ကျနော် ရည်းစားထားတဲ့အခါ..
တစ်ခါတစ်ခါမှာ ချွဲနွဲ့နွဲ့လေးတွေ ပြောပြီး သူ့ ကို ဘယ်လောက်ထိ ချစ်ကြောင်း ပြချင်တယ်။
တစ်ခါတစ်ခါ ဘုဘောက်ဘောက် စကားလေးတွေ ပြောပြီး သူ့ကို စိတ်ကောက်ချင်တယ်။ ရန်ဖြစ်မယ် ၊ပြန်ချစ်မယ် ၊ ပြတ်သလိုလို ကွဲသလိုလိုနဲ့ နောက်တော့ ပြန်ပြီး ချစ်ကြည့်ချင်တယ်။
သူ စိတ်ဆိုး စိတ်ကောက်တဲ့ အချိန် စိတ်ကျေနပ်တဲ့ အထိ ချော့ဖူးချင်တယ် ။ သူ ဝမ်းနည်းနေတဲ့ အချိန် သူ့ မျက်ရည်လေးတွေကို သုတ်ပေးပြီး နှစ်သိမ့်ပေးဖူးချင်တယ်။
ရံဖန်ရံခါ သူနဲ့ အချိန်ကုန်လို့ ကုန်မှန်း မသိ၊ bill ကုန်လို့ ကုန်မှန်း မသိဘဲ အချိန် အကြာကြီး ဖုန်းတွေ ပြောမယ် ။ ပိုက်ဆံ မလောက်တစ်လောက်နဲ့ နှစ်ယောက် အတူတူ မုန့်တွေ ထွက်စားမယ် ။
အခါကြီး ရက်ကြီးတွေ ရောက်တိုင်း သူ့ လက်လေး ကို တွဲပြီး ဘုရားအတူတူ သွားမယ်။ သူ့ ဖုန်းနဲ့ ကိုယ့်ဖုန်း screen မှာ wallpaper လေးတွေ ဆင်တူ ထားကြည့်မယ် ။ ဒါမှ မဟုတ်လည်း တစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေ တစ်ယောက် ထားကြမယ်။
တစ်ယောက်နဲ့ တစ်ယောက် couple အင်္ကျီလးတွေ ဆင်တူ ဝတ် မယ် ။ ပီးရင် အသည်းယားစရာ ကောင်းတဲ့ အခေါ်အဝေါ်လေးတွေကို ခေါ်ကြည့်ကြမယ်။ ကိုယ် ခံစားရသမျှကို ကိုယ့်ကို နားလည် နှစ်သိမ့်မှု အပေးနိုင်ဆုံး သူ့ဆီမှာပဲ ရင်ဖွင့်မယ်။
ချစ်သူ သက်တမ်း တစ်နှစ်ပြီးသွားတိုင်း ပြီးသွားတိုင်း သူနဲ့ ကိုယ်နဲ့ ချစ်ခဲ့ဖူးတဲ့ အချိန်လေးတွေကို ပြန်ပြီး အမှတ်ရစေမယ် ။ သူ့ လက်ကို မလွတ်တမ်း တွဲပြီး တက္ကသိုလ် ကျောင်းကြီးထဲကို ရဲရဲဝံ့ဝံ့ လျှောက်မယ် ။
တစ်ကယ်တမ်းတော့ သူ , ဆိုတာ ကိုယ့် စိတ်ကူးထဲမှာ ပဲ ရှိနေတဲ့ ကိုယ်စိတ်ကူးယဉ် ဖန်တီးထားတဲ့ ဒြပ် မရှိသေးတဲ့သူ ။
®ခဲတံ®

Post a Comment