Header Ads

ကေညီရဲ့ မွေးနေ့ပါတီမှာ ကဲနေကြတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံရဲ့ (ရုပ်သံ)


ပရိသတ်ကြီးရဲ့ အချစ်တွေ သိမ်းပိုက်ထားတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံလေးကတော့ တကယ်ကိုလိုက်ဖက်ညီတဲ့ နတ်ဖက်တဲ့ စုံတွဲလေးလို့ ဆိုရပါမယ်။ မကြာခင်မှာလည်း သားဦးကလေးလေး ရရှိလာတော့မှာ ဖြစ်ပြီး ဖေဖေ အဖြစ်ရာ ထူးတိုးတော့မယ့် မြင့်မြတ် တစ်ယောက်ကတော့ အရမ်းကို ရင်ခုန်စွာနဲ့ ပျော်ရွှင်နေမယ်လို့ ယုံကြည်ပါတယ်။



မေလ (၁) ရက်နေ့ မနေ့က ညကလည်း မွေးနေ့ ပါတီလေး တစ်ခုမှာ အရမ်းကို ပျော်ရွှင်နေကြတဲ့ သူတို့ ဇနီးမောင်နှံရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို မြင်တွေ့ရပါတယ်။ မေလ (၂) ရက်နေ့ ဒီနေ့ရဲ့ မွေးနေ့ရှင်ဖြစ်တဲ့ သရုပ်ဆောင် ကေညီရဲ့ မွေးနေ့ ပွဲပါတီလေးကို မနေ့ညက ကျင်းပခဲ့ကြတာ ဖြစ်ပြီး မြင့်မြတ်တို့ ဇနီးမောင်နှံနဲ့ အတူ အနုပညာ ညီအကို မောင်နှမများက တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။



မွေးနေ့ ပါတီလေးမှာ လွတ်လွတ်လပ်လပ် ကခုန်နေကြတဲ့ live ဗီဒီယိုလေးကိုတော့ အဆိုတော် သရုပ်ဆောင် ယုန်လေးရဲ့ လူမှုကွန်ယက်ကနေ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ Live ဗီဒီယိုလေးကတော့ ဝင်ရောက်ကြည့်ရှုသူ အရမ်းကို များနေပြီး ပရိသတ်တွေ အရမ်းကို သဘောကျနေကြ တာကြောင့် မှတ်ချက်လေးတွေ ဝင်ရေး နေတာပဲ ဖြစ်ပါတယ်။




တကယ်ကို ပျော်စရာ ကောင်းတဲ့ အခိုက်အတန့်လေး ဖြစ်ပြီး မြင်ရသူတွေကိုပါ အပျော်တွေ ကူးဆက် စေခဲ့ပါတယ်။ K ညီရဲ့ မွေးနေ့ပါတီမှာ အပြတ်ကဲနေကြတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေနဲ့ live ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေ ပေးလိုက်ပါတယ် နော်။



သတင်းအရင်းအမြစ် – Kyaw Phone Aung

No comments

Powered by Blogger.