Header Ads

ဒီလိုယောက်ျားတွေကတော့ ရှားတယ်


ယောက်ျားလေးတိုင်းက သင့်ရဲ့ မျက်ရည်ကို သုတ်ပေးချင်ရင် သုတ်ပေးနိုင် လိမ့်မယ်
ဒါပေမယ့် သင့်ကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောက်ျားကတော့ ရှားပါလိမ့်မယ်

ယောက်ျားလေးတိုင်းက သင့်လက်ကို တွဲချင် တွဲပါလိမ့်မယ်
ဒါပေမယ့် သင့်ရဲ့ ဖိနပ်ကြိုးလေးကို ငုံ့ချည်ပေးမယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

ယောက်ျားလေးတိုင်း သင်ကျန်းမာရေး ကောင်းတဲ့ အချိန်မှာ အတူတူ ရှိချင် ရှိလိမ့်မယ်
ဒါပေမယ့် သင် နေမကောင်းဖြစ်နေတဲ့ အခါ အနားမှာ အားပေး ဖေးမကူညီမယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

ယောက်ျားလေးတိုင်းက သင်နဲ့ ရန်ဖြစ်ချင် ဖြစ်ပါလိမ့်မယ်
ဒါပေမယ့် သင် အော်ငေါက် အပြစ်ပြောသမျှကို ချစ်တဲ့ စိတ်နဲ့ ခေါင်းငုံ့ခံနေမယ့် ယောက်ျားကတော့ ရှားပါလိမ့်မယ်

ယောက်ျားတိုင်းက သင့်အချစ်ကို လိုချင်မက်မောချင် မက်မော လိမ့်မယ်
ဒါပေမယ့် သင့် အချစ်ကို တန်ဖိုးထားမယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

ယောက်ျားတိုင်းက သင့်ဘ၀ကို ပြည့်စုံချမ်းသာအောင် ထားချင် ထားလိမ့်မယ်
ဒါပေမယ့် သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်အာင် ထားမယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

ယောက်ျားတိုင်းက သင့်ရဲ့ အပြုအမူလေးတွေ အပေါ် နှစ်သက် မြတ်နိုးချင် မြတ်နိုးလိမ့်မယ်
ဒါပေမယ့် သင်ဆိုးသမျှ ဂျီကျသမျှကို မငြီးမငြူ လုပ်ပေးမယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

ယောက်ျားတိုင်းက သင့်ကို လှပအောင် လုပ်ပေးချင် လုပ်ပေးနိုင် လိမ့်မယ်
ဒါပေမယ့် သင့်ဘဝလေးကို လှပအောင် လုပ်ပေးနိုင်မယ့် ယောက်ျားတော့ ရှားပါလိမ့်မယ်

သင့်ကို ချစ်တဲ့ သူတွေ ဝိုင်းဝိုင်း လည်ချင် လည်နေ ပါလိမ့်မယ်
ဒါပေမယ့် သင့်ကို တကယ့် အချစ်စစ် နဲ့ ချစ်မယ့်သူက တော့ ရှားပါလိမ့်မယ် .....

U kaung Lay

No comments

Powered by Blogger.