Header Ads

သံယောဇဉ် အရမ်းကြီးတဲ့ အိုသွေး


အိုသွေးတွေရဲ့ စိတ်ခံစားချက်..

အိုသွေး ဆိုသည်မှာ တစ်ယောက်ထဲ နေထိုင်ရခြင်းကို မြတ်နိုး ကြပါတယ်။  ဒါပေမဲ့ ဘယ်သူကိုမှ မခင်တွယ်လို့  မဟုတ်ပါဘူး။ အရမ်းကို ခင်မင်ရင်းနှီး တတ်လို့ ။  ကိုယ်ကြောင့် သူတစ်ပါး စိတ်ဒုက္ခ ရောက်မှာဆိုးလို့  တစ်ယောက်ထဲ တိတ်တိတ်လေး နေထိုင်နေကြတာပါ။

ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ။ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ စိတ်ညစ်နေတယ် ဆိုတာ သိတာနဲ့  ကိုယ်ရဲ့ စိတ်ညစ်နေတဲ့ ဝေဒနာများကို ဘေး ခဏ ထားပြီတော့ တခြားလူ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေး တတ်ပါတယ်။  တစ်ခါတလေမှာ သူငယ်ချင်းများ အပေါ် နွဲ့ ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေကြပါတယ်။ တခါ တစ်ခါ ရုပ်တည်နဲ့  ဆေးထိုးတတ်ကြပါတယ်။

ကိုယ်နဲ့  မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင်တတ်ကြပေမဲ့ တကယ်  ခင်မင်သူများနဲ့ ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင်တတ်ကြပါတယ်။ ဘယ်အလုပ်တစ်ခုကို လုပ်တဲ့ အချိန် ဖြစ်ပါစေ အချိန်ကို လေးစားတတ်ကြပါတယ်။  နှလုံးသားက အရမ်း နုညံ့ပါတယ်။  စိတ်ခံစားရတာလည်း အရမ်းလွယ်သလို ခု စိတ်ညစ်နေတယ် ခဏနေ ဟန်ဆောင်ပြီးတော့ ပျော်ရွှင်နေသလို နေပြတတ်ပါတယ်။


အိုသွေး ဖြစ်လာပြီ ဆိုတာနဲ့  အသက် ၂၀ ကနေ ၃၅ နှစ်အထိ အချစ်ရေး စန်းပွင့်တတ်ပါတယ်။  ဒါပေမဲ့ ကိုယ်အပေါ် အလေးအနက်မထားတဲ့ လူများကိုသာ တွေ့ ကြုံနေရပါတယ်။  ကိုယ်စတိုင်လ်နဲ့  ကို နေတတ်ကြလို့  အိုသွေးများကို တခြား လူများက အနေ အေးတယ် သွေးအေးတယ်လို့  ထင်မှတ်ကြပါတယ်။  အိုသွေးများ ဒေါသ ထွက်လာတဲ့ အခါမျိုးဆို အိုသွေး ကိုယ်တိုင်တောင် ထိန်းချုပ်ရတာ ခက်ခဲကြပါတယ်။


ငယ်စဉ် ကလေး ဘဝထဲက ယနေ့ အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကို မှတ်သားထားလေ့ ရှိကြပါတယ်။  အိုသွေးများရဲ့ အတွင်းကျတဲ့ စိတ်ဟာ သူတစ်ပါးကို စိတ်ညစ်စေမယ့် အလုပ်မျိုး လုံးဝ မလုပ်ချင်ကြပါဘူး။  သံယောဇဉ် အရမ်းကြီးတယ်။  စိတ်နာသွားရင် လှည့်မကြည့်တတ်ဘူး။  ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ဟန်ဆောင်ပြီတော့ နေထိုင်တတ်ကြပါတယ်။

အိုသွေးများ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ တောင်းဆုပြုပါတယ်..

credit to J2

2 comments:

Powered by Blogger.