သူများတွေ သင့်ကိုချစ်တယ် ဆိုတာ သင့်ချစ်သူ သင့်ကို မုန်းနေသလောက် ရှိတာပါ
Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်။ Couple ပုံတွေ 2 ရက်တစ်ခါ တင်ဖြစ်ခဲ့ကြတယ်။ Password တွေ အပြန်အလှန် ပေးခဲ့ကြတယ်။ Tag တွဲပြီး သတိရတဲ့ အကြောင်း ပြောခဲ့ကြတယ်။ ရေစက်ကုန်တော့ Block ၊ Unfri ဖြစ်ကုန်တာပါပဲ။
အသစ်ထွက်သမျှ ရုပ်ရှင် မလွတ်တမ်း ကြည့်ခဲ့ကြတယ်။ Centre တွေဘက် ခြေတိုအောင် Run ခဲ့ကြတယ်။ ဟော့ပေါ့ ၊ အသားကင် အန်ထွက်အောင် စားခဲ့ကြတယ်။ ရောက်လေရာ ဘုရား အတူတူ ဦးတော်လုပ်ခဲ့ကြတယ်။ ဖူးစာမပါပြန်တော့လည်း နှုတ်ဆက်ကွဲကွာ ရတာပါပဲ။
ဗိုက်ဆာတယ် ပြောရင် ချက်ချင်း လာပို့ပေးတတ်တယ်။ Bills မရှိဘူး ပြောရင် မကြာဘူး လှမ်းလွှဲပေးတတ်တယ်။ ကားလမ်းကူးရင် စိတ်မချလို့ နေရာလဲပေးတတ်တယ်။ နေမကောင်းတဲ့အခါ အသေအလဲ ဂရုစိုက်ပေးတယ်။ အချိန်တန်တော့လည်း ပြတ်ခဲ့ကြရတာပါပဲ။
အသဲတစ်ခြမ်း ကလီစာ တစ်မျှင်တွေ ခေါ်ခဲ့ကြဖူးတယ်။ ဘော်ဒါတွေကြားထဲ လက်ဆွဲ ကြွားပြခဲ့ဖူးတယ်။ မိဘဆွေမျိုး အသိုင်းအဝိုင်းထဲ အထိ ခရီးရောက် ခဲ့ဖူးတယ်။ ရွာဦးကျောင်းက ဘုန်းဘုန်းပါ မချန် အပူကပ် ခဲ့ဖူးတယ်။ သည်းမခံနိုင်တဲ့ အဆုံး မြန်မာဘီယာ ကံစမ်းမဲလို ကျေးဇူးတင်ပါတယ်။ တစ်ခွန်းနဲ့ တာ့တာ လုပ်ကြတာပါပဲ။
နှင်းဆီပန်းကြားထဲ စိန်လက်စွပ်ထည့် ရိုဆန်ပြတယ်။ မွေးနေ့ည 12 အတိမှာ အိမ်ရှေ့ထိ အရောက်လာပြီး Surprise လှလှလေး လုပ်ပြတယ်။ လူကြားထဲ ဒူးထောက် Propose လုပ်ပြခဲ့တယ်။ မကြာခင်မှာပဲ မခေါ်မပြောဖြစ်ရင်း ဝေးသွားကြတာပါပဲ။
ဘယ်လောက်ကြာရင် အတူနေမှာ ကတိထားခဲ့တယ် Sedona & Shangrila နေရာ ရွေးခဲ့ကြတယ်။ ဟန်းနီးမွန်းခရီး Plan ကြိုဆွဲထားခဲ့ကြတယ်။ ဖိတ်စာ ဘာအရောင်က အစ တိုင်ပင်ခဲ့ကြတယ်။ မာနတွေ ယှဉ်ပြိုင်မိရင်းကနေ လမ်းခွဲခဲ့ကြတာပါပဲ။
၃ နှစ်တိတိ အတူ ရှိခဲ့တယ်နော်။ ဘေးစကား 3 ခွန်းထဲနဲ့ ပြတ်တယ်။ 5 နှစ်တောင် မြဲခဲ့ကြတယ်နော် Mpt free 5 mins ထဲနဲ့ ပြီးပါပြီ စာတန်းထိုးတယ်။ 7 နှစ်မကလို့ 10 နှစ်ထိ တွဲခဲ့ဦး မက်ဆေ့ခ်ျ တစ်စောင်လောက်နဲ့ ဇာတ်သိမ်းတယ်လေ။
Anni တွေ ဘယ်လောက်ပဲ ကျော်ဖြတ်ခဲ့ အချိန်အကြာကြီး အတူတူ လက်လက်ထခဲ့ တစ်ဘဝစာ ပုံအောပြီး ရင်းနှီးမြုပ်နှံ ထားခဲ့လည်း စိတ်မချရပါဘူး... ဘာမဟုတ်တဲ့ Case ကနေ အစပြု ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ပြတ်ပါတယ်။ မြဲတဲ့ အတွဲကျ မြဲကိုမြဲပါတယ်။ အဖျက်ပေါလေ ပိုခိုင်မြဲလာလေ အတားအဆီးများလေ ပိုနီးစပ်လာလေပါပဲ။
ချစ်လို့ပဲ လက်တွဲ လာခဲ့ကြသေးတာ ထစ်ခနဲရှိ လမ်းခွဲစကား မပြောကြပါနဲ့... အသဲယားလို့ပဲ အတူရှိခဲ့ကြတာ မာနတွေထား မခေါ်မပြော မလုပ်ကြပါနဲ့... တန်ဖိုးထားလို့ပဲ ချစ်ခွင့်ပန်ခဲ့ကြတာ ဂရုမစိုက် ပစ်ထားတာမျိုး မဖြစ်ပါစေနဲ့... အလိုက်မသိဘူး ပြောရအောင် သင့်ဘေးကချစ်သူက အကြားအမြင် ရနေတာမှ မဟုတ်တာ။ နားမလည်ဘူး ပြောရအောင် သင့်ချစ်သူက Super Power ရထားတာမှ မဟုတ်တာ။ စိတ်ထဲ တေးမှတ်မထားပါနဲ့။ ပြသနာ တစ်ခုကို ပုံကြီးမချဲ့ပါနဲ့ အဆုံးသတ် လမ်းခွဲစကား မဆိုပါနဲ့။ တစ်ယောက်က အလျှော့ပေး ရတာပဲလေ။
သူများတွေ သင့်ကို ဂရုစိုက်ပေးတယ် ဆိုတာ သင့်ချစ်သူ အိပ်နေတုန်းယောင်ပြီး ထွက်တဲ့စကား လောက်ရှိတာပါ။ သူများတွေ သင့်ကို သဲသဲလှုပ် ကြွေတယ်ဆိုတာ သင့်ချစ်သူ သင့်ကို စိတ်နာနေသလောက် ရှိတာပါ။ သူများတွေ သင့်ကို ချစ်တယ် ဆိုတာ သင့်ချစ်သူ သင့်ကို မုန်းနေသလောက် ရှိတာပါ။
သင့်ဘဝမှာ ခုလက်ရှိ ချစ်သူလောက် အနစ်နာခံ အနွံတာခံ အပြောအဆိုခံပြီး မခွဲမခွာ ရှိပေးတဲ့သူမျိုး ထပ်မရနိုင်တော့ပါဘူး။ နောင်တရရင် ခုချက်ချင်း ထပြင်ဆင်လိုက်ပါ သင့်ချစ်သူကို ထွက်သွားခွင့် မပေးမိပါစေနဲ့။ ဆုံးရှုံးမှုတန်ဖိုးက သိပ်ကြီးမား နေတတ်လို့ပါလေ။ ။
credit to original
Post a Comment