Header Ads

ကလေးရဲ့ အမေအရင်းက ဘယ်သူဖြစ်နိုင်မလဲ


ဘယ်သူက အမေ အရင်းလို့ သင် ထင်ပါသလဲ ။ နံပါတ် တခုကို ရွေးချယ်လိုက်ပါ ။ သင်ရွေးချယ်တဲ့ အဖြေက သင့်ရဲ့ ပင်ကိုစရိုက်ကို ဖော်ပြပေး မှာပါ။

သင်ဟာ နံပါတ် ( ၁ ) ကို ရွေးချယ်ထားသူဖြစ်ရင် ....

လူအယောက် ၇၀ ရာခိုင်နှုန်း လောက်က ဒီအဖြေကို ရွေးချယ်ကြ ပါတယ်။ ပြီးတော့ မှားပါတယ်။ ပုံရဲ့ အသေးစိတ်ကို မြင် နိုင်ရန် လုံလောက်တဲ့ စိတ်အာရုံ စုစည်းမှု မရတဲ့ အတွက်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သင့်မှာ ရှိတဲ့ တစ်ချို့သာ ဉာဉ်တွေဟာ သင့်ကို ထူးခြားစေပြီး သီးသန့် ဖြစ်တည်စေ ပါတယ်။ သင်ဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ သူတစ်ယောက် ဆိုလည်း မမှားပါဘူး။ စိတ်ကူး စိတ်သမ်း ကောင်းတွေလည်း ရှိပြီး ပိတ်လှောင် ထားတဲ့ အရာတွေ ကိုတောင်မှ စိတ်ထဲမှာ ပုံဖော်ကြည့် နိုင်တယ်။

ထူးခြားတဲ့ စိတ်နေ စိတ်ထားနဲ့ အတူ ကြီးကျယ်တဲ့ စိတ်ကူး စိတ်သန်းတွေပါ ရှိတာကြောင့် သူငယ်ချင်းမိတ်ဆွေ အလွန် ပေါများတယ်။ ဂီတ ပန်းချီအနုပညာမှာ အလွန် တစ်မူ ထူးသော ရသ ဂုဏ်ရှိပြီး ထိုအရာက လူမှုရေး ကိစ္စတွေမှာ သင့်အား အရေးပါသော အကြံဉာဏ်တွေ ပေးနိုင်စေတာပဲ ဖြစ်ပါတယ်။

ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေပြီး အမှန်တကယ် မျှဝေ ခံစားမှုက အလွန် အသုံးကျသော အကြံဉာဏ် တွေကို ပြုနိုင်စေ ပါတယ်။ သင်ဟာ သိပ် အလုပ် ကြိုးစားသူ ဖြစ်တဲ့အလျောက် သင့် ရည်မှန်းချက်တွေ ပြည့်မီ ဖို့ရာ အလားအလာ ကောင်းတွေ ရှိနေပါတယ်။

သာလွန်တဲ့ ဉာဏ်ရှိသူ တစ်ယောက်အဖြစ် မထင်ရှား ပေမယ့် သင့်ရဲ့ သတ္တိ၊ ဇွဲ၊ လုံ့လတွေက အောင်မြင်မှုတွေဆီ လမ်းပြပေး ပါတယ်။ မိသားစု တစ်ခု ထူထောင် ဖို့က သင့်ရဲ့ အရေးပါသော အခန်း ကဏ္ဍတစ်ခုလို ရှိနေပြီး တကယ် လက်တွေ့ ဖြစ်မလာခဲ့သည့် တိုင်အောင် သင့်အနာဂတ်က ကျေနပ်ဖွယ် ကောင်းနေမှာပါ။

နောက်ဆုံး အနေနဲ့ ကတော့ ပိုက်ဆံ ကို တန်ဖိုး ထားပါ ...



သင်ဟာ နံပါတ် ( ၂ ) ကို ရွေးချယ်ထားသူဖြစ်ရင်

ကလေးငယ်တွေ ကစားတဲ့အခါ မသိစိတ်၏ စေ့ဆော်မှု အရ သူတို့ မိဘရှိရာ ဘက်ကို မျက်နှာမူပြီး ခွင့်ပြုချက် တောင်းတဲ့ အပြုအမူမျိုး ပြုလုပ်လေ့ ရှိကြ ပါတယ်။

မှန်ကန်တဲ့ အဖြေကို တိတိကျကျ ပြောနိုင်တဲ့ အတွက် ဂုဏ်ယူ ပါတယ်။ သင့်မှာရှိနေတဲ့ အသိဉာဏ်က သင့်အတွေးတွေးကို ပိုပီး သာလွန်စေပါတယ်။

သင့် ဦးနှောက်ရဲ့ ဘယ်ဘက် အခြမ်းက အလွန် ဖွံ့ဖြိုး ကြီးထွားတယ်။ ထိုအရာဟာ တွေးခေါ်နိုင်စွမ်းနဲ့ မြော်မြင်မှုတို့ ဆက်နွယ် နေတဲ့ နေရာဖြစ်တယ်။ အတန်းထဲမှာ မေးခွန်းတစ်ခု မေးပြီးဆို အရင်ဆုံး ဖြေနိုင်ခဲ့ခြင်းတွေ အပေါ် အခုက စပြီး မအံ့သြ ပါနဲ့တော့။

သင့်မှာ ရှိတဲ့ ဆင်ခြင်တုံ တရားက သင့်ကို လေးစားဖွယ် ကောင်းပြီး လက်တွေ့ဆန်တဲ့ အကြံပေးသူ ဖြစ်စေတဲ့ အပြင် လူမှု ဆက်ဆံရေးလည်း ကောင်းတယ် ။ ဘာကြောင့်လည်း ဆိုတော့ ထိုအရာက သင် လေ့လာသင်ယူနေတဲ့ အတွေ့ အကြုံတွေ ရဲ့ ပင်မ အရင်းအမြစ် ဖြစ်နေတာကို သိနေလို့ပဲ ဖြစ်ပါတယ်။

အများနဲ့ အတူ မိုးခါးရည် လိုက်သောက် တတ်သော စိတ်နေ စိတ်ထား ပိုရှိခြင်းက ကြည်နူးဖွယ် ကောင်းပြီး သင်ဟာ စစ်မှန်သော ယုံကြည် စိတ်ချရသူ ဖြစ်တဲ့ အပြင် လျှို့ဝှက်ချက် တွေကိုလည်း မြဲမြံစွာ စောင့်ထိန်းနိုင်သူ ဖြစ်တယ်။

ကာမဂုဏ် အာရုံ တက်ကြွတဲ့စိတ် ရှိပုံ ပေါ်တယ်။ ချစ်ရေး ချစ်ရာမှာဆို သင်ဟာ အဆွယ် ခံရသူ ဖြစ်တယ်၊ အဘယ်ကြောင့် ဆိုသော် သင်ရဲ့ လက်တွေ့ ကျမှုတွေက သင့် ပင်ကိုယ် စရိုက်ကို စိတ်ဝင်စားဖွယ် သွက်သွက် လက်လက် ရှိစေတာ ကြောင့်ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ စိတ်ကူး ထဲက သွားချင်နေတဲ့ ခရီးပုံစံ ကတော့ ချစ်သူ ခင်သူ၊ မိတ်ဆွေတွေနဲ့ အတူ သွားရတဲ့ ခရီးပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေပြီး တွေးနေ တတ်သူလည်း ဖြစ်ပါတယ်။

Credit _ ShweMom

No comments

Powered by Blogger.