Header Ads

ကိုကိုရေ မေးစရာလေး ရှိလို့ပါ ....


" ကိုကိုရေ  "

" ဗျာ .... ပြောလေ ချစ် "

" မေးစရာ ရှိလို့ သိလား "

" ဟင့်အင်း သိဘူး "

ဇာတ်လမ်းက စလာပြီလေ ။ သိနေတယ် ဘာလာတော့ မယ် ဆိုတာကို ။ ကျုပ်ချစ်သူ ဆိုတာက ကလေးလိုလို ခွေးလိုလို လို့ ပြောရမလား ။ အသက်မပြည့် တာလား ကျပ်မပြည့် တာလား ဆိုတာ ကျုပ်လည်း မတွေးတက်တော့ဘူး ။

" ဟာကွာ ... မသိလို့ကို မရပူး ခေးကို ချစ်ရင် သိကို သိရမယ် "

သေစမ်း ဟျောင့် ဘုရား သာ တ ထားစမ်း ။ မင်း အရစ်ခံရ တော့မယ် မှတ် .......

ကျနော်နဲ့ သူနဲ့က အသက် ၅ နှစ်လောက် ကွာတယ် ။ အဲ့ဒါ သူရစ်သမျှကို ချစ်တော့ လည်း စိတ်ရှည်လက်ရှည်ဖြေပေး ရအူးမပေါ့ ။

" ဝက် တွေက ဘာလို့ မပိန်ပဲ ဝနေကြတာ လဲဟင် "

အဟင့်ဟင့် တွေးစမ်း သူ စိတ်ချမ်း မယ့် အဖြေကို တခါထဲ ပေး ။
မပေးနိုင်ရင် မင်း ခေါင်း မီးတောက်ပီ မှတ် ။

" ဟိုဟာလေ ဝက်တွေက အစားကြီးလို့ ဝနေတာ ချစ်ရဲ့ "

" ဟုတ်ပဲနဲ့ "

" အယ် .... အဟုတ်ပါ ချစ်ရာ "

" လိမ်တယ် "

ငင့် ..... ကျုပ်မှာလဲ ဝက် အကြောင်းပဲ ပြေးပြီး လေ့လာရ မလို ပဲ ။
ဒင်းလေး အသံတိတ်နေလို့ ကျုပ် လှည့်ကြည့်လိုက်တော့ အောင်မယ် ငတိမ က မျက်ရည်တွေ တောင်ဝဲလို့ ဗျ ။

" ဟာ ခေး .... မျက်ရည်တွေ ဝဲနေတယ် ဘာလို့လဲဟင် "

" စိတ်မကောင်းလို့ပါ ကိုကို "

" ဟင် "

" ဟုတ်တယ်လေ. ...
ကိုကို က ဝက်တွေ ဝတာ အစား အများ ကြီး စားတယ်လို့ ပြောတာကို "

တောက် ငါ့နှယ်နော် ..... ဝက် ဘက်တော်သားနဲ့ လာတွေ့နေရတယ် ။
မသိရင် ဝက်ကပဲ သူနဲ့ ဆွေမျိုး မကင်းတဲ့ မျက်နှာပေးနဲ့ ဒင်းရုပ်က ......

" အာ ဟုတ်ပါတယ် ဆိုနေ ခေး ကလည်း "

" အာ့ဆိုရင် ခေးတို့ ဘေးအိမ်က ဆိတ် တွေကျတော့ တနေကုန် အစာတွေ စားနေသားနဲ့ ဘာလို့ ဝက်လို မဝ ကြတာလဲဟင် "

" ငင့် "

မလွယ်ကြောလေး ။
ကပ်သီးကသပ်များ မေးနေသလား ဆိုပြီး သူ့မျက်နှာ ကြိလိုက်တော့ ရုပ်တီကြီး နဲ့ ဗျာ။
ကျုပ်မှာလည်း ဘယ်လို ပြန်ဖြေရမလဲ တွေးရင်း မျပ်ရည် တွေ တောင် ဝိုင်းလာတယ် အဟင့် ။

" ဖြေလေ ကိုကို ဆိတ်တွေကြ ဘာလို့ မဝ တာလဲ လို့ "

" အဲ ဟိုဟွာ လေ ... ဘယ်လို ပြောရမလဲ ဆိုတော့ကာ ”

" ကြာတယ် အရမ်းကြာတာပဲ ကိုကို က "

ဟေ ...... မှားပြန်ပီလား ငါ ။ နဲနဲတော့ တင်းဝါးဘီလေ ဘယ်နဲ့ ဖြေပါ့မယ် ဆိုနေ မှကို

" ဘာကြာလို့ လဲ ခေးရာ "

" ကြာတယ် မေးရင်လည်း အဖြေက ကြာတယ် ။ messenger မှာ စာပို့ရင် လည်း Reply ကြာတယ် "

" အန် "

" ဟုတ်တယ် ကိုကို ခေးကို တကယ် မချစ်ပါဘူး "

ဟိုက် လခွမ်းး တပူပေါ် နှစ်ပူဆင့် တဲ့ ဒေါ်ခင်မြင့် ဖြစ် သွားပြန်ပြီ ။

" ဘာဆိုင်လို့လဲ ခေးရာ ကိုကို က တကယ် ချစ်ပါတယ် "

" သိပူး ဘာမှ လာရှင်း မပြနဲ့ "

" ချစ်ရင် မကြာနဲ့ စိတ်မရှည်ပူး ခေးက စိတ်ကြီးတယ် "

ဆိုပြီး ခုနှစ်ရက်လောက် ရေမချိုးရတဲ့ ရုပ်နဲ့ နှက်ခမ်းကြီးက စူထားလိုက်တာများ ။
အမြင်ကပ်ကပ်နဲ့ ဖင်ကြီးကို ပိတ်ကန် ပစ်ချင်တာ အဟုတ်ဗျာ ။

" ဟွာ လေ ကိုကို ဖြေမလို့ လုပ်နေတာ ပဲလေ "

" တော်ဘီ မဖြေ နဲ့တော့ သိချင်တောဘူး "

ဟောဗျာ အာ့တာသာ ကြည့်ကြတော့ ။
အပြောင်းအလဲ မြန်ချက်တွေက ။

" ခေး ကလည်း သိပ်ရစ်နဲ့ ကွာ "

" ဘာ ရှင့် ...
ရစ်ချင်လို့ ကိုထက် အသက်ကြီးတဲ့ ရှင်ကြီးကို ရည်းစား တော်ထားတာလေ "

ဖျားဖျား ရစ်ချင်လို့ ဆိုပဲ ။ ကျုပ်မှာ ဂုဏ်ပဲ ယူရမလို တိုင်နဲ့ ခေါင်းနဲ့ ပြေးတိုက်ရမလို နဲ့ ဗျာ ။

" ဘာလို့ တိတ်သွားတာလဲ ဒီလောက်လေး ရစ်တာကို မကျေနပ်ဖူးလား ပြော "

ဗုဒေါ ဒိလောက်လေး ရစ်တာ ဆိုပဲ ဆန်းကျယ်လိုက်တာ ဗျာ ။

" ကိုကို ကလေ အသက်သာကြီးတာ ကျန်တာ ဘာမှမကြီး ပါလား "

" ငွားး ....... ခေး ဘာတွေ ပြောနာလဲဟင် ဘာတွေ ကြီးရမှာ တုန်း ဟယ် "

" ခေါင်း လေ ခေါင်း
အသက်ကြီးရင် ခေါင်းကြီးရ မယ်လေ ။ အာ့မှ ခေး မေးတာတွေ ကိုကို ဖြေနိုင်မယ်လေ "

တော်သေးတာပေါ့ဗျာ ။
မရှင်းမရှင်းနဲ့ သိပ်ပြောတက်တဲ့ ဒင်း ။ လန့်တောင် လန့်သွားတယ် အဟုတ် ။

" တော်ဘီ ခေး နဲ့ ကိုကို လမ်းခွဲ ကြမယ် "

" ဟေ ..... ဘာဆိုင်လို့ လဲ ခေးရာ "

" သိဘူးဟာ ဆိုင်တယ် ခေး ရစ်တာ မခံနိုင်တာ ခေးကို တကယ် မချစ်လို့ပဲ "

အမလေး အရပ်ကတို့ရယ် ကြားလို့မှ မကောင်းဗျာ ။
အရစ်မခံ နိုင်တာ တကယ် မချစ်လို့ပဲ တဲ့ သေစမ်းဟ ။

" ဟုတ်တယ် ခေး ရစ်တာကို ခံနိုင်မှ
အသစ်တဖန် ခေးဘွထဲ ကို ပြန်ဝင်လာခဲ့ပါ ကိုကို ဘိုင့် ဘိုင့် "

အဲ့ဒီနေ့ထဲက ကျုပ် ချစ်သူလေးနဲ့ လမ်းခွဲခဲ့ရတာ အခုချိန်ထိပဲ ။ အမယ် ပြောရအူးမယ် ဒင်း က ကျုပ်နဲ့လည်း ပြတ်ရော အခုဆို အသက်လည်း ကြီးခေါင်းလဲကြီး ရုံမကဘူး ခေါင်းက ဆံပင်ပါ လွတ်ဖြူနေတဲ့ ဘကြီး တျောက်နဲ့ RS ဒင်း သွားချိတ် နေလေရဲ့ ။

ကြေကွဲလိုက်တာဗျာ အဟင့် ။ အခုထိ သူမေးတဲ့ ဝက်တွေ အကုန် ဘာဖြစ်လို့ ဝ နေကြတာလဲ ဆိုတဲ့ အဖြေကို တွေးရင်း ကျုပ်လည်း အသက် ၃၀ နီးပါး ရောက်လာပြီ ။ အခုထိ အဖြေ မရသေးဘူးရယ်။

သိတဲ့လူများ ရှိရင် လည်း ပြောပြကြပါဦးဗျာ ။

Credit

No comments

Powered by Blogger.