Header Ads

ယောက်ျားကောင်းနဲ့ မိန်းမမြတ် ဆိုတာ 💖


" ယောက်ျားကောင်း ဆိုတာ တာဝန် မယူနိုင်ဘဲနဲ့ ဘယ် မိန်းကလေးကိုမှ မဖျက်စီးတတ်ဘူး။ တစ်ချို့သော ယောက်ျားကောင်းတွေ ဆိုရင် ကိုယ့်ဘဝအတွက် ရည်မှန်းထားတဲ့ မိန်းကလေးရှိနေရင် အခြား မိန်းကလေးရဲ့ အကျီကြယ်သီးကိုတောင် ဖြုတ်ဖို့ အစီအစဉ်​ မရှိကြဘူး။

ယောက်ျားကောင်း ဆိုတာ အခွင့်​အ​ရေး ဘယ်လောက်ပေးပေး ကိုယ်ချစ်ရသူအတွက် မိန်းမ အများကြီးကို ပညာသားပါပါ ရှောင်သွားနိုင်တယ်။ ယောက်ျားကောင်းတို့ မည်သည် ပြောပီးသား စကားကို တာဝန်ယူတတ်ပီး ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကို နောင်တကင်းစွာ ခေါင်းခံတတ်ကြတယ်။ မိန်းမမြတ်ဆိုတာ ထိမ်းကျောင်းပဲ့ကိုင် ပေးနိုင်တဲ့ အုပ်ထိမ်းသူ မရှိရင်တောင် ကိုယ့်ဘဝကို ဘာအကြောင်းနဲ့ဖြစ်ဖြစ် နစ်မွန်းမခံတတ်ကြဘူး။

မိန်းမမြတ်တို့မည်သည် ပညာတတ်ခြင်း မတတ်ခြင်းထက် မိမိကိုယ်ကို တန်ဖိုးထားတတ်ကြပီး အရှက်ကို အသက်ထက် ပိုပီး စောင့်ထိမ်းတတ်ကြတယ်။ မိန်းမကောင်းတွေသည် ယောက်ျားတစ်ယောက်ကို ချစ်တယ်လို့ အဖြေပေးလိုက်တယ် ဆိုတာက သူမဘဝတစ်ခုလုံးကို ထိုယောက်ျားထံ ယုံကြည်စွာအပ်နှံခြင်းပါ။

ပတ္တမြား မှန်ရင် နွံမနစ်တတ်သလို ယောက်ျားကောင်း မိန်းမမြတ် မှန်ရင်လည်း အိမ်တွင်းထဲ ပုန်းနေရင်တောင် တန်ဖိုးသိသူက တန်ဖိုးထား ကြပါလိမ့်မယ်။ လောကကြီးမှာ တန်ရာတန်ရာ ရတတ်ကြပီး လူကောင်းကိုမှ လိုချင်တယ် ဆိုရင် ကိုယ်ကိုယ်တိုင်က မြင့်မြတ်နေဖို့ လိုမယ်ထင်ပါတယ်။

#credit

No comments

Powered by Blogger.