အပျင်းကြီးတဲ့ တနင်္ဂနွေ
တနင်္ဂနွေသား/ သမီးတွေ 👉 အပျင်းကြီးတယ်.. ဘယ်လောက် ပျင်းသလဲဆိုရင် ပျင်းဖို့တောင် ပျင်းနေတဲ့သူတွေ 😂 ဥာဏ်ကတော့ ကောင်းတယ်.. အခြားသူတွေ အမြင်မှာတော့ လူလိမ္မာလေး 👮 အိမ်မှာဆို အော်ကြောလန် 🙉
ချောတာမျိုး မဟုတ်ဘူး ချစ်ဖို့ ကောင်းကြတယ်.. မသိတဲ့ လူတွေနဲ့ ကျရင်တော့ ရုပ်တည်ကြီးနဲ့ မာနကြီးတဲ့ပုံ 👧👨 တကယ့်အကြောင်းသိ သူငယ်ချင်းတွေ ကြားထဲမှာတော့ ငပေါ 🏃 အနေအေးတယ် လို့ ထင်ရပေမယ့် တကယ်တမ်းကျ ကုပ်ကမြင်း 😂
သူငယ်ချင်းတွေ ကိုလည်း အရမ်း ခင်တယ်.. အနစ်နာခံပြီး ပေါင်းတတ်တယ် 👬👬 အငြင်းသန် လိုက်တာလဲ လွန်ရော.. သူတို့နဲ့ ပြိုင်ငြင်းမယ့်အစား ကျားဖင်သာ ပြေးနှိုက်လိုက်ပါ 😷 အလုပ်တစ်ခု လုပ်ရင်လဲ ကိုယ့် အသိစိတ်နဲ့ကိုယ် လုပ်တယ် သူတို့ကို အမိန့်ပေးရင် လုံးဝမကြိုက်ဘူး..
ကလေးဆန်တယ် အရွဲ့တိုက် တတ်တယ် တော်ရုံလူ တစ်ယောက်ကို မမုန်းတတ်ဘူး.. မုန်းပြီ ဆိုလည်း နာမည်တောင် မကြားချင်တော့ လောက်အောင်ပဲ.. ခံစားချက်ကို ထုတ်ဖော် မပြောတတ်ဘူး တစ်ယောက်ထဲ ကြိတ်ခံစားနေတတ်တယ်..
အမှတ်သည်းခြေ အငြိုးအတေးလဲ ကြီးတယ် ( မင်း မိုးကောင်းတုန်းတော့ ရွာထားပေါ့ကွာ ငါ့အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ် ဆိုတဲ့ လူမျိုးတွေ 😅 ) ကိုချစ်တဲ့သူက ကိုယ့်ကိုမချစ် ကိုယ့်ကို ချစ်တဲ့သူကိုလည်း ကိုယ်ကမချစ် ဖြစ်နေတတ်တယ် 😋
ကိုယ့်ချစ်သူ အပေါ်လည်း အရမ်း သဝန်တိုတတ်တယ် စိတ်ဆိုးစိတ်ကောက် လွယ်တယ် 😅 အဲ့အချိန် မချော့ပဲ လွှတ်ထားကြည့် သေအောင် ပေါက်ကွဲပြီ ခဏလောက် စိတ်ရှည်ရှည်နဲ့ ချော့ရင်တော့ စိတ်ဆိုးပြေသွားတတ်တယ်..
အထူးသဖြင့် စိတ်ခံစားအရမ်း လွယ်တယ် 😔 သနားစရာ ဇာတ်သိမ်း မလှတဲ့ ဇာတ်လမ်းတွေ ကြည့်ပြီးရင် သူပါ လိုက်ငိုရင်ငို မငိုရင်တောင် မျက်ရည်ဝဲ နေတတ်တယ်.. ချစ်သူအပေါ်မှာလည်း အရမ်း သစ္စာရှိတယ် သူ့တို့ ချစ်သူတွေသာ သစ္စာပြန်ရှိကြည့်လိုက် သက်ဆုံးတိုင် လက်တွဲသွားရတတ်တယ်..
ဘာမဟုတ်တဲ့ ပြသနာသေးသေးလေးတွေက အစ သဝန်တိုတတ်တာမို့ သူတို့ ချစ်သူတွေက နည်းနည်းတော့ သည်းခံပေးလိုက်ပါ ( ချစ်ဖို့ကောင်းပါတယ် အဲ့တာလေးတေက 😁 ) တနင်္ဂနွေ တွေရဲ့ ချစ်သူဖြစ်ပြီ ဆိုတာနဲ့ ချော့နည်းတွေသာ သင်ထား😂 သူတို့က အချော့ကြိုက်တွေ 😂
သူတို့ အသည်းကွဲ သွားပြီဆိုရင်လည်း နောက်တစ်ခါ ထပ်ချစ်ဖို့ တော်တော်လေး လန့်သွားတတ်ကြတယ်.. ရှင်းရှင်းပြောရရင် အချစ်ဆိုတာကို မယုံရဲတော့ဘူး.. ဒါကြောင့် အချို့ဆို ခုထိ FA ဖြစ်တုန်း 😅
သင့်ရဲ့ တနင်္ဂနွေ သူငယ်ချင်း တွေမြင်အောင် share သွားပေးအုံးနော်..
ဒိဗ္ဗစက္ခု
Post a Comment