Header Ads

ကောင်မလေး တွေဟာ ဘယ်လိုအချိန်မှာ ကိုယ့်ချစ်သူနဲ့ လမ်းခွဲတတ် ကြသလဲ


ချစ်တာတော့ ချစ်တာပေါ့ ။ ဒါပေမယ့် တချို့သော အခြေအနေ မှာတော့ စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ် ။ ကောင်မလေးတွေဟာ ဒီလိုမျိုး အခြေအနေတွေမှာ သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲ တတ်ကြပါတယ် ။

1) တယောက်ထဲ အထီး ကျန်လာရင်

ကိုယ်မှာ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ တယောက်ထဲ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ တယောက်ထဲ နေရတာ များလာတဲ့ အခါ နေသား ကျသွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူးလို့ ထင်လာပါတယ်။

2) ကိုယ့်ကို အချိန် မပေးနိုင်ရင်

ဟိုနား သွားမယ် ဆိုလည်း မအားသေးဘူး။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုး တွေပါ ။ ဂိမ်းဆော့စရာ ရှိလို့ ၊ ညနေ ဘယ်သူနဲ့ ချိန်းထားသေးတယ်၊ သွားစရာလေး ရှိသေးလို့ ၊ ဒီည ဘယ်ဘောလုံးပွဲ လာမှာ ဆိုတာတွေပေါ့။ ဘောလုံးပွဲက ကိုယ့်ရဲ့ ချစ်သူထက် အရေးကြီးရင် ဘောလုံးနဲ့သာ ဖက်အိပ် လိုက်ပါ ။ ပိုက်ဆံ မပေးနိုင်ရင် မုန့်ဟင်းခါး မစားပါနဲ့ ။ အချိန် မပေးနိုင်ရင် ရည်းစား မထားပါနဲ့ ။ ဒီလို ပြောလို့ အလှူတွေမှာ စတုဒီသာ ကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ ရတယ် ဆိုတဲ့ သူတွေကို တခုလောက် မေးချင်ပါတယ်။ အချိန် မပေးနိုင်ဘဲ ရည်းစား ထားရင်ကော ရှင်တို့ လိုချင်တဲ့ မိန်းကလေးမျိုး ရရဲ့လား လို့ လေ ။

3) အသိအမှတ်ပြုတာ မခံရရင်

ချစ်သူနဲ့ အပြင်တွေ ဘာတွေ သွားတဲ့ အခါမှာ လက်ကို မကိုင်ဖြစ်တာ ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ ကိုယ့်ကို ချစ်သူ တယောက် အနေနဲ့ မိတ်ဆက်ပေးခြင်း မခံရတာတွေ ဟာ ချစ်သူနှစ်ဦး ဝေးကွာခြင်းရဲ့ အစ ပါပဲ။

4) တကိုယ်ကောင်း သိပ်ဆန်နေရင်

အဲ့လို ယောက်ျားမျိုး တွေ ရှိပါတယ် ။ စီးပွားတွက် တွက်တဲ့ နေရာမှာ ယောက်ျားလေးတွေလည်း ပါ ပါတယ်။ ထစ်ခနဲဆို သူ့ဘက်ပဲ ကြည့်နေတဲ့ သူမျိုးဆို မိန်းကလေးတွေက ရွံလာရော ။


5) ကိုယ် တယောက်တည်း ရုန်းကန် ရရင်

ချစ်သူ ရည်းစားတွေ ဖြစ်လာရင် တူနှစ်ကိုယ် ဘဝတော့ တည်ထောင်ချင်ကြတာ ချည်း ပဲလေ ။ မိန်းခလေးဘက် ကချည်း ရုန်းကန်နေရတဲ့ အခါ အချစ် မခံရဘူး ထင်သွားနိုင် ပါတယ် ။ အဲ့ဒီမှာပဲ ပြဿနာက စဖြစ်တော့တာပဲ ။

6) ခန့်မှန်းရ လွယ်နေရင်

မိန်းခလေးတွေ ဟာ သံသယ များတတ်တယ် ဆိုတာ အာလုံးသိကြပါတယ် ။ အရှေ့ကို ကြိုမြင်နိုင်စွမ်းလည်း ရှိပါတယ် ။ အလွယ်ပြောရင် ခန့်မှန်းနိုင်ကြ တယ်ပေါ့ ။ ကိုယ့်ရဲ့ ချစ်သူက ဘယ်အကွက် ရွှေ့နေတယ် ဆိုတာ မိန်းခလေးတိုင်း သိပါတယ် ။ ငါ့ ချစ်သူက ငါ ဘာလုပ်လုပ် မသိပါဘူး လို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေ ချည်း ပါပဲ ။ မိန်းကလေးတိုင်း သိပါတယ် ။ပါးစပ်က မပြောတာဘဲ ရှိတာပါ။

7) ကိုယ့်အပေါ် လိမ်ညာမှု တွေ ရှိလာရင်

သိပ် ထွေထွေ ထူးထူး ပြောစရာတော့ မရှိပါဘူး ။ လိမ်တာကို ဘယ်သူမှ မကြိုက်ကြပါဘူး ။ ဒါပါပဲ။

8) ကိုယ့်ကို ဂရုမစိုက် နိုင်ရင်

တနေ့ကို ဖုန်းအခါ ငါးဆယ်လောက် ဆက် ၊ မက်ဆေ့တွေ ဒလဆက် ပို့နေမှ ဂရုစိုက်တာ မဟုတ်ပါဘူး။ တနေ့လုံး နေလို့မှ စကားလေး တခွန်းတောင် မပြောဖြစ်ရင်တော့ ကိုယ့်အခြေအနေကို ကိုယ့်ဘာ့သာ ကြိုတွေးထားပါ ။

9) ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှ ထူးခြားမှု မရှိရင်

ကိုယ်က ဒီယောက်ျားကို ချစ်လို့ အဆင်ပြေအောင် ၊ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုတာ တဖြည်းဖြည်း သိလာရင် ပြတ်ဖို့ သေချာနေပါပြီ။

10) ဘဝအတွက် သိသာတဲ့ ပြောင်းလဲမှု ရှိလာရင်

ကိုယ့်ရဲ့ ဘဝအတွက် အခွင့်အရေး ကောင်းတွေ အလုပ်အကိုင် ကောင်းတွေက စောင့်နေတယ် ။ ကိုယ့်ချစ်သူကလည်း ဘာမှ မထူးခြားဘူး ( သုံးစားလို့ မရဘူး ) ဆိုရင်တော့ အဲ့ဒီ မိန်းကလေးဟာ ဘာကို ရွေးသင့်သလဲ ဆိုတာကို ဦးနှောက်နဲ့ ဆုံးဖြတ်တတ် ပါတယ် ။ ဒီနေရာမှာ နှလုံးသားရေး ကတော့ ရှုံးသွားတာပေါ့ ။

11) ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်

" လူ့အကြောင်း ပေါင်းကြည့်မှ သိ " တဲ့ ။ အချိန် ကြာလာတာနဲ့ ဒီယောက်ျားမျိုးဟာ ဘယ်လို ဆိုတာမျိုးကို သိသွားရင် ဝေးဝေးက ရှောင်သွားတတ်ကြ ပါတယ်။ 

12) အပြုအမူတွေ ရိုင်းစိုင်းရင်

စကား များတာနဲ့ ထစ်ခနဲ ဆဲဆို အော်ဟစ်တာ ၊ လက်ပါတတ်တာ မျိုးတွေကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး ။ ရန်ဖြစ်တာနဲ့ သင့်ကောင်မလေးက သင့်ကို ပါးတွေချည်း လှိမ့်ရိုက် ရင်ကော သင်ပြုံးပြုံးကြီး ခံနေ မလား ဆိုတာ စဉ်းစားပါ ။

အမေ မွေးကတည်းက ပါလာတဲ့ ဦးနှောက်ကြီးက ဘာတွေ လုပ်ဖို့တုန်း။ ကြိုက်သလို သုံးပါ ။ မိန်းခလေးတွေ ဦးနှောက် သုံးတဲ့ အချိန် ကျရင် ယောက်ျားလေးတွေ လိုက် မမီပါဘူး ။

အစကတော့ ဒီမိန်းခလေးမှ မရရင် သေပါတော့မယ် ဆိုတဲ့ ရုပ်တွေနဲ့ ရလည်း ရပြီးရော အချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိ ပါဘူး ။ အဲ့ဒါကို သတိထားမိတဲ့ မိန်းခလေးတွေက သေချာ စဉ်းစား ဆုံးဖြတ်တဲ့ အချိန် ရောက်တော့မှ သူတို့ တွေ ဘာပြောလဲ သိလား ။ " မင်းတို့ မိန်းမတွေက သစ္စာ မရှိဘူး " တဲ့ ။

သစ္စာတရား ဆိုတာ ထိုက်တန်တဲ့သူ ဆီမှာပဲ မြဲပါတယ် ။ မိန်းမ မရှားဘူးလို့ ကြွေးကြော်နေတဲ့ ယောက်ျားလေးတွေ ရော ရှင်တို့ လိုချင် ပုံစံရှိတဲ့ မိန်းမမျိုး ကမ္ဘာပါတ် ရှာကြည့် ပါလား ။ ထမင်းလွတ် ဟင်းလွတ် ရူးတောင် သွားဦးမယ် ။

Credit

No comments

Powered by Blogger.