Header Ads

background မတောင့်ရင် မစဉ်းစားဘူး...


ကောင်မလေး ​တော်​​တော် ​များများက ကောင်လေး ဘက်က Background မ​တောင့်ရင်​ မစဉ်းစားဘူးတဲ့ ။ ဒါက သိပ်​ အဖြစ် ​မရှိတဲ့ စကားပါ ။

ကိုယ်​နဲ့ ဘာမှ မ​တော်​တဲ့ သူစိမ်း​ ယောက်ျား တယောက်​နဲ့ တ​သက်​လုံး ​နေသွားရ မှာကို ကိုယ့်ကို မှီခိုမယ့် ကောင် ​ကို​တော့ ဘယ်​စောင်ပိန်းမ ကမှ ရွေးမှာ မဟုတ်ဘူး ။

အခု​ခေတ်​ မိန်းခလေး အတော်​များများက Background ဆိုတာထက်​ ကိုယ့်ချစ်သူ ကောင်လေးရဲ့ အရည်​အချင်းကိုပဲ ကြည့် ကြ​တာ​တော့ မငြင်းပါဘူး ။

တူနှစ်ကိုယ် ထမင်းရည်​ အတူတူ ​သောက်​ကြမယ်​ ။ တဲအိုပျက် ​မှာပဲ အတူ​ နေရ ​နေရ ဆိုတာမျိုးက စာထဲမှာပဲ ရှိတာပါ ။ လက်​​တွေ့မှာ မမြဲလို့ ကွဲကြ ကွာကြ တာ​တွေ အများကြီးပါပဲ ။

နှစ်ဦးသား လက်​မထပ်ရ​ သေးခင်​မှာ မပြည့်စုံတာကတော့ ထားပါ ။ နားလည်​​ပေးလို့ ရတယ် ။ ကိုယ်​ချစ်​တဲ့ ​ကောင်​မ​လေးကို ကိုယ့်အနားကို ​ရောက်​​အောင်​ ​ခေါ်ဖို့က သူ့မိဘတွေထက်​ ကိုယ်​က မသာသေး ရင်​​တောင်​ တန်းတူ ထားနိုင်​တဲ့ အ​နေထားမျိုး ​ရောက်​​အောင် ​ကြိုးစားရမှာပဲ ။

နှစ်​​တွေ အကြာကြီး ​တွဲပီးမှ ကိုယ့်ကို လက်​ထက်​ဖို့ စကား​တောင်​ မဟတဲ့ ​ယောက်ျား ၊ ​ကိုယ့်ဘက်​ကလည်း ကိုယ့်အား ကိုယ်​ကိုးပြီး ကြိုးစား ပြရင်း ​စောင့်နေတာ​တောင်​ ဘာမှ မဖြစ်​လာမယ့် ​ယောက်ျားကို ဘယ်​မိန်းခလေးကမှ ဘဝ လက်​တွဲ​ဖော်​ အဖြစ်​ ကိုယ့်ဘဝကို ပုံအပ်​ဖို့ သတ္တိ မရှိကြပါဘူး ။ ချစ်​တာက ချစ်​တာပဲ ။ မမိုက်​ရူးရဲ တာက မမိုက်​ရူးရဲတာပဲ ။

အဓိက ကတော့ background ဆိုတာထက်​ အရည်​အချင်းနဲ့ စိတ်​ဓာတ်​က အဓိကကျပါတယ် ။

တော်တော် ဆိုးတဲ့ အချက်​က ယောက်ျားလေး ​တော်​​တော် ​များများက လိုအပ်​ချက်​​တွေ နဲ့ ဘဝကို ဖြတ်​သန်းလာခဲ့ကြတာ ဆို​တော့ Background မလှတာကို အ​ကြောင်းပြကြပီး စိတ်​ဓာတ်​ပါ မွဲကြတယ်​ ။ စိတ်ဓာတ်မွဲတဲ့ ယောက်ျားလေးတွေကို ပြောတာနော် ။ ယောက်ျား အကုန်လုံးကို မဆိုလိုပါ ။

အဲဒီလို ​ယောက်ျားမျိုးထဲမှာ ကိုယ်​ပါ မပါ ကို​တော့ ကိုယ့်ဘာ့သာကိုယ် ဆုံးဖြတ်ရမှာပါ ။

MAY

No comments

Powered by Blogger.