နောက်က လိုက်လာတဲ့ ခေါင်းကြီး
တည...
ကျနော် သခင်မြ ပန်းခြံကနေ ဌာနလမ်းကို အောက်ကြည်မြင့်တိုင်လမ်း အတိုင်း လမ်းလျှောက် ပြန်တယ် ။
ညနက်နေပီ ။ ည ၁ နာရီလောက် ၊ မိုးက ဖွဲဖွဲလေး ရွာနေတယ် ။
ကျနော်လည်း ထီးလေး ဆောင်းပြီး ခပ်သုတ်သုတ် ပြန်တာပေါ့ ။
ဂျမခါနာ အကျော်ရောက်တော့ လမ်းမီးက နီကျင်ကျင်နဲ့ ။
မီးတိုင်ကို ဖြတ်အကျော်မှာ ကျနော့် နောက် ကနေ အရိပ်တခု ကပ်လိုက်လာတာကို တွေ့လိုက်တယ် ။
အရိပ်က .... လူက ကလေး ကိုယ်လုံး ၊ ခေါင်းကြီးကတော့ အကြီးကြီးပဲ ။
ကျနော် စဉ်းစားတယ် ။ ခေါင်းက ဒီလောက် အကြီးကြီးကို ထိန်းလျှောက် နိုင်တဲ့ ကလေး ဆိုတာ လူဖြစ်နိုင်ပါ့ မလား ။ ကြက်သီးတွေ ထလာတယ် ။
လမ်းမမှာ ကားတစီး တလေများ တွေ့မလား ဆိုတော့လည်း လုံးဝကို ရှင်းလို့ ။
ကျနော်ရဲ့ ခြေလှမ်းတွေကို သွက်သွက် လျှောက်တယ် ။ နောက်က ခြေသံကတော့ ကပ်ပါလာတုန်းပဲ ။
လမ်းမီးတိုင် တတိုင် ကျော်တိုင်း အဲ့ဒီ ခေါင်းကြီး ကိုယ်သေး ကလေးသူရဲ အရိပ်ကို ကိုယ့်ရှေ့ ကတ္တရာ လမ်းပေါ် မြင်နေ ရတယ် ။
လှည့်လည်း မကြည့်ရဲ တာနဲ့ အသားကုန် လျှောက်လာလိုက်တာ ဌာနလမ်းရှေ့ ချန်ဘာဘီ မှတ်တိုင်ရောက်တော့ ထမင်းကြော်ဆိုင်လေး ဖွင့်ထားတာ သွားတွေ့တယ် ။
လူလည်း ချွေးတွေပြန်ပြီး တော်တော်လေး မောနေပြီ။
ထမင်းဆိုင် မီးအလင်းရောင်လေးထဲ ဝင်လိုက်ရော ....
အဲ့ဒီဆိုင်က ကတုံးမ ဆိုတဲ့ ကလေးမ က ကျနော့်ရဲ့ နောက် ကို အလန့်တကြား ကြည့်ရင်း ထ အော်တယ် .....
" ဟဲ့ တိုးတက်ထွန်း
နင့် မုန့်ဖက်ထုပ်က ကုန်ပြီလား
ထီးမပါ ဘာမပါနဲ့ ဟယ် ဖျားနေပါဦးမယ် '' တဲ့ ။
ဒီတော့ ကျနော်လည်း နောက်လှည့်ကြည့် လိုက်မှ...
တိုးတက်ထွန်း ဆိုတဲ့ မအေပေး မုန့်ဖက်ထုပ်သည်လေးက ကုန်သွားတဲ့ သူ့ မုန့်ဖက်ထုတ်တောင်းကို ခေါင်းမှာ စောင်းပြီး ကျနော့် နောက်က လိုက်လာတာ ကိုးဗျ ။
မသာလေးက ပြောသေးတယ်
" သားက သရဲ ကြောက်လို့ ဒီဦးလေးနောက် အမှီလိုက်တာ
ဒီဦးလေး ကလည်း လမ်းလျှောက်တာ တော်တော့်ကို မြန်လိုက်တာဗျာ " တဲ့ ....။
ငါလိုးမကလေး ... ။
Credit
Post a Comment