ပျော်ရွှင်စရာကောင်းတဲ့ စံပြအိမ်ထောင်ရေးဆိုတာ
===============
အိမ်ထောင်ရေး ဆိုတာမျိုးက ဘောလုံးအသင်း တစ်သင်းလိုပဲ တစ်ယောက်တည်း ကွင်းပတ် ကစားလို့ မရနိုင်ပါဘူး။ လင်နဲ့ မယား အပေးအယူ အချိတ်အဆက် မိမှ သာယာသော အိမ်ထောင်ရေး ဖြစ်လာမှာပါ။ အိမ်ထောင်ဦးစီးကလည်း ငွေကြေး ရှာဖွေပေးရုံနဲ့ မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။ အိမ်ထောင်ဦးစီး တစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ....
၁) အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ
၂) အသုံးနဲ့ အဖြုန်းကို နားလည်တတ်ပါစေ
၃) မိသားစု အတွက် တတ်နိုင်သမျှ အချိန်ပေးပါ
၎) အရက်သေစာ ၊လောင်းကစား ၊ အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ
၅) သားသမီးများကို အချိန်ရရင် ရသလို နွေးထွေးမှုပေးပြီး ဆုံးမပါ
၆) ကိုယ်ကျင့်တရား ကို အတတ်နိုင်ဆုံး လုံခြုံအောင်ထိမ်းပါ
၇) ဘာသာ တရား ကို အစဉ်မပြတ် လေလာလိုက်စားပါ
၈) အသိပညာမြင့်မားအောင် စာဖတ်ပါ
၉) အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်
၁၀) အမြင်ကျယ်ပြီး စိတ်သဘောထား မြင့်မားဖို့ လိုပါတယ်
၁၁) ဇနီးသည်ကို လေးစား တန်ဖိုးထားပါ (ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ သားသမီးနှင့် ပတ်ဝန်းကျင်က လေးစား တန်ဖိုးထားမှာပါ)
၁၂) အလုပ်ရဲ့ ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်
၁၃) တည်ကြည်သောစကား ၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ
၁၄) အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့် စကားကြမ်းကြမ်း ပြောဆိုခြင်း မပြုလုပ်သင့်ပါ
အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ ဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့် "ကိုယ်ကျင့်တရား" လုံခြုံဖို့တော့ လိုတယ်။
အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် "မစ" သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် "မစ" ပေးနိုင်သော အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။ အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ
၁) စည်းကမ်းရှိပါ
၂) နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ
၃) ဖြစ်သလိုမနေသင့်သလို အလွန်အကျွံ အလှအပ မမက်မောသင့်ပါ
၎) အနေအထိုင် အပြောအဆိုသတိထားပါ
၅) ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ
၆) သစ္စာ တရားကို လက်ကိုင်ထားပါ
၇) မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်
၈) ဘာသာ တရား ကို အစဉ်မပြတ် လေ့လာ လိုက်စားပါ။
၉) အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ
၁၀) ဘေးလူပြောစကားထက် ကိုယ့်လင်သားကို ယုံကြည်မှူထားပါ
၁၁) ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှ သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)
၁၂) လင်ယောက်ျားအလုပ် အဆင်ပြေသည်ဖြစ်စေ ၊ မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ
၁၃) ချိုသာသောစကား ၊ နှစ်လိုဖွယ်အပြုံးနဲ့ လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ
၁၄) လင်ယောက်ျားစိတ်ရူပ်နေတဲ့အခါ စကားကို သတိထားပြောပါ
အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့ "အတ္တ"တွေ လျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှူ ၊ နားလည်မှူကို ခိုင်မာအောင်တည်ဆောက် ရတာမျိုးပါ။ အတ္တတွေ လျော့ချပြီးသူ့ဘက် ကိုယ့်ဘက် မျှတအောင် ကြည့်ရူခံစား ပေးခဲ့ရင် "သစ္စာ"တရား ခိုင်မာလာပြီး မေတ္တာတရား လေးနက် လာပါလိမ့်မယ်။ ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ ပျော်စရာ ဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။
လေးစားစွာဖြင့် ♥ ♥ ♥ ဇင်းနစ် မကွေး
Post a Comment