Header Ads

မိန်းမယူတာလား အိမ်ဖော်ခေါ်တာလား


ယောက်ျားတယောက်က သူ့အဝတ်သူ လျှော်နေတာ တွေ့ရင် လူတွေက
" မင်း မိန်းမတယောက် ယူလိုက် ပါလား၊ ကိုယ့်ဘာသာ ကိုယ် မလျှော်ရတော့ ဘူးလေ " လို့ ပြောမယ် ။

ယောက်ျား တယောက် မီးဖိုချောင်မှာ ထမင်းဟင်း ချက်နေတာ မြင်ရင် လူတွေက
" မင်း မိန်းမ ယူလိုက် ပါလား ၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ ဘူးပေါ့ " လို့ ပြောမယ် ။

အသက် ၃၀ အရွယ် ယောက်ျား တယောက် သူ့ရဲ့ အတွင်းခံကို သူ မလျှော်တတ် ၊ သူ့ကော်ဖီ သူ ဖျော်ဖို့ ရေနွေးတောင် မတည်တတ် ၊ သူ့အိပ်ယာသူတောင် မပြင်တတ် ၊ သူ စားပြီးသား ပန်းကန်တောင် သူ့ ဘာ သာ မဆေးတတ်တဲ့ အခါ သူ့ အမေက " မင်း အခြေကျဖို့ လိုပြီ၊ မင်းကို ဂရုစိုက်ဖို့ ပြုစုဖို့ မိန်းမတယောက် ယူတော့ " လို့ ပြောမယ် ။

ဒါက ဘယ်လို ဖြစ်လို့လဲ ။ ဒါတွေကို တခြားတဖက်က နားလည် ရရင် လူတွေရဲ့ စိတ်ထဲကနေ မသိမသာနဲ့ " မိန်းမ ယူတာ ဒီအလုပ်တွေ လုပ်ဖို့ ဖြစ်တယ် " လို့ ပြောသလို ဖြစ်နေတယ် ။ သန့်ရှင်းရေး လုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့ အတွက်သာ မိန်းမ ယူကြပါလို့ ပြောနေသလို ဖြစ်နေတယ်။ ( အများအားဖြင့် မိန်းမတွေဟာ သူတို့ ချစ်တဲ့ ယောက်ျား၊ သူတို့ ချစ်တဲ့ သားသမီး အတွက် ဒါတွေကို လုပ်ပေးချင် ပါတယ် )

ဒါပေမယ့် လူတော်တော်များများက အဲဒီလိုတွေပဲ မြင်နေ ပြောနေကြတဲ့ အခါ အဲဒီလို ယောက်ျားတွေဟာ " အိမ်ထောင်ဖက် " ကို လိုတာလား ဒါမှမဟုတ် အိမ်ထောင်ဖက် အမည်ခံ " အိမ်ဖော် " ကို လိုတာလား လို့ ဝေခွဲမရ ဖြစ်လာတယ် ။

မိန်းမတွေ အများစုဟာ သူတို့ရဲ့ ရှိရင်းစွဲ အသက်ထက် ၃ ဆ ပိုပြီး ရုပ်ရည် ရင့်နေကြတာဟာ စိတ်ဖိစီးမှု တွေ များပြီး ပင်ပန်းကြရ လို့ပါ ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းလေး သုံးနေတဲ့ အချိန်မှာ မိန်းမက အိမ်မှာရှိတဲ့ အလုပ်တွေ မနားတမ်း လုပ်နေရမယ် ဆိုရင် ဖြစ်သင့်ပါ့မလား ။

ယောက်ျားလေးတွေ ကိုယ့်ပန်းကန်ကိုယ် ဆေးတာ မှားတယ်လို့ ဘယ်သူပြောလဲ ။ ယောက်ျားလေးတွေ ကိုယ့်အဝတ်ကိုယ် လျှော်တာ ဘယ်ကောင်က မှားတယ်လို့ ပြောလဲ ။ ယောက်ျားလေးတွေ အိပ်ယာခင်း လဲတာ ၊ စောင်ခေါက်တာတွေက မှားတယ် လို့ကော ဘယ်သူက ပြောလဲ ။

ကိုယ်ချစ်လို့ လက်ထပ် ယူထားတဲ့ အမျိုးသမီး ၊ ကိုယ်နဲ့ အတူတူ နေနေတဲ့ ချစ်သူကို ကူညီပေးဖို့ အတွက် ဘာတွေများ အများကြီး စဉ်းစားဦး မှာလဲ ။ ကလေးလေး တယောက်လို အပြုစု အယုယ ခံချင်ရင် အိမ်ထောင်ပြုဖို့ အစား သူများ မွေးစားတာ ခံလိုက်ဖို့သာ ကောင်းပါတယ် ။

ဒါပေမယ့် ကိုယ်က ချစ်လို့ ၊ တန်ဖိုး ထားလို့ ၊ အတူတူ နေချင်လို့ ဒီအမျိုးသမီးနဲ့ အိမ်ထောင် ပြုချင်တယ် ဆိုရင်တော့ သူ့ကို ချစ်ပါ ၊ သူ့ကို ကူညီပါ ။ အမျိုးသမီးတွေဟာ အချစ် ခံရဖို့၊ အကြင်နာ ခံရဖို့၊ တန်ဖိုးထား စောင့်ရှောက် ခံရဖို့ ဖြစ်ပါတယ်။ ကိုယ် လိုအပ်တဲ့ နေရာမှာပဲ သုံးဖို့ မဟုတ်ပါဘူး ။ အမျိုးသားတွေကို လည်း အတူတူ ပါပဲ ။ နှစ်ဦး နှစ်ဖက် ညီညီ မျှမျှ ချစ်ခင် ၊ လေးစား ၊ တန်ဖိုးထား ၊ အပြန်အလှန် ကူညီပေးသင့် ပါတယ်။

Jessica Mozart

No comments

Powered by Blogger.