လမ်းခွဲခဲ့ရတဲ့ မိန်းခလေးတွေ ဘာကြောင့် ရည်းစားထပ်မထားတာလဲ
ရည်းစား တစ်ယောက်နဲ့ ပြတ်ခဲ့ လမ်းခွဲ ခဲ့ပြီးတိုင်း… မိန်းခလေးတွေ ဘာကြောင့် ရည်းစား ထပ်မထား ဖြစ်တော့တာလဲ?
နှစ်တွေ အချိန်တွေ အတော်ကြာတဲ့အထိ နောက်ထပ် အသစ် မရှာဘဲ Single & FA ဘဝမှာ နေထိုင်သွားကြ တာလဲ?
သေချာတာကတော့.… ဒဏ်ရာတွေ မချိမဆန့် ရခဲ့ဖူးတဲ့အတွက် နောက်ထပ် အချစ်သစ်တစ်ခု ထပ် မ "စ" ရဲတော့တာ။
ဥပေက္ခာတွေ အကြိမ်ကြိမ် ရခဲ့ဖူးတဲ့အတွက် ချစ်တယ် ဆိုတဲ့ အသံကြားတိုင်း သွေးပျက်မတတ် လန့်နေတာ။
မျက်ရည်နဲ့ မျက်ခွက် ငိုခဲ့ဖူးတဲ့အတွက် Propose အလုပ်ခံရတိုင်း ဂေါက်ချင်သလို ဖြစ်သွားတာ။
လှည့်စားခံရပါ များခဲ့ရလွန်းလို့ သစ်ရွက်လှုပ်တာနဲ့ ပြေးပုန်းနေရတဲ့အထိ ကြောက်သွားတာ။ အချစ်ဆိုတာ ကြီးကို စိတ်နာသွားတာလေ။
Feel post လေးတွေ တင်ထားမယ်။ ဘယ် Ex ကိုမှ သတိရနေလို့ မဟုတ်ဘူး။ Photo လှလှလေး တင်ထားမယ်။ ရည်းစားဟောင်း ပြန်လာဖို့ မဲဆွယ်နေတာ မဟုတ်ဘူး။ Rs ထပ်မချိတ်ဘူး Single တင်ထားမယ်။ အရင်လူကို ပြန်မျှော်နေသေးလို့တော့ မဟုတ်ဘူး။
Propose လုပ်ခံရတိုင်း အပြတ်ငြင်းမယ်။ လာ Hi ရင် မသိချင်ယောင် ဆောင်မယ်။ သံယောဇဉ် မဖြစ်ခင်ကတည်းက ဇာတ်လမ်း ဖြတ်ပစ်မယ်။ စကားတွေ အများကြီး မပြောဖြစ်တော့ဘဲ Out ပစ်လိုက်မယ်။ Volume ဂိတ်ဆုံးတင် သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲဖွင့်ပြီး Feel ရတာကို ခုံမင်တတ်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ရကောင်းမှန်း သိတတ်လာမယ်။
၁ နှစ် လည်း ကြာချင်ကြာမယ်… ၂ နှစ် ၃ နှစ်လည်း ကြာချင် ကြာသွားမယ်… ဒါမှမဟုတ် နှစ်တွေ အတော်ကြာရင်လည်း ကြာသွားလိမ့်မယ်။
တကယ်က သူတို့ကို သူတို့ ဒဏ်ခတ်လိုက်ခြင်းပါဘဲ။ နောက်ထပ် မမှားတော့အောင် သတိထားခြင်းပါဘဲ။
နောက်ထပ် သေချာတာက အရင်လို အချစ်ကို အလွယ်တကူ ရွေးချယ်မှာ မဟုတ်တော့ဘူး။ ကိုယ်ကချည်း တစ်ဖက်သတ် ချစ်ပြတာတွေ လုပ်မှာ မဟုတ်တော့ဘူး။
သူတို့က အားယူနေတာ Risk ယူနေတာလေ။ လောကကြီးကို ဇောက်ထိုး ပြန်လုပ်ပြဖို့အတွက်။ အချစ်ဆိုတာကို လှလှပပ ကစားပြဖို့ ချေပြဖို့အတွက်ပေါ့…
credit
Post a Comment