ရေချိုးနေရင်း သီချင်းဆိုရင် ရရှိနိုင်တဲ့ ကောင်းကျိုး (5) ခု
သီချင်းဆိုတယ် ဆိုတာ ရှက်စရာ မဟုတ်ပါဘူး ။ ကျန်းမာရေး ကိုတောင် ပိုကောင်းစေ ပါတယ် ။ ရေချိုးတုန်း သီချင်းဆိုဖူးကြ သူတွေ ရှိကြမှာပါ ။ တစ်ချို့က ခပ်တိုးတိုး ၊ တစ်ချို့က ခပ်ကျယ်ကျယ် ဆိုကြပါတယ် ။ အသံအား ကောင်းသူတွေ ကျပြန်တော့လည်း အသကုန် ဟစ်တော့တာ ပါပဲ ။ ဘာပဲဖြစ်ဖြစ် ရေချိုးတုန်း သီချင်းဆိုတာဟာ ရှက်စရာ မဟုတ်ပါဘူး။ ရေချိုးချိန်မှာ သီချင်းဆိုတတ်သူတွေ မှာသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
(1) စိတ်ကို ပေါ့ပါးစေ ပါတယ်။ စိတ်ဖိစီးမှုများ ရှိနေတဲ့ အခါ ကိုယ်ဆိုချင်တဲ့ သီချင်းကို ဆိုချင်သလို ဆိုနိုင်ပါတယ်။ အသံကောင်းဖို့၊ စည်းချက်ညီဖို့ စတာတွေ ဘာတခုမှ မလိုပါဘူး။ အားပါးတရ ဆိုလိုက်ပြီးရင် စိတ်ဖိစီးမှုတွေတောင် လျော့ကျသွားစေ ပါတယ်။
(2) သွေးဖိအားကို လျော့ကျစေပါတယ်။ ကော်တီဇောလို့ ခေါ်တဲ့ ဟော်မုန်းဓာတ် တမျိုးကြောင့် ကိုယ်တွင်းပူလောင်တာ၊ ဖျားတာ၊ အပူလျှပ်တာနဲ့ ဆီးချို အမျိုးအစား -၂ ကို ဖြစ်စေနိုင် ပါတယ်။ ဒါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သီချင်းသာ ဆိုလိုက်ပါ။ သီချင်းဆိုခြင်းကြောင့် အဆိုပါ aဟ်ာမုန်းဓာတ်တွေ လျော့ကျစေ ပါတယ်။ သွေးလည်ပတ်မှု ကိုလည်း ကောင်းမွန်စေလို့ သွေးတိုး ရှိရင် သီချင်းသာ များများ ဆိုလိုက်ပါ။
(3) ကြွက်သားတွေ သန်မာစေ အဆိုတော်တွေဟာ သူတို့ရဲ့အသံ ကောင်းကောင်း ထွက်လာဖို့ ရင်ဝမ်းခြားကြွက်သားကို အသုံးပြုကြ ပါတယ်။ ရင်ဝမ်းခြား ကြွက်သားကို သုံးပြီး အသံအား ကောင်းကောင်းနဲ့ သီချင်းလိုက်ဆိုကြည့် လိုက်ပါ။ နောက်ကျောနဲ့ ဝမ်းဗိုက်က ကြွက်သားတွေ သန်မာ လာပါလိမ့်မယ်။
(4) မှတ်ဉာဏ်အားကို ကောင်းစေ ပါတယ်။ သီချင်းဆိုတော့မယ် ဆိုရင် စာသားတွေ မှတ်မိဖို့ လိုပါတယ်။ ဆိုကာစမှာ ဟိုနားမေ့ ဒီနားမေ့ ဖြစ်တတ် ပါတယ်။ ကိစ္စမရှိပါဘူး၊ ဆိုပါ များရင် စာသားတွေ မှတ်မိလာနိုင်လို့ မှတ်ဉာဏ်အားကို မြင့်တက်စေ ပါတယ်။
(5) နာကျင်မှုတွေကို လျော့ကျစေ ပါတယ်။ ယုံနိုင်စရာ မရှိပေမဲ့ ယုံလိုက်ပါ။ ရေချိုးတုန်း သီချင်းဆိုတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်နဲ့ ဒိုပါမင်ဆိုတဲ့ ဟော်မုန်းတွေ ထွက်လာစေ ပါတယ်။ အဲ့ဒီဟော်မုန်းတွေ ဦးနှောက်ကို ရောက်သွားတဲ့ အခါ သင့်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ဦးနှောက်ကို ရောက်ရှိသွားတာ ကြောင့် နာကျင်မှုတွေ၊ ပူဆွေးသောကတွေ အခိုက်အတန့် ပျောက်ကွယ်သွား ပါလိမ့်မယ်။
Steth
Post a Comment