မြစ်စုံမှာ ရှယ်ဓာတ်ဖမ်းနေတဲ့ ကွီးနေတိုး
နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နေတိုးတစ်ယောက် ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းမှုတွေ သွားရောက်ပြုလုပ်ရင်း မုန်းလို့ရရင် မုန်းချင်တယ် အဖွဲ့သားများ နဲ့ မြစ်ဆုံမှာ ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အပျော်ကြီး ပျော်နေတဲ့ မင်းသားရဲ့ မျက်နှာပေါ်က ပီတိအပြုံး တွေက တကယ်ကို အေးချမ်းလွန်းပါတယ်။
စစ်ဘေးရှောင်ရင်း လိုအပ်ချက်တွေ များပြားနေတဲ့ ပြည်သူတွေကို တကူးတက သွားရောက် လှူဒါန်းခဲ့တဲ့ နေတိုးနဲ့ မုန်းလို့ရရင် မုန်းချင်တယ် အဖွဲ့သားတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သာဓုအကြိမ်ကြိမ် ခေါ်လိုက်ပရစေ ။ အောင်မြင်တဲ့ မင်းသားတစ်လက် အဖြစ်နဲ့ အနုပညာလောကမှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အကယ်ဒမီ ဆုကိုလည်း သုံးဆုထိပိုင်ဆိုင်ထားခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေကိုလည်း ကာလရှည်ကြာ သိမ်းပိုက်ထားနိုင်တဲ့ မင်းသားချော တစ်ယောက် လည်း ဖြစ်ပါတယ်။ နှင်းဆီ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေကို အမြဲလိုလို ပျော်ရွှင်စေခဲ့တဲ့ ပျက်လုံးအဆန်းတွေနဲ့ ဟာဒယရွှင်ဆေး တိုက်ကျွေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းမှုတွေ သွားရောက်ပြုလုပ်ပြီး ကချင် ပြည်ရဲ့ အလှအပ တစ်ခုဖြစ်တဲ့ မြစ်ဆုံမှာ အလန်းစား ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ ပုံရိပ်တွေက ပရိတ်သတ်တွေကို အမြဲလိုလို ဆွဲဆောင်ခဲ့ပြီး ခပ်ချောချောရုပ် ရည်လေးက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ဆွဲကိုင်လှုပ်ခါနိုင်ခဲ့တာ ယနေ့ထက်တိုင် ပါပဲ။
မင်းသားချော နေတိုးရဲ့ မြစ်ဆုံရောက် အလန်းစား ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်။
Photo : Nay Toe
Post a Comment