တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်နာရမယ့် အချက် (10) ချက်
★ ★ ★ ★ ★ ★ ★ ★
(1⃣) ခဏခဏ မလိမ်ညာပါနဲ့
လိမ်ညာတယ် ဆိုတာ တစ်ခါတစ်လေပဲ ကောင်းပါတယ် ခဏခဏ အလိမ်အညာ ခံလာရ ရင်တော့ ဘယ်လောက်ပဲ ချစ်တဲ့ သူဖြစ်နေပါစေ တစ်နေ့ကျရင် ပေါက်ကွဲကာ လမ်းခွဲသွားနိုင် ပါတယ့် တကယ်လို ကိုယ်က အပြစ်ကျူးလွန် ထားတယ် ဆိုလည်း အမှန်တိုင်း ဝန်ခံလိုက်ခြင်းက ရေ ရှည်မှာ ပိုပီး နှစ်ဦးနှစ်ဖက်လုံး စိတ်ချမ်းသာ ရစေပါတယ့်
(2⃣) မာန မထားပါနဲ့
မာန ဆိုတာ ချစ်သူနှစ်ဦးကြားမှာ လုံးဝ မရှိသင့်တဲ့ အရာတစ်ခုပါ ။ သူ ခေါ်မှ ငါခေါ်မယ်၊ သူဖုန်းစဆက်မှ ငါဖုန်းဆက်မယ်၊ သူ မက်ဆေ့ ပိုမှ ငါမက်ဆေ့ ပို့မယ် ။ သူ ဘလော့ ဖြည်မှ ငါစကားစ ပြောမယ် ဆိုပြီး တလွဲ မာန တွေ လုံးဝ မထားကျပါနဲ့ တကယ် ချစ်ရက်နဲ မာန ကြောင့် ဝေးကွာခဲ့ရတဲ့ စုံတွဲ တွေအများကြီးပါ...
(3⃣) မရွဲပါနဲ့
ရွဲတယ် ဆိုတာ ချစ်သူနှစ်ဦးကြားမှ မဟုတ်ပါဘူး.. ဘယ်သူအတွက်မှ မကောင်းပါဘူး.. ပတ်ဝန်းကျင်ကိုပဲ အရွဲတိုက်တိုက် မိဘ ကိုပဲ အရွဲတိုက်တိုက် လောကကြီးကိုပဲ အရွဲတိုက်တိုက် အရွဲတိုက်ခြင်းရဲ့ နောက်ဆုံးသော ရလဒ်က ကိုယ်ပဲ နာကျင်ရတာပါပဲ့ အရွဲတိုက်ခံရတဲ့ ကိုယ်ချစ်သူလည်း စိတ်ဆင်းရဲ ရသလို ကိုယ်လည်းပဲ စိတ်ညစ် စိတ်ပင်ပန်းရတယ့်
(4⃣) ဆပရိုက် လုပ်ပေးပါ
တန်ဖိုးရှိတဲ့ အရာတွေ ပေးမှ ဆပရိုက် ဖြစ်တာ မဟုတ်ပါဘူး.. အမှတ်တရ Anni Day တွေမှာ အမှတ်တရဖြစ်စေမယ့် အနမ်းတစ်ပွင့်လောက် ခြွေလိုက်ရက်လည်း ဆပရိုက်ပါပဲ့ ဒါမှ မဟုတ်လည်း မွေးနေ့လို Day မျိုးမှာ ဝမ်းနုတ်ဆေးလေး ခတ်ပြီး အအေးတိုက်လိုက်ပါ.. ဒါလည်းပဲ ဆပရိုက်ပါပဲ့😁😁😜😜
(5⃣) အလေးအနက် ထားပေးပါ
တစ်ယောက်နဲ တစ်ယောက် Respect ထားခြင်းက ချစ်သူနှစ်ဦး ကြားမှာ ရှိတဲ့ မင်္ဂလာတစ်ပါးပါပဲ့ အပြန်အလှန် Respect မရှိတဲ့အခါ ဘယ်ဆက်ဆံရေးမှ ရေရှည်မှာ မတည်မြဲပါဘူ့း တစ်ဖက်စောင်းနင်း ဆက်ဆံရေးနဲတော့ အချစ်ဆိုတာ ထာဝရ တည်မြဲ ဖိုအလားလာ မရှိပါဘူ့း
(6⃣) ဂရုစိုက်ပါ
မည်မျှ ပင် အလုပ် မအားလပ်နေပါစေ ကိုယ်တကယ် ချစ်တဲ့ ချစ်သူ အတွက် ဆိုရင်တော့ အချိန် အနည်းငယ်လေးလောက်တော့ ပေးပြီး ဂရုစိုက်ပေးပါ.. တစ်ရက်မှာ ၂၄ နာရီလုံးလုံး အချိန်ပြည့် အချိန်ပေးဖို မလိုသလို ၂၄ နာရီမှာ နာရီပိုင်းလောက် အချိန်ပေးနေဖို့ မလိုပါဘူး ၂၄ နာရီမှာ မီနစ်ပိုင်းလာက် အချိန်ပေး ဂရုစိုက်ရုံနဲ ကိုယ်က မီနစ်ပိုင်းတောင် မအားဘူး ဆိုရင်လည်း စက္ကန့်ပိုင်းလောက်ပေးပဲ အချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါ့ ကိုယ်ကို သူက တကယ် ချစ်တဲ့အတွက် သူလည်းပဲ နားလည်မှု ရှိပါတယ်..
(7⃣) ဆက်သွယ်မူ ကို နှလုံးသား ဧရိယာဝန်းကျင်မှာထားပါ
ဝေးကွာနေလို့ တွေ့ခွင့်မရှိဘူး ဆိုရင်လည်း စာလေးနဲပဲ ဖြစ်ဖြစ် ဖုန်းလေးနဲပဲ ဖြစ်ဖြစ် အမြဲတမ်း ချစ်တယ် ဆိုတဲ့ စကားလေးကို ပြောပေးဖို့ လိုသလို အပြင်မှာ မြင်တွေ့နေရတဲ့ စုံတွဲတွေ ဆိုရင်လည်း တစ်ယောက်မျက်နှာ တစ်ယောက် စက္ကန့်ဝက်လောက် ငေးပြီး နဖူးလေးကိုဖြစ်ဖြစ် ညှင်သာစွာ အာဘွားနေစဥ့် ပေးဖိုလိုပါတယ်.. ဒါမှ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းက ရင်းနှီးပြီးတော့ အချစ်တွေက ဧရိယာပြင်ပကို မရောက်မှာပါ့
(8⃣) ပတ်ဝန်းကျင် စကားကို နားမယောင်ပါနဲ့
ပတ်ဝန်းကျင်ကြောင့် ပြိုကွဲရတဲ့ စုံတွဲ အဖြစ်မခံပါနဲ့ ကိုယ်တွေစုံတွဲကို ချီးမြောက်ဖိုထက် တိုက်ခိုက် ရှူံချဖိုကို အမြဲချောင်းနေတဲ့ ပတ်ဝန်းကျင်ရဲ့ သောက်ကျင့်နဲ့ စရိုက်ကို အလိုလိုက်ပြီး ကိုယ် Rs ကို ကိုကိုယ်တိုင် မဖြတ်မိပါစေနဲ့ ကိုယ့်တွေ အချိန်များစွာယူပြီး တည်ဆောက်လာရတဲ့ Rs က ပတ်ဝန်းကြောင့် ပြိုကွဲသွားတဲ့အခါ ပတ်ဝန်းကျင်က ကိုယ်တွေအဖြစ်ကို စုတ်သပ်ပြီး သနားနေမှာတော့ မဟုတ်ဘူး.. လက်ညိုးထိုး ကဲ့ရဲ့ပြီး လှောင်ပြောင်နေမယ် ဆိုတာကို သိထားပါ...
(9⃣) တိုင်ပင်ပါ
ကိုယ်တွေ စုံတွဲက ဘဝ တစ်ခု တည်ဆောက်ဖို့ အထိပါ ရည်ရွယ်ထားတယ် ဆိုရင် အနာဂတ်အတွက် အမြဲတမ်း တစ်ယောက်နဲ့ တစ်ယောက် နှီးနှောဖလှယ် ဆွေးနွေးနေပါ့ ပျော်မြူးဖို့ အလေလိုက်ဖို အီစီကလီ လုပ်ဖို့ကိုချည်းပဲ အချိန်ပေးနေပါနဲ့ နှစ်ယောက်တစ်အိမ်မက် မက်ဖို့အတွက် Plan ကို သေချာ ရေးဆွဲပါ.. အိမ်ထောင်ရေး ဆိုတဲ့ ချောက်ကြီးထဲကို နှစ်ယောက်အတူ လက်တွဲပြီး ခုန်မဆင်းခင်မှာ ကြိုတင် ပြင်ဆင်တဲ့အနေနဲ တစ်ယောက်လက်ကို တစ်ယောက် ရဲဝံစွာ ကိုင်ဆုပ်ထားပါ...
(1⃣0⃣) ပြသနာတိုင်းကို ရဲဝံစွာ အဖြေရှာပါ
ဒုက္ခ ပြသနာ တစ်ခုခုနဲ့ ရင်ဆိုင်လာရတိုင်း ပြသနာကြောင့် ဒေါသကို ရှေ့တန်းမတင်ပဲ ဘာကြောင့် ဖြစ်ရတဲ့ ပြသနာလည်း ဆိုတာကို အသေးစိတ် သိရဖိုအတွက် ပြသနာရဲ့ Source အရင်ရှာပါ့ တဒင်္ဂဖြစ်လာရတဲ့ ဒေါသကြောင့် နှစ်ရှည်လများ တည်ဆောက်လာရတဲ့ Rs တစ်ခုကို ပြိုကွဲ မပစ်လိုက်ပါနဲ့
#Credit
Post a Comment