Header Ads

ကျွန်​မချစ်​သော​ယောင်္ကျားဆိုတာ..


➖➖➖➖

ကျွန်​မအ​ပေါ် အနိုင်​မယူဘဲ နားလည်​မှု ​ပေးနိုင်​ရမယ်​..

ကျွန်​မ အမှား လုပ်​မိတဲ့အခါ မဆူမ​ငေါက်​ပဲ ကျွန်​မ နားလည်​​အောင်​ ရှင်းပြ​ပေးနိုင်​ရမယ်​..

ကျွန်​မ စိတ်​ဆိုးလို့ ​အော်​မိတဲ့အခါ ကျွန်​မကို ပြန်​မ​အော်​ပဲ ကျွန်​မ စိတ်​ဆိုး​ပြေ​အောင်​ ​ဖြေရှင်း​ပေး တတ်​ရမယ်​..

ကျွန်​မ သဝန်​တိုလို့ ရစ်​သလို ဖြစ်​သွားတဲ့အခါ ကျွန်​မ ဘာကို ဆိုလိုချင်​သလဲ ဆိုတာ သ​ဘော​ပေါက်​ တတ်​ရမယ်​..

ကျွန်​မ ဖြစ်​ချင်​တာ လုပ်​ချင်​တာ​တွေ ​ပြောပြတဲ့အခါ ဒါမလုပ်​ရဘူး ဟိုဟာမလုပ်​ရဘူး လို့ မချုပ်​ချယ်​ဘဲ အ​ကောင်းနဲ့ အဆိုးကို ခွဲခြားပြတတ်​ရမယ်​..

ကျွန်​မ အပြစ်​တချို့ကို လက်ငြိုးထိုးပြီး အပြစ်​မ​ပြောပဲ ​နောက်​ကို ကျွန်​မအမှား မလုပ်​မိ​အောင်​ တည်​တည်​ငြိမ်​ငြိမ်​နဲ့ ဆုံးမ​ပေး တတ်​ရမယ်​..

ကျွန်​မ ဝမ်းနည်းလို့ ငို​နေတဲ့အခါ ကျွန်​မ ခံစားချက်​ကို နားလည်​ပြီး ​နွေး​ထွေးစွာ နှစ်​သိမ့်​ပေးနိုင်​ရမယ်​..

ကျွန်​မရဲ့ အားနည်းချက်​တချို့ ရှိတဲ့အခါ လျစ်​လျူမရှုပဲ ကျွန်​မ အားနည်းချက်​​တွေကို ဖြည့်​ဆည်း​ပေး နိုင်​ရမယ်​..

ကျွန်​မနဲ့ စကားများ ရန်​ဖြစ်​ပြီးတဲ့အခါ ကျွန်​မကို ပြန်​​ချော့ဖို့ ဝန်​မ​လေးတဲ့သူ ဖြစ်​ရမယ်​..

ကျွန်​မစိတ်​ထဲ သံသယ ဝင်​​နေတဲ့အခါ ထင်​ချင်​သလိုထင် ​ဆိုပြီး ပြစ်​မထားဘဲ စိတ်​ရှည်​ရှည်​နဲ့ ရှင်းပြ​ပေးနိုင်​ရမယ်​..

ကျွန်​ မအရမ်း ချစ်​တတ်​သလို အရမ်း သဝန်​တိုတတ်​တယ်..​ အဲ့အတွက်​ ကျွန်​မ မကြိုက်​တာ​လေး​တွေကို သူ့ဘက်​က ဆင်​ဆင်​ခြင်ခြင် ​​နေ​ပေးနိုင်​ရမယ်​..

လေးစားစွာဖြင့် ♥ ♥ ♥
credit မူရင်း

No comments

Powered by Blogger.