ကိုယ်ချစ်ရသူတွေရဲ့ အလိမ်ညာခံရတဲ့အခါ ကမ္ဘာပျက်မတတ် ပူလောင်ခဲ့ရတယ်
မေတ္တာဆိုတာ စိတ်ကို သိပ်ပြီးအေးချမ်းစေတဲ့ အရာပါ။ ဘယ်သူတွေ ဘယ်လောက် မကောင်းကြံနေပါစေ။ ဘယ်သူက ဘယ်လောက်ဆဲဆိုနေပါစေ။ ဘယ်သူက ဘယ်လို လိမ်ညာနေပါစေ ……
" သူ င့ါလို့ မခံစားရပါစေနဲ့  '"
" သူ ငါ့လို ဒုက္ခ မကြုံပါစေ "
" သူ ငါ့လို မျက်ရည်မကျပါစေနဲ့  "
" ငါ့လို အလိမ်မခံရပါစေနဲ့  "' စသဖြင့် ဒေါသရဲ့ ဆန့်ကျင်ဖက် မေတ္တာ စိတ်လေးကို မွေးမြူလိုက်တာနဲ့  ရင်ထဲမှာတော့ တဒင်္ဂ အေးချမ်းသွား ခဲ့ရပါတယ် ။
လူတချို က " ငါဆိုတဲ့ အတ္တကြီးတယ် " ကိုယ့်ဖက်က ဘယ်လောက် ကောင်းနေပါစေ ၊ ဘယ်လို ကူညီနေပါစေ ၊ ဘယ်လောက် အနစ်နာခံနေပါစေ ၊ ဘယ်လို ပြုပြင်နေပါစေ ၊ သူတို့ တွေရဲ့ " ငါနေသာထိုင်သာ ရှိရင် ပြီးပြီ " အတ္တက တဖက်လူအပေါ် ဘယ်သောအခါမှ ပြန်ငဲ့ညှာလိမ့်မယ် မထင်နဲ့  ။
ကိုယ့်ရဲ့ မေတ္တာ စေတနာဆိုတာ သူတို့ တွေရဲ့ အတ္တမီးလျှံအောက်မှာ ပြာမှုန် အဖြစ်နဲ့  ပျောက်ကွယ် သွားရစမြဲလေ ။
ပေးဆပ်တာများပြီး အစော်ကားခံရတာ များလာရင် ကိုယ်လည်း တရားကျင့်နေတာ မဟုတ်ဘူး။ ပုထုဇဉ်ပီပီ ဒေါသဆိုတာ ပါလာပြီ။ ဒေါသကတဆင့် သောကတွေပါ လိုက်လာခဲ့ပြီ။ ကိုယ်ပေးထားတာက အေးချမ်းစေတဲ့ မေတ္တာတရားတွေ ခု ပြန်ရလာတာက ပူလောင်မှု သောကတွေ ရှေ ဆက် ဘာလုပ်သင့်လည်း အချိန်မှီ စဉ်းစားဖို့ လိုအပ်လာပါပြီ ။
ရှေ ဆက်ပြီး မေတ္တာတရားတွေ ပေးနေတယ် ထားဦး၊ ပြန်ရနေတာက ပူလောင်ခြင်း သောကတွေ ဒီအပူတွေကို ပူမှန်းသိရဲ့နဲ့  ဆက်ပြီးဆုပ်ကိုင်ထားမလား၊ လွှတ်ချပစ်လိုက်ရမလား ဆိုရင် တစ်နေ့ ထက် တစ်နေ့  ပိုလာရမဲ့ ပူလောင်ခြင်း သောကထက် ဒီနေ့ ဒီအချိန် ဒီနေရာတင် ရေစက်ကုန်သွားပြီ လို့  လွှတ်သာချပစ်လိုက်ပါ ။
ဘယ်လောက် ချစ်ရသူဖြစ်ဖြစ် ၊ ဘယ်လောက် ခင်တွယ် နေသူဖြစ်ပါစေ … အလိမ်အညာခံရတာ များလာရင် မဆက်ဆံသင့်တော့ဘူး စိတ်ဒုက္ခပေးတာ များလာရင် မပါတ်သက်အောင် နေဖို့ လိုအပ်လာပါပြီ ။ ပြန်တွေးကြည့်လေ ကိုယ်လည်း လူထဲကလူ သူတို့ အပြင် သည်းခံစိတ်ရယ် ဆိုပြီး တစ်ထွာပို မပါလာဘူး ။ ကိုယ်က အကောင်းဆုံး ပေးဆပ်နေပါရဲ့ တန်ဖိုးမသိရင် သူ့ ထိုက်နဲ့  သူကံပဲ သေရွာမပါလာသူ အတွက် အကုသိုလ် မများတော့တာ အကောင်းဆုံးပဲ ။
လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ဖန်တီးနေကြရတာ မှန်ပေမဲ့ တခါတလေ သူများဘဝကို ဖန်တီးပေးချင်တဲ့ စေတနာတွေ ပိုခဲ့တယ်။ အတတ်နိုင်ဆုံး အနစ်နာခံပြီး ကူညီပေးခဲ့တယ်။ ဒါကိုမှ ကိုယ့်စေတနာ မေတ္တာကို မကြာမကြာ လိမ်ယူ မကြာမကြာ စော်ကားနေရင် စွန့် လွှတ်လိုက်ပါ။ သူ့ ဘဝနဲ့ သူ ဖန်တီးသွားပါစေ " သူ့ လမ်းသူ လျှောက်သွားပါစေ ။
ကိုယ်ယုံကြည်မိရသူတွေ " ကိုယ်ချစ်ရသူတွေရဲ့ အလိမ်အညာကို ခံရတဲ့အခါ ကမ္ဘာပျက်မတတ် ပူလောင်ခဲ့ရတယ်။ နေ့ ညမှန်းမသိ သောက ရောက်ခဲ့ရတယ် ။
အဲ့ဒီ အချိန်မှာ စိတ်ထဲက ဒေါသ ' သောကတွေကို မလျော့နိုင်ရင်တောင် " ငါ စိတ်ဆင်းရဲနေရသလို သူစိတ်မဆင်းရဲရပါစေနဲ့  "
" ငါ့ ကို လိမ်ညာသွားသလို သူအလိမ်မခံရပါစေနဲ့  "
" ငါမျက်ရည် ကျနေရသလို သူဘယ်တော့မှ မခံစားရပါစေနဲ့  " လို့  သူပေးတဲ့ ဆန့် ကျင်ဖက် တုန့် ပြန်မှုတွေ ပေးကြည့်လိုက် ရင်ထဲပေါ့ပါးလာပါလိမ့်မယ် ။
လူဆိုတာ မွေးလာတော့လည်း တစ်ယောက်ထဲ သေရင်လည်း တစ်ယောက်ထဲလေ ဘယ်အရာကို တွယ်တာလွန်းလို့  မြတ်နိုးလွန်းလို့ ဆိုပြီး ဖက်တွယ်နေရဦးမှာလည်း အဖြေကရှင်းပါတယ်။ စိတ်ကိုသာ နိုင်အောင် ချွန်းအုပ်ထားပါ ။
လောကကြီးထဲ အလကားရတဲ့ မေတ္တာတရားကို လူတိုင်းအတွက် ပေးနိုင်တယ်၊ ပေးလည်းပေးခဲ့တယ် ။ သင်ခန်းစာတွေလည်း ရခဲ့တယ်။ မေတ္တာဆိုတာ တခါတလေ ကိုယ်က အေးမြစေလိုလို့ ပေးခဲ့ပေမဲ့ တန်ဖိုးမသိသူတွေက ပူလောင်သောကတွေ အဖြစ် ပြောင်းလဲပစ်တတ်တယ် ဆိုတာပါပဲ ။
ကိုယ့်မေတ္တာ စေတနာတွေကို ဘယ်လောက်စော်ကား သွားပါစေ။ မခွဲနိုင်အောင် ချစ်ရသူဖြစ်နေရင်တောင် " အရင်ကလည်း ငါတစ်ယောက်ထဲ အခုလည်း တစ်ယောက်ထဲ ကျန်နေတော့ ဘာတွေ ကွာခြားသွားလို့ လည်း မင်းလည်းမင်း ရွေးချယ်သွားတဲ့ ဘဝခရီးမှာ အဆင်ပြေပါစေ " လို့  ရင်ထဲက မေတ္တာအစစ်နဲ့  လှိုက်လှိုက်လှဲလှဲ ခံယူလိုက်တဲ့ အချိန် စွန့် လွှတ်ခြင်း ၊ ခွဲခွာခြင်းတောင် မခက်ခဲစေတော့သလို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ခဲ့တယ်။ စိတ်တွေလည်း အေးချမ်းသွားစေခဲ့ပါတယ် ။
#MayNoe
Post a Comment