မိန်းမသားတွေရဲ့ဗီဇမှာ မာယာဆိုတာ ပါပီးသားပါ..
မောင်……ဖတ်ဖို့
မောင်… မိန်းမသားတွေရဲ့ ဗီဇမှာကိုက မာယာဆိုတာ ပါပြီးသားပါ။ မောင်ကြူနေတဲ့ မိန်းမတွေလို မာယာမသုံးတတ်ဘူး မထင်နဲ့… မောင့်အတွက်မို့ ဖြူစင်ခဲ့တာ သိရဲ့လား?
မိန်းမဆိုတာ ကျိုက်ထီးရိုးမှာ ရောင်းတဲ့ သေနတ်လို မနာပေမယ့် တော်တော် နားငြီးတယ်.. ဟုတ်တယ်မောင် ဘယ် မိန်းကလေးမှ သူတကယ်မချစ်တဲ့ ယောကျာ်းလေးအပေါ် သဝန်မတိုဘူး… မရစ်ဘူး… စိတ်မကောက်ဘူး… မယုယဘူး…
မောင် မျှော်လင့်ပြီး စောင့်နေရတဲ့ အချစ်ကို ကျွန်မ မကိုးကွယ်ချင်ဘူး… ယုံကြည်မှု အပြည့်နဲ့ ကျွန်မအနားကို ရောက်လာတဲ့ အချစ်ကိုပဲ ပိုပြီး တန်းဖိုးထားချင်တယ်… မောင် ကျွန်မကို ဂရုမစိုက်အရေးမလုပ်တဲ့ သူတွေကို ရင်ထဲမှာ နေရာမပေးချင်တာ ကျွန်မ အထီးကျန်မှာ ကြောက်လို့ပါ…
မောင် တစ်ခါမှားရင် ကျွန်မ ခွင့်လွှတ်ပေးမယ်… နှစ်ခါမှားရင် ကျွန်မ နားလည်းပေးလို့ရသေးတယ်… သုံးခါမှားလည်း ကျွန်မ သည်းခံနိုင်သေးတယ်… ခဏခဏ မှားနေရင်တော့ ကျွန်မ ဥပေက္ခာပြုပါရစေ… မောင်။
ယုံကြည်မှု ဆိုတာ ခဲဖျတ် တစ်ခုလိုပဲ… အမှားတစ်ခု ဖျတ်ပြီးတိုင်း ပါးသွားလို့ ကြာရင် ဖျတ်စရာ မရှိတော့ဘူးလေ… မောင် ကျွန်မ ရင်ခွင်ကိုနန်းတော်လို့ သဘောထားရင် မောင်က ဘုရင်တစ်ပါးပါပဲ… မိဖုရားတစ်ယောက်လို ခစားရမှာက ကျွန်မတာဝန်ပါ။
ကျွန်မ ရင်ခွင်ကို ဇရပ်လို့ သတ်မှတ်ထားရင်တော့ မောင်က သူတောင်းစား တစ်ယောက်ပဲ… အရှက် ဂုဏ်သိက္ခာ ထိခိုက်လာရင် မာနတွေ အကြွေစေ့လို ပစ်ထည့်ပြီး လှည့်ထွက်သွားရမှာက ကျွန်မတို့ မိန်းမသားတွေရဲ့ ကျင့်စဉ်တစ်ခုပါ… မောင်။
PPA (တွံတေး)
Post a Comment