Header Ads

💖 အင်္ဂါသားသမီး စိတ်နေစိတ်ထား


☀☀☀☀☀☀☀☀☀☀
အင်္ဂါ သားသမီး​တွေဟာ များ​သောအားဖြင့်​ စိတ်​သ​ဘောထား ပြည့်​ဝကြတယ်​။ စိတ်​ထား ကောင်းကြတယ်​။

သူ့ရဲ့ ချစ်​သူကို ပျော်​ရွှင်​​အောင် ထားကြတယ်​။ သူ့ ချစ်​သူကို စိတ်​ညစ်​​စေမယ့် အပြုအမူမျိုးကို လုပ်​​လေ့မရှိဘူး။ 

တကယ်​လို့ သူ့ချစ်​သူက အ​ကြောင်း တစ်​ခုခု​ကြောင့် စိတ်​ညစ်​​နေရင်​လည်း ပျော်​ရွှင်​လာ​အောင် ​လုပ်​​ပေးတတ်​ကြတယ်​။ ဒါကလည်း သူတို့ရဲ့ ဗီဇလို့​ ပြောရမှာ​ပေါ့။

အင်္ဂါ သားသမီး​တွေက နည်းနည်း​တော့ စိတ်​ကြီးကြတယ်။ ​ သူတို့ကို မဟုတ်​တာ​​ပြောရင်​ မကြိုက်​ကြဘူး။

စတာပဲ ဖြစ်​ဖြစ်​ အတည်​​ပြောတာပဲြ​ဖစ်​ဖြစ်​ မကြိုက်​ကြဘူး။ ဒါမယ့် စိတ်​တိုတဲ့ အချိန်​ကလည်း နာရီဝက်​​တောင်​ မကြာဘူး။

အချစ်​ကြီး ကြတယ်။ လူတစ်​​ယောက်​ကို ချစ်​ပီ ဆိုရင် ​သူ့ရဲ့ ပစ္စုပ္ပန်​ကို မကြည့်​ဘူး။ ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်​တတ်​ကြတယ်။

သူ့ချစ်​သူရဲ့ အတိတ်​က မ​ကောင်းဘူး ဆိုရင်​​တောင်​ အနာဂတ်​မှာ သူ့ချစ်​သူကို သေချာတိုင်​ပင်​ပြီး ပြုပြင်​​ပေး တတ်​ကြတယ်။

ရုပ်​ရည် အသင့်​အတင့်​ရှိတဲ့ သူကလည်း သူ့ရဲ့ဖက်ရှင် နဲ့တင် ကြွေ​လောက်​တယ်။ ရုပ်​​ချောပီ ဆိုရင်​​တော့ ဘယ်​သူမှ လိုက်​မမှီဘူး။

အင်္ဂါသားသမီး​တွေက အရပ်​အားဖြင့်​ အရမ်းလည်း​ မရှည်​ဘူး။ အရမ်းလည်း မပုကြဘူး၊ အ​နေ​တော်​​လေးနဲ့ ချစ်​စရာ အရမ်း ကောင်းကြတယ်​။

စကား​ပြောတဲ့ အချိန်​တို့ ရယ်​လိုက်​တဲ့ အချိန်​​တွေက​တော့ အင်္ဂါသားသမီး​တွေရဲ့ အလှပဆုံးနဲ့ ချစ်​စရာအ​ကောင်းဆုံး အချိန်​​တွေပါပဲ။

✋ဗေဒင် နှင့် လက္ခဏာ
👉Credit 🏆ဆရာမင်းသူရ 📲ph-09 45 647 1357

No comments

Powered by Blogger.