှာ လူ ၃ ယောက် ထိုင်နေကြတယ် ။ အဖိုးအို တဦးရယ် လူလတ်ပိုင်း တဦးရယ် ။ ၅ နှစ် အရွယ် ကလေးငယ် တဦးရယ် ။ အဖိုးအို လူလတ်ပိုင်းသည် မျက်နှာချင်းဆိုင် ထိုင်နေပြီး ကလေးငယ် ကတော့ အဖိုးအိုရဲ့ ပေါင်ပေါ်မှာ မပီကလာလေး စကားတွေ ပြောရင်း ဆော့နေတယ် ။
အဖိုးအိုနဲ့ လူလတ်ပိုင်းကြားမှာ အသစ် စက်စက် ပုဆိုး တထည် ၊ အဖြူရောင် အကျီင်္ိ တထည် လင်ပန်းလေးထဲ ထည့်ထားပြီး လူတယောက်ကို စောင့်နေ ကြတယ် ။
အဖိုးအိုရဲ့ မျက်နှာမှာ ကြီးကြီး မားမား အရာ တခုကို ဆုံးရှုံးသွားတဲ့ပုံ ပေါက်နေပြီး စိတ်ထိခိုက်နေတဲ့ ပုံစံ ပ်ါလွင်နေတယ် ။ လူလတ်ပိုင်းက ပျော်ရွင် နေပြီး ဘာမှ မသိသေးတဲ့ ကလေးလေး ကတော့ အပြစ်ကင်းစင် နေတယ် ။
ဒီကနေ့ လူလတ်ပိုင်းက နောက်အိမ်ထောင် ပြုတဲ့နေ့ပေါ့ ။ အရင် အိမ်ထောင်နဲ့ ရတဲ့ သားတဦးကို အဖိုးအိုနဲ့ ထားခဲ့မှာဖြစ်ပြီး လူလတ်ပိုင်း ကတော့ သူ ဒီနေ့ လက်ထပ်လိုက်တဲ့ အမျိုးသမီးနဲ့ လိုက်သွားမယ့် နေ့လေ ။ ကန်တော့ ခံဖို့ အဖိုးအိုက ထိုင်နေရင်း ဒုတိယမြောက် တော်စပ်မယ့် ချွေးမကို စောင့်နေ ရှာတယ် ။
" ဟော သားရေ ပြောရင်းဆိုရင်း မင်းအမျိုးသမီး ရောက်လာပြီ "
ဒီလိုနဲ့ ကန်တော့ ခံရင်း အဖိုးအို မျက်ရည် ကျနေတယ် လူလတ်ပိုင်းက ပြောတယ် ။
" အဖေ ပုဆိုးနဲ့ အကျီင်္ီက အကောင်းစား တွေပါ .... သားလေးကိုလည်း မကြာမကြာ လာကြည့် ပါ့မယ် " တဲ့ ။ အဖိုးအိုက ခေါင်းလေး ငြိမ့်ရင်း...
" မြေးလေး မြေးလေး ဖေဖေ ကို ဦးတော် လုပ်လိုက်ဦး မြေးလေး ..... မြေးလေးရဲ့ ဖေဖေ ဟာ ဖခင်ကောင်း တဦး ဖြစ်ပါတယ် " လို့ ပြောတော့..
ကလေးလေးက ကန်တော့ ရှာတယ် ။ နောက်ယူထားတဲ့ မိန်းမ ကလည်း လင်က ပါတဲ့သား ဆိုတော့ မကောင်းတတ်လို့ ပိုက်ဆံ တချို့ ထုတ်ပေးတယ် ။ အဲ့ဒီ အမျိုးသမီးက အတော်လေး ချမ်းသာ ရှာတယ်လေ ။ ကလေးက မယူဘူး ။
" တီတီ သား အဲ့တာတွေ မလိုချင်ဘူး .... သား ပါးပါး ကိုပဲ လိုချင်တယ် .... ပြီးတော့ ဖိုးဖိုးကို ပေးတာတွေကိုလည်း လိုချင်တယ် " တဲ့ ။
ဖခင်ဖြစ်သူနဲ့ မိခင် အသစ်ကလေး အံသြ သွားတယ် ။
" ဒါတွေက သားမှ ဝတ်လို့ မရတာ သားရယ် ... သားအရွယ် ဝတ်လို့ ရတဲ့ အကျီင်္ိ လှလှလေးတွေ ပါးပါး လာပို့မှာပေါ့ သားရယ် "
ဆိုတော့ ကလေးက မပီကလာလေးနဲ့..
" ပါးပါး ကိုလည်း သားသား ကြီးလာရင် ဦးတော် လုပ်မလို့ " ပါတဲ့ ။
နားထောင်နေတဲ့ အမျိုးသမီးရဲ့ စိတ်မှာ နောက်တချိန် ရှိလာမယ် ရင်သွေးလေးသာ ဆိုရင် အတွေးက သူ့ ဦးနှောက်ကို သတိပေး လာတယ် ။ နှလုံးသားတွေ ပြောမပြတတ်တဲ့ ခံစားမှုတွေ ဖြတ်ပြေးနေတယ် ။
အဲ့ဒီမှာ အဖေဖြစ်သူ မျက်နှာ တဖြည်းဖြည်း ပြောင်းလာတယ် ။ အဖိုးအိုရဲ့ မျက်နှာကို တွေတွေကြီး စိုက်ကြည့်နေတယ် ။ သူ တခုခု ခံစားနေ ရတယ် ဆိုတာ ပေါ်လွင်နေတယ် ။ အဖိုးအိုရဲ့ အသံ တိုးညှင်းစွာ ထွက်လာတယ် ။
" အဖေ ခံစား နားလည်ပါတယ် သားရယ် " တဲ့ ။
အဲဒီ ညလေး မှာ လူလေးယောက် အိပ်မပျော် ဖြစ်နေပါတယ် ။ မနက် အလင်းရောင် ထွက်လာချိန် မှာတော့ အဲဒီ အိမ်လေးမှာ သာယာနေ ပါတယ် ။ မိသားစုရဲ့ အရသာတွေ ပြည့်ဝနေတယ် ။ မေတ္တာ တရားတွေ ပြည့်နှက်မှုကြောင့် သူတို့ စိတ်တွေ နှလုံးသားတွေ ငြိမ်းချမ်းနေပါတယ် ။
ဘာမထီဘွား
Post a Comment