အပျိုကြီး၏ လျှို့ဝှက်သော ခလုပ်
ပဲ အရမ်းများတဲ့ အပျိုကြီး တစ်ယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့ သူတိုင်းကို အိုက်တင် အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့ အသက် ၄၀ ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူ မရှိတော့ဘူး..
နောက်ဆုံး ရှားရှား ပါးပါး ၁၆ နှစ်သား ချစ်သူကောင်လေး တစ်ယောက် ရလိုက်တယ်..
ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့ အတူ ကန်ဘောင်ပေါ်ကို အပျိုကြီးတစ်ယောက် ရောက်လာပါတော့တယ်..
ဒါနဲ့ ကန်ဘောင်မြက်ခင်းပေါ် စကားစမြည်ပြော တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း ဘာညာ ဘာညာ ပေါ့..
ထီးလေး ကွယ်ရင်း ကောင်လေးက အပျိုကြီးကို အနမ်းတွေ ပေးပြီး အရမ်း ဖက်ထားတော့တယ်..
.
.
.
ပြသနာ က အဲ့မှာ စပြီ..
အပျိုကြီး တစ်ယောက် ရည်းစား မထားခဲ့ဖူးဘူးတော့ ရှက်သွေးတွေက ဖျာနေတော့တယ် ။ အဆိုး ဆုံးက ညက အပျိုကြီးတစ်ယောက် TV ကြည့်ရင်း ပဲကြီးလှော် စားခဲ့တယ် ။ မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်းစားခဲ့မိတော့ အပျိုကြီးခမျာ ဗိုက်က ရစ်ပြီး လေလည်ချင်တော့တာပဲ..
ကောင်လေးကလည်း အပျိုကြီးကို အတင်းဇွတ် ဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး..
ဒါနဲ့ အပျိုကြီးတစ်ယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါကျလာတော့တယ်..
ကောင်လေးကလည်း တင်းကြပ်စွာ ဖက်ထားတော့ အပျိုကြီးတစ်ယောက် အံကြိတ် နှုတ်ပိတ်ယုံ မကပဲ အခြေအနေ မဟန်တော့မှန်း သိတော့ သူရဲ့ခြေမလေးပါ အားအကုန် ကွေးထားတော့တယ်..
ဒါကို ကောင်လေးက အလိုက်မသိပဲ ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို မြင်တော့..
" ချစ်မမရယ် ဒီလောက် လှတဲ့ ခြေမလေးတွေကို ဘာလို့ ကွေးထားတာလဲ " ဆိုပီးပြောတော့
အပျိုကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက် ကျရုံ မကပဲ မျက်လုံးပြူးပြီး ခေါင်းပါ ခါတော့သည်.. ( ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ )
ဒါနဲ့ ကောင်လေးကို မပြောမဆိုနှင့် ကွေးထားတဲ့ အပျိုကြီးရဲ့ ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်..
" ဘူ .................. "
" ပွတ် "
သွားပီ လေလည်သံက အကျယ်ကြီးနှင့် အရှည်ကြီး အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်..
အပျိုကြီးခမျာ အရှက် ဗြမ်းဗြမ်းကွဲပြီး ခေါင်းလည်း မဖော်ဝံ့တော့ပါ...
ဒါနဲ့ ကောင်လေးခမျာ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ အပျိုကြီး မရှက်အောင်လို့ ဤသို့ ပြောမိပြောရာ စကားတစ်ခွန်း ပြောထွက်လိုက်တော့သည်...
" စောရီး ချစ် မမရီးရယ် မရှက်ပါနဲ့... ဒီခလုတ်က အီးခလုတ်မှန်း မသိလို့ မှားနှိပ်မိတာပါ... နောက်မနှိပ်တော့ဘူးနော် " ဟူသတည်း...
Credit : မူရင်း
Post a Comment