Header Ads

👧 မိခင်နဲ့တူတဲ့ ချစ်သူကို ပိုင်ဆိုင်ထားလျင် 💖


💓💓💓💓💓💓💓💓💑
ကမ္ဘာပေါ်မှာ မိခင် ဆိုတာ တစ်ယောက်ပဲ ရှိပါတယ်။ သို့သော်လည်း မိခင်နဲ့ တူတဲ့ အမျိုးသမီး တစ်ယောက်ကို သင့်ရဲ့ ဇနီးအဖြစ် သော်လည်းကောင်း၊ ချစ်သူအဖြစ် သော် လည်းကောင်း ရရှိ ပိုင်ဆိုင်ထားတယ် ဆိုရင် အလွန်မှ ကံကောင်းပါပေတယ်။

၁) စိတ်ပူတတ်ခြင်း💘

တစ်စုံတစ်ခု ဆိုရင် မိခင်တစ်ယောက် စိတ်ပူပန်တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန် တတ်ကြပါတယ်။
သူတို့၏ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင် တစ်ယောက်နဲ့ အလားသဏ္ဍန် တူပါပေတယ်။

၂) အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးခြင်း💘

မိမိ၏ ခင်ပွန်းမှာ အခက်အခဲ ဖြစ်နေပြီဆိုရင် အားပေး နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

၃) ကြင်နာ၊ ယုယ မြတ်နိုးခြင်း💘

တစ်ချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ အတိုင်းထက် အလွန် ဖြစ်နေတတ်ပါတယ်။ ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ် ကြင်နာ၊ ယုယမြတ်နိုးခြင်း တွေနဲ့ ဆင်တူပါပေတယ်။


၎) ပေးဆပ်မှုနဲ့သာ ချစ်ခြင်း💘

မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါပါဘူး။ ဒီလိုပဲ မိခင်နဲ့တူသော အမျိုးသမီးတွေဟာလည်း မိမိ၏ အိမ်ထောင်ဘက် အမျိုးသား အပေါ်မှာ ရယူလိုစိတ် မရှိဘဲ ပေးဆပ်မှုနဲ့ ချစ်ကြပါတယ်။


၅) စိတ်ညစ်မှုတွေကို ဖယ်ရှားပေးခြင်း💘

မိမိရဲ့ ခင်ပွန်း တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ် ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားကြတယ်။ မိခင်နဲ့တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း မပျော်တတ်ကြပါဘူး။
💓💓💓💓💓💓💓💓💑

©®[} ~ Ko Soe Gyi

No comments

Powered by Blogger.